လောကဓံ
unicode
လောကဓံ
ကောင်းတစ်ခါ ဆိုးတစ်လှည့်နဲ့ ၊ရယ်မောလို့ အားမရသေးခင်မှာမင်း ငါ့ကို ငိုခိုင်းပြန်တယ် ဝမ်းသာလို့ မပြီးသေးခင်မှာ ပဲ ငါ့ကို ဝမ်းနည်းခိုင်းပြန်တယ် မင်း အလိုမကျရင် ပေါ့ !!မင်း အလိုများ ကျလို့တော့လား ဝမ်းနည်းတဲ့ အခါမှာလဲ ဝမ်းသာစရာတွေနဲ့ တွေ့ပေးပြန်တယ် !!
စိတ်ဓာတ်ကျနေတဲ့ အခါမှာလည်း အားတတ်စရာတွေနဲ့ ပေးတွေ့ပြန်ရော လောကဓံ မင်းဟာလေ ၊ချစ်စရာလဲကောင်း မုန်းစရာလဲတယ်ကောင်းပါလား ကွာ !!
မင်းကို ငြီးတွားပြီး အပြစ်ပုံချမယ်လုပ်တော့ မင်းက ကောင်းသွားပြန် ရောတစ်ခါချီးကျုးလို့ မဆုံးခင် မင်းက ဆိုးသွားပြန်ရော ကွာ !!
မင်းအကြောင်း မသိတဲ့ မနုဿတွေတော့ မင်းပြုသမျှ နုကြရတာပေါ့ !!ငါကတော့ လား မင်းပညာပြတာ များအားကြီးလို့ မင်းလှည့်ကွက်ကို သိနေပြီလေ !!
ကြိုက်ရာ နည်းလမ်းနဲ့ ချီတတ်လာခဲ့ လောကဓံ မင်း ငါ့ကိုဝမ်းသာစရာတွေနဲ့ ပေးတွေ့လည်း ငါ သတိထားပြီး ဝမ်းသာမယ် !!
ဝမ်းနည်းစရာတွေနဲ့ ပေးတွေ့လည်း ငါ သတိနဲ့ ပူဆွေးမယ် ဒါဆိုရငဘာများ မင်း တတ်နိုင်ဦးမှာလဲ လောကဓံ လောကဓံ !!
CreditOriginalUploader