တပို့တွဲလအတွက် အကောင်းဆုံးယတြာ (1.2.2022) မှ (1.3.2022)အထိ တစ်လတာလုံး…

တပို့တွဲလအတွက် အကောင်းဆုံးယတြာ

တပို့တွဲလဆန်း(၁)ရက်နေ့ (1.2.2022) မှ တပို့တွဲလကွယ်(1.3.2022)အထိ တစ်လတာလုံး

“​ကြွေပန်းကန်ပြားတစ်ချပ်ထဲတွင် အနာအဆာကင်း၍သန့်စင်ထားသော ကွမ်းရွက်အသန့်နှစ်ရွက် တို့ကို ပုံပါအတိုင်း ဖြန့်ခင်း‌ပေးလိုက်ပါ။

ထိုနောက် ကွမ်းရွက် တစ်ရွက်ပေါ်တွင် ဆန်အနည်းငယ် တင်ပေးရမည်။

နောက်ထပ်ကျန်ရှိနေသော ကွမ်းရွက်တစ်ရွက်ပေါ်မူ သကြားအနည်းငယ် ကို တင်ပေးလိုက်ရပါမည်။”

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ မြတ်စွာဘုရားရှင်အား‌ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် ‌သံပုရာရည်တစ်ခွက်စီ ကိုနေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်ပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။

ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။ နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။

ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်

ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်

ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၂၁ခေါက်

တပို့တွဲလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=အရှေ့မြောက်အရပ်

တနင်္လာနေ့=နောက်အရပ်

အင်္ဂါနေ့=အရှေ့တောင်အရပ်

ဗုဒ္ဓဟူးနေ့=တောင်အရပ်

ကြာသပတေးနေ့=မြောက်အရပ်

သောကြာနေ့=အရှေ့အရပ်

စနေနေ့=အနောက်တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ

ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခု တပို့တွဲလ တစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို (၂)ရက်လျှင် တစ်ကြိမ်စီ အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ ပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် တပို့တွဲလ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။

ယတြာလုပ်ဆောင်ပြီး ပြန်လည်ချီးမြှင့်ထားသော ကွမ်းရွက် နှစ်ရွက်စလုံးကို အဆင်ပြေသလို စွန့်ပါ။ ဆန်များကို ခိုစာ၊ငှက်စာအဖြစ် ကျွေးပေးလိုက်ပါ။

သကြားများကို ပိုးပုရွက်စာအဖြစ် ဒါနပြုလိုက်ပါ။

ဤယတြာကို တပို့တွဲလ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ဤယတြာအစီအရင်သည် ရိုးရှင်း၍ အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက တပို့တွဲလတစ်လတာလုံး အတွင်း၌ မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။

ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်

ဆရာပေါက်ကျိုင်း 09776478912

 

Zawgyi

တပို႔တြဲလအတြက္ အေကာင္းဆုံးယၾတာ

တပို႔တြဲလဆန္း(၁)ရက္ေန႔ (1.2.2022) မွ တပို႔တြဲလကြယ္(1.3.2022)အထိ တစ္လတာလုံး

“​ေႂကြပန္းကန္ျပားတစ္ခ်ပ္ထဲတြင္ အနာအဆာကင္း၍သန႔္စင္ထားေသာ ကြမ္း႐ြက္အသန႔္ႏွစ္႐ြက္ တို႔ကို ပုံပါအတိုင္း ျဖန႔္ခင္း‌ေပးလိုက္ပါ။

ထိုေနာက္ ကြမ္း႐ြက္ တစ္႐ြက္ေပၚတြင္ ဆန္အနည္းငယ္ တင္ေပးရမည္။

ေနာက္ထပ္က်န္ရွိေနေသာ ကြမ္း႐ြက္တစ္႐ြက္ေပၚမူ သၾကားအနည္းငယ္ ကို တင္ေပးလိုက္ရပါမည္။”

ဤယၾတာကို ဘုရားေက်ာင္းေဆာင္ ေပၚသို႔တင္၍ ျမတ္စြာဘုရားရွင္အား‌ လႉဒါန္းေပး‌ထားရပါမည္။

ယခုလတစ္လတာတြင္ ‌သံပုရာရည္တစ္ခြက္စီ ကိုေန႔စဥ္ျမတ္စြာဘုရားရွင္အား ကပ္ေပးေနျခင္းျဖင့္လည္းမိမိအတြက္ထူးျခားမႉျဖစ္စဥ္မ်ားေကာင္းက်ိဳးမ်ားစြာကိုလည္း ရရွိခံစား‌ေနရမည္ျဖစ္သည္။

ကံေခ်ကန္ေတာ့ျခင္းကို လုပ္ေဆာင္ဖို႔ရန္ မေမ့ပါႏွင့္။ ေန႔စဥ္ေအာက္ေဖာ္ျပပါဂုဏ္ေတာ္မ်ားကို႐ြတ္ဖတ္ပါ။

ဣတိပိေသာဘဂဝါ အရဟံ=၁၅ေခါက္

ဣတိပိေသာဘဂဝါ သမၼာသံဗုေဒၶါ=၈ေခါက္

ဣတိပိေသာဘဂဝါ သတၱာေဒဝမႏုႆာနံ=၂၁ေခါက္

တပို႔တြဲလအတြက္ေန႔စဥ္လာဘ္ပြင့္အရပ္မ်က္ႏွာမ်ား

တနဂၤေႏြေန႔=အေရွ႕ေျမာက္အရပ္

တနလၤာေန႔=ေနာက္အရပ္

အဂၤါေန႔=အေရွ႕ေတာင္အရပ္

ဗုဒၶဟူးေန႔=ေတာင္အရပ္

ၾကာသပေတးေန႔=ေျမာက္အရပ္

ေသာၾကာေန႔=အေရွ႕အရပ္

စေနေန႔=အေနာက္ေတာင္အရပ္

အထက္ပါအတိုင္းေန႔အလိုက္ေန႔စဥ္အရပ္မ်က္ႏွာမူ

ဧဟိလာဘံ ဟူ၍(၂၇)ေခါက္တိတိ႐ြတ္ေပးရပါမည္။

ဆုေတာင္းစာ

“အကြၽႏ္ုပ္ႏွင့္တကြ အကြၽႏ္ုပ္၏တစ္မိသားစုလုံး ယခု တပို႔တြဲလ တစ္လတာလုံး တြင္ ကိုယ္ေရာက်န္းမာ၊ စိတ္ေရာခ်မ္းသာစြာျဖင့္ မေကာင္းေသာ အညံ့အပ၊အတိုက္အခိုက္ မ်ား မွန္သမွ် ကင္းရွင္းေစၿပီး ေကာင္းျခင္းမဂၤလာအျဖာျဖာျဖင့္ ေအာင္ျမင္‌၍ စီးပြားလာဘ္လာဘ တိုးတက္အဆင္ေျပရပါလို၏။”

ဤယၾတာအစီအရင္ကို (၂)ရက္လွ်င္ တစ္ႀကိမ္စီ အထက္ပါနည္းအတိုင္း သတိတရေလးႏွင့္ တိက်စြာ ျပန္လည္၍လုပ္ေဆာင္ေပးေနျခင္းျဖင့္ တပို႔တြဲလ အတြင္း ကံေကာင္းျခင္းမ်ား ရယူပိုင္ဆိုင္လိုက္ပါဗ်။

ယၾတာလုပ္ေဆာင္ၿပီး ျပန္လည္ခ်ီးျမႇင့္ထားေသာ ကြမ္း႐ြက္ ႏွစ္႐ြက္စလုံးကို အဆင္ေျပသလို စြန႔္ပါ။ ဆန္မ်ားကို ခိုစာ၊ငွက္စာအျဖစ္ ေကြၽးေပးလိုက္ပါ။

သၾကားမ်ားကို ပိုးပု႐ြက္စာအျဖစ္ ဒါနျပဳလိုက္ပါ။

ဤယၾတာကို တပို႔တြဲလ တစ္လတာလုံး၌ မည္သည့္ေန႔ရက္မွမဆို စတင္၍လုပ္ေဆာင္ႏိုင္သည္။

ဤယၾတာအစီအရင္သည္ ႐ိုးရွင္း၍ အစြမ္းထက္ ထိေရာက္ေသာေၾကာင့္ ယုံယုံၾကည္ၾကည္လုပ္ပါက တပို႔တြဲလတစ္လတာလုံး အတြင္း၌ မိမိသည္ အတိုက္အခိုက္ အေႏွာင့္အယွက္မ်ား ကင္းေဝးေစ၍ စီးပြား လာဘ္႐ႊင္ သုခ ခ်မ္းသာျခင္းမ်ား ရရွိပါမည္။

ဆရာဦးမင္းႏိုင္ ႏွင့္တကြ သင္ဆရာ၊ျမင္ဆရာ၊ ၾကားဆရာမ်ားကို အစဥ္ ေလးစားဦးခိုက္ေနလ်က္။

ယုံၾကည္ အားကိုး ဆႏၵရွိသူမ်ားအတြက္ ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္

ဆရာေပါက္က်ိဳင္း 09776478912