ဘီလီယံနာကြီး သူဌေးကြီး တစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေလိုအပ်တယ်လို့ ယူဆထားကြပါသလဲ..?ချမ်းသာတဲ့ ဘက်ဂရောင်းအသိုင်းအဝိုင်း ရှိဖို့လိုပါသလား..?MBA, PhD စတဲ့ အဆင့်မြင့်ပညာတွေ ဘွဲ့တွေ ရထားဖို့ လိုအပ်ပါသလား..?
အင်္ဂလန်နိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းရှင် “ဂျပ်ဖ် ပီယာစီ (Jeff Pearce)” ဟာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ပြီး စာတစ်လုံးမှလည်း မရေးတတ် မဖတ်တတ်ပဲ ဘီလီယံနာသူဌေးကြီး ဘဝကို နှစ်ကြိမ်တိုင်တိုင် ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။
တစ်ကယ်တော့ သူ့ရဲ့နာမည်အရင်းက “Jeff” မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ပထမနာမည်ကို သူကိုယ်တိုင် စာလုံးမပေါင်းတတ်တဲ့အတွက် လွယ်ကူအောင် “Jeff” လို့ မိဘတွေက ပြန်ပြောင်းပေးခဲ့ရတာပါ။
“Jeff” ကို ၁၉၅၀ ခုနှစ်များက အင်္ဂလန်နိုင်ငံ လီဗာပူးလ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့တို့ မိသားစုတွေဟာ အရမ်းကို ဆင်းရဲခဲ့ကြပါတယ်။ “Jeff” ရဲ့ အဖေက တက္ကစီမောင်းသူဖြစ်ပြီး သူရတဲ့ပိုက်ဆံတွေ အားလုံးကို အရက်ဆိုင်မှာပဲ သုံးဖြုန်းပစ်ပါတယ်။ (နောက်ပိုင်းတော့ အမြင်မှန်ရပြီး လိမ္မာသွားပါတယ်)
တစ်ခါတစ်ရံ အိမ်က သားသမီးတွေစားစရာမရှိလို့ အမေဖြစ်သူက သူများဆိုင်ကနေ ပေါင်မုန်တွေခိုးပြီး ကျွေးခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။
Jeff ရဲ့ မိဘများ
“Jeff” ကျောင်းနေတဲ့အရွယ်မှာ စာလုံးဝ မလိုက်နိုင်တာကြောင့် ဆရာဆရာမတွေက သူ့ကို သုံးစားလို့မရတဲ့ ကလေးတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အမှန်တော့ “Jeff” ဟာ ‘ဒိုင်လက်ခ်စီးယား’ လို့ခေါ်တဲ့ စာလုံးတွေကို မမှတ်မိတတ်တဲ့ မွေးရာပါ စာသင်ရခက်တဲ့ ရောဂါကို ခံစားနေရတဲ့ကလေးဖြစ်ပါတယ်၊ အဲဒီခေတ်ကာလက ဒီရောဂါအကြောင်းကို လူတွေက သိပ်မသိကြသေးပါဘူး။
“Jeff” က စာသင်လို့ မရပေမယ့် အရောင်းအဝယ်ဘက်မှာတော့ ပါရမီရှိတယ်လို့ ဆိုရပါမယ်။ သူ အသက် ၅ နှစ်လောက်ထဲက အမေနဲ့အတူ တစ်အိမ်တက်ဆင်း တံခါးခေါက်ပြီး တပတ်ရစ် အဝတ်ဟောင်းလေးတွေကို လိုက်ရောင်းခဲ့ပါတယ်။ အဲဒီအတွေ့အကြုံတွေကနေ လူတွေရဲ့ လိုအပ်ချက်ကို သိလာပြီး စီးပွားရှာလို့ရမယ့် နည်းလမ်းတွေကို သူမြင်လာခဲ့ပါတယ်။
သူ့အသက် ၁၄ နှစ်မှာတော့ စာသင်လို့ မရနိုင်တဲ့အတွက် ကျောင်းထုတ်ခံလိုက်ရပါတယ်။ စာဆိုလို့ ကိုယ့်နာမည်တောင် ကိုယ်ပြန်မရေးတတ်တဲ့ အခြေအနေမှာ “Jeff” ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ရည်မှန်းချက်ကို စိတ်မလျှော့ပဲ ကြိုးစားလာခဲ့ရာ ၁၉၈၃ ခုနှစ်မှာတော့ အဝတ်ထည်ဆိုင် သေးသေးလေးတစ်ခုကို ပိုင်ဆိုင်နေပါပြီ။
သူ့ရဲ့ဆိုင်မှာ လယ်သာဘောင်းဘီရှည်တွေကို ဈေးချိုချိုနဲ့ ပြန်ရောင်းတဲ့အတွက် လူကြိုက်များလာခဲ့ပါတယ်။ ဒီအကြောင်းကို သတင်းစာခေါင်းကြီးပိုင်းမှာ သတင်းအနေနဲ့ ဖော်ပြခံခဲ့ရတဲ့အတွက် ပိုပြီး အောင်မြင်လာခဲ့ပါတယ်။
သူ စာရေးဖို့ အခက်အခဲကြုံလာတိုင်း အမေက သူ့ကိုယ်စား ကူညီပြီးရေးပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အသက် ၃၀ မပြည့်ခင်မှာပဲ မီလီယံနာ လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
သူ့အသက် ၂၁ နှစ်မှာ မိခင် ဆုံးပါးသွားတဲ့အတွက် သူ့အပေါ် နားအလည်ဆုံးသူ တစ်ယောက် ဆုံရှုံးခဲ့ရပါတယ်။ နောက်ထပ်တစ်နှစ်လောက်အကြာမှာတော့ “ဂျီနာ” ဆိုတဲ့ အမျိုးသမီးနဲ့ ဆုံမိပြီး အိမ်ထောင်ပြုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ “ဂျီနာ” က သူ့အတွက် သူ့ရဲ့မိခင်လိုပဲ သူ့အပေါ်နားလည်ပြီး သူလိုအပ်တဲ့အခါ သူ့ကိုယ်စား စာတွေရေးပေးတဲ့ လက်တစ်ဖက် ဖြစ်လာခဲ့ပါတယ်။
သူ့အသက် ၄၀ ဝန်းကျင်မှာ ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ကြုံလိုက်ရတာကြောင့် လုပ်ငန်းတွေပျက်ပြီး လူမွဲတစ်ယောက် ပြန်ဖြစ်သွားပါတယ်။ အရင်လိုပဲ ဈေးထဲမှာ အဝတ်အထည်တွေ ပြန်ရောင်းရတဲ့ဘဝကို ရောက်သွားခဲ့ပါတယ်။
ဒါပေမယ့် ဘဝကိုအရှုံးမပေးခဲ့ပါဘူး။ ဒီတစ်ခါတော့ ဈေးထဲမှာ အထည်ဟောင်းတွေ မရောင်းတော့ပဲ အမျိုးသမီးဝတ် ဖက်ရှင်အဝတ်အထည်တွေကို ရောင်းချခဲ့ပါတယ်။
ဈေးကွက်အခြေအနေကို ကောင်းကောင်းနားလည်းပြီး စီးပွားရေးကောင်းလာခဲ့ပေမယ့် ကိုယ်ပိုင်ဆိုင် ပြန်ဖွင့်ဖို့ ငွေကြေး အခက်အခဲဖြစ်နေပါတယ်။
လီဗာပူးလ်မြို့လည်က စီးပွားရေအချက်အချာကျတဲ့နေရာမှာ သူသဘောကျနေတဲ့ ဆိုင်ခန်းတစ်ခန်းကို တွေ့ထားပါတယ်။ အနီးနားမှာလည်း အဝတ်အထည်ရောင်းတဲ့ ဆိုင်ကြီးတွေရှိပါတယ်။
သူ့လက်ထဲမှာ စတာလင်ပေါင် ၅၀၀၀ ပဲရှိပြီး အဲဒီအခန်းကို ငှားနိုင်ဖို့ဆိုရင် သူမှာ နောက်ထပ် ပေါင် ၁၅၀,၀၀ လောက် လိုနေပါတယ်။ ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲဆိုတာ သူ့ရဲ့ အရောင်းမန်နေဂျာ၊ စာရင်းကိုင်နဲ့ ဘဏ်မန်နေဂျာတို့နဲ့ တိုင်ပင်ခဲ့ပါတယ်။
သူတို့အားလုံးက လုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြီး မလုပ်ဖို့ ကန့်ကွက်ကြပါတယ်။ ဒီအကြောင်းကို ဘယ်သူနဲ့ပဲ တိုင်ပင်တိုင်ပင် ရှေ့မဆက်ဖို့ပဲ အကြံပေးကြပါတယ်။
နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိနေတဲ့ “Jeff” ကို ယောက္ခမဖြစ်သူက ၂၅ နှစ်လုံးလုံး အကြွေးဆပ်ပြီးမှ ပိုင်ဆိုင်ခဲ့ရတဲ့ သူတို့ရဲ့အိမ်စာချုပ်ကို ယုံယုံကြည်ကြည်နဲ့ ထုတ်ပေးလိုက်ပါတယ်။ စာချုပ်ကို ဘဏ်မှာအပေါင်ထားပြီး လိုတဲ့ငွေချေးဖို့ ဖြစ်ပါတယ်။
အဲဒီကနေ သူ့ရဲ့ရည်မှန်းချက်အတိုင်း ဖက်ရှင်အဝတ်အထည်တွေရောင်းချတဲ့ စီးပွားရေးလုပ်ငန်းသစ်တစ်ခု ပြန်စခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်အကြာမှာတော့ ဘီလီယံနာတစ်ယောက် ဘဝကို ဒုတိယအကြိမ် ပြန်ရောက်လာခဲ့ပါတယ်။ “ဂျပ်ဖ် ပီယာစီ” ကို ၁၉၉၂ ခုနှစ်မှာ လစ်ဗာပူးလ်က တစ်နှစ်တာအတွက် အကောင်းဆုံး စီးပွားရေးသမားဆု ချီးမြှင့်ခဲ့ပါတယ်။
မိတ်ဆွေအပေါင်းအသင်းတွေက သူရဲ့ဘဝအတွေ့အကြုံတွေကို စာအုပ်ထုတ်ဖို့အကြံပေးကြတဲ့အတွက် သူကိုယ်တိုင်ရေးဖို့ ဆုံးဖြတ်ပြီး စာရေး စာဖတ်ပြန်သင်ခဲ့ပါသေးတယ်။
ညနေပိုင်းအတန်းတွေ လိုက်တတ်၊ သီးသန့်ဆရာတွေ ခေါ်ပြီး သင်ကြားခဲ့ပေမယ့် သူ့ရဲ့မွေးရာပါ ရောဂါကြောင့် စာသင်လို့ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ “Jeff” က သူ့ကိုယ်စား စာရေးပေးမယ့် ရှဲဒိုးစာရေးဆရာတစ်ယောက် ငှားပြီး စာအုပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။
“A Pocketful of Holes and Dreams” စာအုပ်ဟာ ထွက်ပြီးပြီးခြင်းမှာတင် ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပါတယ်။
စာတစ်လုံးမှ မရေးတတ် မဖတ်တတ်ပဲ ဘီလီယံနာတစ်ယောက် ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ “Jeff” ဟာ သူ့သမီးနှစ်ယောက်က အိမ်ယာဝင်ပုံပြင်စာအုပ်တွေ ဖတ်ပြခိုင်းတိုင်း အိမ်အောက်ထပ်ကိုဆင်းပြီး မကြာခဏ ငိုခဲ့ရပါတယ်။
သူစာမတတ်တဲ့အကြောင်းကို လင်မယားနှစ်ယောက်စလုံးက သမီးတွေကို မသိစေခဲ့ပါဘူး။
သူ့စာအုပ်ထွက်လာပြီးတဲ့အခါ သမီးတွေက ဖတ်မိသွားပါတယ်။ အဲဒီအခါကျမှ အဖြစ်မှန်အားလုံးကို သိသွားပြီး သူတို့အဖေအတွက် အရမ်းကိုအံ့သြဝမ်းသာ ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြပါတယ်။
“ဂျပ်ဖ် ပီယာစီ” က သူ့လိုမျိုး စာမရေးတတ် မဖတ်တတ်၊ ကိုယ့်နာမည်တောင် စာလုံးမပေါင်းတတ်ဘဲနဲ့ ဘီလီယံနာ ဖြစ်ခဲ့သေးရင် လူတိုင်းမှာ အောင်မြင်ချမ်းသာတဲ့ပုဂ္ဂိုလ် ဖြစ်လာဖို့အတွက် အခွင့်အရေးရှိပါတယ်၊ အရေးကြီးတာ ရည်းမှန်းချက်ထားဖို့ပဲလိုပါတယ်လို့ ဆိုပါတယ်။
Credit
zawgyi
ဘီလီယံနာႀကီး သူေဌးႀကီး တစ္ေယာက္ျဖစ္ဖို႔ဆိုရင္ ဘာေတြလိုအပ္တယ္လို႔ ယူဆထားၾကပါသလဲ..?ခ်မ္းသာတဲ့ ဘက္ဂေရာင္းအသိုင္းအဝိုင္း ရွိဖို႔လိုပါသလား..?MBA, PhD စတဲ့ အဆင့္ျမင့္ပညာေတြ ဘြဲ႕ေတြ ရထားဖို႔ လိုအပ္ပါသလား..?
အဂၤလန္ႏိုင္ငံက စြန႔္ဦးတီထြင္ လုပ္ငန္းရွင္ “ဂ်ပ္ဖ္ ပီယာစီ (Jeff Pearce)” ဟာ ဆင္းဆင္းရဲရဲနဲ႔ ေမြးဖြားလာခဲ့ၿပီး စာတစ္လုံးမွလည္း မေရးတတ္ မဖတ္တတ္ပဲ ဘီလီယံနာသူေဌးႀကီး ဘဝကို ႏွစ္ႀကိမ္တိုင္တိုင္ ျပန္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့သူျဖစ္ပါတယ္။
တစ္ကယ္ေတာ့ သူ႔ရဲ႕နာမည္အရင္းက “Jeff” မဟုတ္ခဲ့ပါဘူး။ သူ႔ရဲ႕ ပထမနာမည္ကို သူကိုယ္တိုင္ စာလုံးမေပါင္းတတ္တဲ့အတြက္ လြယ္ကူေအာင္ “Jeff” လို႔ မိဘေတြက ျပန္ေျပာင္းေပးခဲ့ရတာပါ။
“Jeff” ကို ၁၉၅၀ ခုႏွစ္မ်ားက အဂၤလန္ႏိုင္ငံ လီဗာပူးလ္မွာ ေမြးဖြားခဲ့ပါတယ္။ သူ႔တို႔ မိသားစုေတြဟာ အရမ္းကို ဆင္းရဲခဲ့ၾကပါတယ္။ “Jeff” ရဲ႕ အေဖက တကၠစီေမာင္းသူျဖစ္ၿပီး သူရတဲ့ပိုက္ဆံေတြ အားလုံးကို အရက္ဆိုင္မွာပဲ သုံးျဖဳန္းပစ္ပါတယ္။ (ေနာက္ပိုင္းေတာ့ အျမင္မွန္ရၿပီး လိမၼာသြားပါတယ္)
တစ္ခါတစ္ရံ အိမ္က သားသမီးေတြစားစရာမရွိလို႔ အေမျဖစ္သူက သူမ်ားဆိုင္ကေန ေပါင္မုန္ေတြခိုးၿပီး ေကြၽးခဲ့ရတဲ့ အခ်ိန္ေတြလည္း ရွိခဲ့ဖူးပါတယ္။
Jeff ရဲ႕ မိဘမ်ား
“Jeff” ေက်ာင္းေနတဲ့အ႐ြယ္မွာ စာလုံးဝ မလိုက္ႏိုင္တာေၾကာင့္ ဆရာဆရာမေတြက သူ႔ကို သုံးစားလို႔မရတဲ့ ကေလးတစ္ေယာက္အျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။
အမွန္ေတာ့ “Jeff” ဟာ ‘ဒိုင္လက္ခ္စီးယား’ လို႔ေခၚတဲ့ စာလုံးေတြကို မမွတ္မိတတ္တဲ့ ေမြးရာပါ စာသင္ရခက္တဲ့ ေရာဂါကို ခံစားေနရတဲ့ကေလးျဖစ္ပါတယ္၊ အဲဒီေခတ္ကာလက ဒီေရာဂါအေၾကာင္းကို လူေတြက သိပ္မသိၾကေသးပါဘူး။
“Jeff” က စာသင္လို႔ မရေပမယ့္ အေရာင္းအဝယ္ဘက္မွာေတာ့ ပါရမီရွိတယ္လို႔ ဆိုရပါမယ္။ သူ အသက္ ၅ ႏွစ္ေလာက္ထဲက အေမနဲ႔အတူ တစ္အိမ္တက္ဆင္း တံခါးေခါက္ၿပီး တပတ္ရစ္ အဝတ္ေဟာင္းေလးေတြကို လိုက္ေရာင္းခဲ့ပါတယ္။ အဲဒီအေတြ႕အႀကဳံေတြကေန လူေတြရဲ႕ လိုအပ္ခ်က္ကို သိလာၿပီး စီးပြားရွာလို႔ရမယ့္ နည္းလမ္းေတြကို သူျမင္လာခဲ့ပါတယ္။
သူ႔အသက္ ၁၄ ႏွစ္မွာေတာ့ စာသင္လို႔ မရႏိုင္တဲ့အတြက္ ေက်ာင္းထုတ္ခံလိုက္ရပါတယ္။ စာဆိုလို႔ ကိုယ့္နာမည္ေတာင္ ကိုယ္ျပန္မေရးတတ္တဲ့ အေျခအေနမွာ “Jeff” ဘာလုပ္လို႔ လုပ္ရမွန္းမသိ ျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ သူ႔ရဲ႕ရည္မွန္းခ်က္ကို စိတ္မေလွ်ာ့ပဲ ႀကိဳးစားလာခဲ့ရာ ၁၉၈၃ ခုႏွစ္မွာေတာ့ အဝတ္ထည္ဆိုင္ ေသးေသးေလးတစ္ခုကို ပိုင္ဆိုင္ေနပါၿပီ။
သူ႔ရဲ႕ဆိုင္မွာ လယ္သာေဘာင္းဘီရွည္ေတြကို ေဈးခ်ိဳခ်ိဳနဲ႔ ျပန္ေရာင္းတဲ့အတြက္ လူႀကိဳက္မ်ားလာခဲ့ပါတယ္။ ဒီအေၾကာင္းကို သတင္းစာေခါင္းႀကီးပိုင္းမွာ သတင္းအေနနဲ႔ ေဖာ္ျပခံခဲ့ရတဲ့အတြက္ ပိုၿပီး ေအာင္ျမင္လာခဲ့ပါတယ္။
သူ စာေရးဖို႔ အခက္အခဲႀကဳံလာတိုင္း အေမက သူ႔ကိုယ္စား ကူညီၿပီးေရးေပးခဲ့ပါတယ္။ ဒီလိုနဲ႔ သူ႔အသက္ ၃၀ မျပည့္ခင္မွာပဲ မီလီယံနာ လုပ္ငန္းရွင္ တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။
သူ႔အသက္ ၂၁ ႏွစ္မွာ မိခင္ ဆုံးပါးသြားတဲ့အတြက္ သူ႔အေပၚ နားအလည္ဆုံးသူ တစ္ေယာက္ ဆုံရႈံးခဲ့ရပါတယ္။ ေနာက္ထပ္တစ္ႏွစ္ေလာက္အၾကာမွာေတာ့ “ဂ်ီနာ” ဆိုတဲ့ အမ်ိဳးသမီးနဲ႔ ဆုံမိၿပီး အိမ္ေထာင္ျပဳခဲ့ပါတယ္။
အဲဒီေနာက္ပိုင္းမွာေတာ့ “ဂ်ီနာ” က သူ႔အတြက္ သူ႔ရဲ႕မိခင္လိုပဲ သူ႔အေပၚနားလည္ၿပီး သူလိုအပ္တဲ့အခါ သူ႔ကိုယ္စား စာေတြေရးေပးတဲ့ လက္တစ္ဖက္ ျဖစ္လာခဲ့ပါတယ္။
သူ႔အသက္ ၄၀ ဝန္းက်င္မွာ ကမာၻ႔စီးပြားပ်က္ကပ္နဲ႔ ႀကဳံလိုက္ရတာေၾကာင့္ လုပ္ငန္းေတြပ်က္ၿပီး လူမြဲတစ္ေယာက္ ျပန္ျဖစ္သြားပါတယ္။ အရင္လိုပဲ ေဈးထဲမွာ အဝတ္အထည္ေတြ ျပန္ေရာင္းရတဲ့ဘဝကို ေရာက္သြားခဲ့ပါတယ္။
ဒါေပမယ့္ ဘဝကိုအရႈံးမေပးခဲ့ပါဘူး။ ဒီတစ္ခါေတာ့ ေဈးထဲမွာ အထည္ေဟာင္းေတြ မေရာင္းေတာ့ပဲ အမ်ိဳးသမီးဝတ္ ဖက္ရွင္အဝတ္အထည္ေတြကို ေရာင္းခ်ခဲ့ပါတယ္။
ေဈးကြက္အေျခအေနကို ေကာင္းေကာင္းနားလည္းၿပီး စီးပြားေရးေကာင္းလာခဲ့ေပမယ့္ ကိုယ္ပိုင္ဆိုင္ ျပန္ဖြင့္ဖို႔ ေငြေၾကး အခက္အခဲျဖစ္ေနပါတယ္။
လီဗာပူးလ္ၿမိဳ႕လည္က စီးပြားေရအခ်က္အခ်ာက်တဲ့ေနရာမွာ သူသေဘာက်ေနတဲ့ ဆိုင္ခန္းတစ္ခန္းကို ေတြ႕ထားပါတယ္။ အနီးနားမွာလည္း အဝတ္အထည္ေရာင္းတဲ့ ဆိုင္ႀကီးေတြရွိပါတယ္။
သူ႔လက္ထဲမွာ စတာလင္ေပါင္ ၅၀၀၀ ပဲရွိၿပီး အဲဒီအခန္းကို ငွားႏိုင္ဖို႔ဆိုရင္ သူမွာ ေနာက္ထပ္ ေပါင္ ၁၅၀,၀၀ ေလာက္ လိုေနပါတယ္။ ဒီကိစၥကို ဘယ္လိုလုပ္ရမလဲဆိုတာ သူ႔ရဲ႕ အေရာင္းမန္ေနဂ်ာ၊ စာရင္းကိုင္နဲ႔ ဘဏ္မန္ေနဂ်ာတို႔နဲ႔ တိုင္ပင္ခဲ့ပါတယ္။
သူတို႔အားလုံးက လုပ္ငန္းႀကီးေတြနဲ႔ ယွဥ္ၿပီး မလုပ္ဖို႔ ကန႔္ကြက္ၾကပါတယ္။ ဒီအေၾကာင္းကို ဘယ္သူနဲ႔ပဲ တိုင္ပင္တိုင္ပင္ ေရွ႕မဆက္ဖို႔ပဲ အႀကံေပးၾကပါတယ္။
ေနာက္ဆုံးမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခ်က္ အျပည့္ရွိေနတဲ့ “Jeff” ကို ေယာကၡမျဖစ္သူက ၂၅ ႏွစ္လုံးလုံး အေႂကြးဆပ္ၿပီးမွ ပိုင္ဆိုင္ခဲ့ရတဲ့ သူတို႔ရဲ႕အိမ္စာခ်ဳပ္ကို ယုံယုံၾကည္ၾကည္နဲ႔ ထုတ္ေပးလိုက္ပါတယ္။ စာခ်ဳပ္ကို ဘဏ္မွာအေပါင္ထားၿပီး လိုတဲ့ေငြေခ်းဖို႔ ျဖစ္ပါတယ္။
အဲဒီကေန သူ႔ရဲ႕ရည္မွန္းခ်က္အတိုင္း ဖက္ရွင္အဝတ္အထည္ေတြေရာင္းခ်တဲ့ စီးပြားေရးလုပ္ငန္းသစ္တစ္ခု ျပန္စခဲ့ပါတယ္။ ေနာက္ထပ္ ၄ ႏွစ္အၾကာမွာေတာ့ ဘီလီယံနာတစ္ေယာက္ ဘဝကို ဒုတိယအႀကိမ္ ျပန္ေရာက္လာခဲ့ပါတယ္။ “ဂ်ပ္ဖ္ ပီယာစီ” ကို ၁၉၉၂ ခုႏွစ္မွာ လစ္ဗာပူးလ္က တစ္ႏွစ္တာအတြက္ အေကာင္းဆုံး စီးပြားေရးသမားဆု ခ်ီးျမႇင့္ခဲ့ပါတယ္။
မိတ္ေဆြအေပါင္းအသင္းေတြက သူရဲ႕ဘဝအေတြ႕အႀကဳံေတြကို စာအုပ္ထုတ္ဖို႔အႀကံေပးၾကတဲ့အတြက္ သူကိုယ္တိုင္ေရးဖို႔ ဆုံးျဖတ္ၿပီး စာေရး စာဖတ္ျပန္သင္ခဲ့ပါေသးတယ္။
ညေနပိုင္းအတန္းေတြ လိုက္တတ္၊ သီးသန႔္ဆရာေတြ ေခၚၿပီး သင္ၾကားခဲ့ေပမယ့္ သူ႔ရဲ႕ေမြးရာပါ ေရာဂါေၾကာင့္ စာသင္လို႔ မရခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ “Jeff” က သူ႔ကိုယ္စား စာေရးေပးမယ့္ ရွဲဒိုးစာေရးဆရာတစ္ေယာက္ ငွားၿပီး စာအုပ္ထုတ္ေဝႏိုင္ခဲ့ပါတယ္။
“A Pocketful of Holes and Dreams” စာအုပ္ဟာ ထြက္ၿပီးၿပီးျခင္းမွာတင္ ေရာင္းအားအေကာင္းဆုံး စာအုပ္တစ္အုပ္ျဖစ္လာခဲ့ပါတယ္။
စာတစ္လုံးမွ မေရးတတ္ မဖတ္တတ္ပဲ ဘီလီယံနာတစ္ေယာက္ ျဖစ္လာေအာင္ ႀကိဳးစားႏိုင္ခဲ့တဲ့ “Jeff” ဟာ သူ႔သမီးႏွစ္ေယာက္က အိမ္ယာဝင္ပုံျပင္စာအုပ္ေတြ ဖတ္ျပခိုင္းတိုင္း အိမ္ေအာက္ထပ္ကိုဆင္းၿပီး မၾကာခဏ ငိုခဲ့ရပါတယ္။
သူစာမတတ္တဲ့အေၾကာင္းကို လင္မယားႏွစ္ေယာက္စလုံးက သမီးေတြကို မသိေစခဲ့ပါဘူး။
သူ႔စာအုပ္ထြက္လာၿပီးတဲ့အခါ သမီးေတြက ဖတ္မိသြားပါတယ္။ အဲဒီအခါက်မွ အျဖစ္မွန္အားလုံးကို သိသြားၿပီး သူတို႔အေဖအတြက္ အရမ္းကိုအံ့ၾသဝမ္းသာ ဂုဏ္ယူမဆုံး ျဖစ္ခဲ့ၾကပါတယ္။
“ဂ်ပ္ဖ္ ပီယာစီ” က သူ႔လိုမ်ိဳး စာမေရးတတ္ မဖတ္တတ္၊ ကိုယ့္နာမည္ေတာင္ စာလုံးမေပါင္းတတ္ဘဲနဲ႔ ဘီလီယံနာ ျဖစ္ခဲ့ေသးရင္ လူတိုင္းမွာ ေအာင္ျမင္ခ်မ္းသာတဲ့ပုဂၢိဳလ္ ျဖစ္လာဖို႔အတြက္ အခြင့္အေရးရွိပါတယ္၊ အေရးႀကီးတာ ရည္းမွန္းခ်က္ထားဖို႔ပဲလိုပါတယ္လို႔ ဆိုပါတယ္။
Credit