ချစ်သူများနေ့အတွက် သတိပေးစာ
ညီမလေး
ညစ်ပေနေတဲ့ အဝတ်အစားကို လျှော်ဖွတ်လို့ရပေမယ့် ၊ညစ်ပတ်သွားတဲ့ ဂုဏ်သိက္ခာကတော့ အလွယ်တကူလျှော်ဖွတ်လို့ မရတဲ့အပြင် ၊မျိုးဆက်သစ်တွေကိုပါ အရောင်စွန်းထင်းလို့ သွားစေနိုင်တယ် !!
မသေချာတဲ့ကံတရားကို ယုံကြည်ပြီး ၊ချစ်တဲ့သူကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတစ်ခုကြောင့် လက်နှီးစုတ်ဘဝကို ရောက်သွားနိုင်ပါတယ် !!
အိုင်ထဲကရေကို သောက်ရေအဖြစ်မသုံးကြသလို သောက်သုံးရေကိုလည်း ခြေမဆေးတတ်ကြပါဘူး !!ကတိတစ်ခုကို လွယ်လွယ်ပေးပြီး အသွေးအသားကို စတေးခိုင်းရင် လှည့်ပြန်ခဲ့လိုက်ပါ ညီမလေး အသည်းကွဲလို့ ဘဝမသေပါဘူး အရှက်ကွဲရင်သာ အသက်ပါ သေသွားနိုင်တယ် !!
မိန်းကလေးတစ်ယောက်ရဲ့ ဘဝက ဘယ်လောက်ပဲပညာတွေတတ်တတ် !! ငွေဘယ်လောက်ပဲချမ်းသာပါစေ !!ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် မထိန်းသိမ်းနိုင်ရင် မတင့်တယ်နိုင်ပါဘူး !!
ကိုယ့်တန်ဖိုးကို ဆင်ခြင်တုံတရားလေးနဲ့ထိမ်းပြီး ၊မေတ္တာစစ်ကို ဂုဏ်သိက္ခာရှိရှိ ပြသနိုင်မှ ပတ္တမြား ကျောက်စီဓါးလို ညီမလေးဘဝ ဧည့်ခန်းမှာ တင့်တယ်ပါလိမ့်မယ် !!!
unicode
ချစ်သူများနေ့အတွက် သတိပေးစာ
ညီမလေး
ခဏတာ သာယာမှုအတွက်နဲ့ တစ်ဘဝစာ ထိမ်းသိမ်းလာတဲ့ အပျိုစင်ဘဝကို ချောကလက်နဲ့ လဲမစားလိုက်နဲ့နော်။
အပျိုစင်ဆိုတာအလွယ်တကူတိုင်းတာလို့ရတဲ့ ကိရိယာမရှိဘူးဆိုပေမယ့်၊ တစ်ဘဝစာတော့ လိပ်ပြာလုံမှာမဟုတ်ပါဘူး !!
အနောက်တိုင်းယဉ်ကျေးမှုကို အားကျမိရင်တော့ အနောက်တိုင်းလို ကိုတို့နိူင်ငံက လက်မခံတတ်ကြဘူးလေ။လူ့သဘာဝက အသစ်အသစ်တွေကိုပဲ စိတ်ဝင်စားတတ်ပြီး ဟောင်းနွမ်း ရိုးအီသွားရင်တော့ချောင်ထိုးသွားတတ်တယ် !!
မျက်နှာသုတ်ပုဝါတစ်ထည်ကို ဘယ်သူကမှ မီးဖိုချောင်မှာ လက်နှီးစုတ်အဖြစ်မသုံးကြသလို လက်နှီးစုတ်ကိုလည်း မျက်နှာသုတ်ပုဝါနေရာမှာ မသုံးကြပါဘူး !!
ပတ္တမြားကျောက်စီဓါးလို ဧည့်ခန်းမှာတင့်တယ်ချင်ရင် ရှိသင့်တဲ့တန်ဖိုးတော့ ရှိနေမှ တင့်တယ်မှာပါနော် !!
ညစ်ပေနေတဲ့ အဝတ်အစားကို လျှော်ဖွတ်လို့ရပေမယ့် ၊ညစ်ပတ်သွားတဲ့ ဂုဏ်သိက္ခာကတော့ အလွယ်တကူလျှော်ဖွတ်လို့ မရတဲ့အပြင် ၊မျိုးဆက်သစ်တွေကိုပါ အရောင်စွန်းထင်းလို့ သွားစေနိူင်တယ် !!
မသေချာတဲ့ကံတရားကို ယုံကြည်ပြီး ၊ချစ်တဲ့သူကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတစ်ခုကြောင့် လက်နှီးစုတ်ဘဝကို ရောက်သွားနိူင်ပါတယ် !!
အိုင်ထဲကရေကို သောက်ရေအဖြစ်မသုံးကြသလို သောက်သုံးရေကိုလည်း ခြေမဆေးတတ်ကြပါဘူး !!ကတိတစ်ခုကို လွယ်လွယ်ပေးပြီး အသွေးအသားကို စတေးခိုင်းရင် လှည့်ပြန်ခဲ့လိုက်ပါ ညီမလေး အသည်းကွဲလို့ ဘဝမသေပါဘူး အရှက်ကွဲရင်သာ အသက်ပါ သေသွားနိူင်တယ် !!
အသွေးအသားကိုရင်းမှ မေတ္တာစစ်ရမယ်ဆိုရင် မေတ္တာစစ်ရမရတော့ မသေချာပါဘူး သေချာတာကတော့ အရှက်နဲ့ ဂုဏ်သိက္ခာ ပွန်းပဲ့ကုန်မယ်ဆိုတာပါပဲ !!
မိန်းကလေးတစ်ယောက်ရဲ့ ဘဝက ဘယ်လောက်ပဲပညာတွေတတ်တတ် !! ငွေဘယ်လောက်ပဲချမ်းသာပါစေ !!ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် မထိန်းသိမ်းနိူင်ရင် မတင့်တယ်နိူင်ပါဘူး !!
ကိုယ့်တန်ဖိုးကို ဆင်ခြင်တုံတရားလေးနဲ့ထိမ်းပြီး ၊မေတ္တာစစ်ကို ဂုဏ်သိက္ခာရှိရှိ ပြသနိူင်မှ ပတ္တမြား ကျောက်စီဓါးလို ညီမလေးဘဝ ဧည့်ခန်းမှာ တင့်တယ်ပါလိမ့်မယ် !!!
CreditOriginalUploader