မနာလိုမုန္းတီး ရန္မူေနသူမ်ားကို ႐ိုး႐ိုးေမတၱာပို႔ျဖင့္ မထိေရာက္လွ်င္ ေရျဖင့္ ေမတၱာပို႔နည္း
အလုပ္လဲမမ်ား လြယ္လဲကူေသာ ေရေမတၱာပို႔နည္းပါ။ ကိုယ္ကေတာ့ ေက်ာက္ခဲေလးနဲ႔ ျပဳလုပ္ပါတယ္။ လုပ္ၾကည့္ေစခ်င္ပါတယ္ေနာ္။ လက္ေတြ႕နည္းေကာင္းတစ္ခုေပးပါမယ္။
အကယ္၍ စိတ္အာ႐ုံၫႊတ္ၿပီး ေမတၱာပို႔ေပးေန႐ုံသက္သက္ျဖင့္ ထိုသူ၏ရန္မူေနျခင္းကိစၥ အျမန္ေျပေအးသြားမည္။ မထင္ရလွ်င္ ေရေမတၱာပို႔ယူပါ။
နည္းမွာ မိမိအလိုရွိသူကိုရည္မွတ္၍ သန႔္ရွင္းေသာေရဖန္ခြက္ တစ္ခုတြင္ ေက်ာက္ခဲကေလးတစ္ခုျဖစ္ေစ၊ တုတ္ေခ်ာင္းကေလး တစ္ခုျဖစ္ေစ စိမ္ထားပါ။
သူ၏စိတ္ႏွလုံး ေရကဲ့သို႔ ေအးခ်မ္းသြားပါေစဟူ၍ လႈိက္လႈိက္ လွဲလွဲ ေမတၱာပို႔လႊတ္ေနပါ။ “သူ႔စိတ္ ပူဆာေနျခင္း ေအ းခ်မ္းသြားဖို႔ ငါေရစိမ္ထားၿပီ” ဟူ၍ မိမိစိတ္ကိုလည္း ရွင္းရွင္း ထားေနပါ၊ ပူပန္ေသာကဝင္၍ လႈပ္ရွားေန၍မရပါ။
သူ႔ကို ငါ ဒုကၡမေရာက္ေစလိုပါ၊ ငါလည္း စိတ္ခ်မ္းသာ၊ သူလည္း စိတ္ခ်မ္းသာ ေနၿမဲတိုင္းျဖစ္ေစရန္ သူ႔ကို ေရခြက္ထဲ ခ်စိမ္ထားလိုက္ၿပီ။ ယုံၾကည္စြာ သူ စိတ္ေအးသြားၿပီ၊ သူစိတ္ၾကည္ လင္သြားၿပီ၊ သူငါ့ကို ရန္မူခ်င္စိတ္ ေပ်ာက္လြင့္သြားၿပီ” ဟု မိမိစိတ္က သိေနပါ။
တကယ္ခ်မ္းသာေစလိုေသာ စိတ္ရင္းေစတနာထား၍ ေပးေနပါ။ ထိုသူ၏ စိတ္သည္ ထိုအခ်ိန္ပိုင္းတြင္မူ ေျပာင္းလာပုံေတြ႕ရမည္။ သူ၏စိတ္ထဲတြင္ မိမိက ပို႔လႊတ္ေပးေနေသာ စိတ္တန္ခိုးေၾကာင့္ ပူဆာဆူပြက္ေနခဲ့ၿပီးေသာ သူ၏ေဒါသစိတ္မ်ား တျဖည္းျဖည္း ေျပေအးသြားလိမ့္မည္။
တဆက္တည္းမွာပင္ မိမိအေပၚ သနားစိတ္ဝင္လာမည္။ ဆက္ လက္၍ ခ်စ္ခင္စိတ္ ေျပာင္းဝင္လာလိမ့္မည္။ ခ်စ္ခင္စိတ္ေရာက္ခဲ့လွ်င္မိမိကိုျမတ္ႏိုးဖြယ္ရာအျဖစ္ ၾကည္ႏူး ဝမ္းသာ စိတ္ဝင္လာၿပီး ေတာင္းပန္လာလိမ့္မည္။
ထို႔ေနာက္ သူေျပာမွား, ဆိုမွားရွိသမွ် ဝန္ခ်အကယ္၍ လူကိုယ္တိုင္လာေရာက္ ဝန္ခ် ေတာင္းပန္ျခင္း မျပဳေသာ္လည္း မိမိအေပၚဆက္လက္၍ ရန္မူေနျခင္း ျပဳေတာ့မည္ မဟုတ္ပါ။
မီးကို ေရႏွင့္လုံေလာက္ေအာင္ ပက္ဖ်န္းထားလိုက္သကဲ့သို႔ ကိစၥၿပီး ေအးၿငိမ္းသြားလိမ့္ မည္။ တနည္းအားျဖင့္ ထိုသူ အျခားသို႔ ေရွာင္ထြက္သြားပုံကို ေတြ႕ျမင္ရလိမ့္မည္။
ဤေဖာ္ျပပါတို႔သည္ လူ႔ေလာက၌ ေတြ႕ႀကဳံေလ့ရွိျခင္းမ်ားတတ္ေသာေၾကာင့္ ျပည့္စုံေအာင္ ၫႊန္ၾကားေပးရ၏။ လုပ္ငန္းကိစၥတစ္ခုခု၌ ေတြ႕ႀကဳံရေသာ အဆင္မေျပမႈ၊ ေႏွာင့္ယွက္မႈ အေၾကာင္းခံေသာ ေႏွာင့္ယွက္သူကိုျဖစ္ေစ၊ ေနထိုင္ေရး၊ စားေသာက္ေရး စေသာကိစၥမ်ိဳး၌ ေတြ႕ႀကဳံလာရေသာ ေႏွာင့္ယွက္သူကို ျဖစ္ေစ။
ဘယ္ေနရာမဆို ေတြ႕ႀကဳံေလသမွ် ဤၫႊန္ၾကားခ်က္နည္းအတိုင္းသာ လိုက္နာက်င့္သုံးပါ။ လုပ္ေဆာင္ပါ။ မိမိေမတၱာစိတ္ဓာတ္ ခိုင္ၿမဲေသာစြမ္းအင္ေၾကာင့္ အံ့ဩဖြယ္ရာ ၾကည္လင္ ေအးျမျခင္းအျဖစ္ကို ေတြ႕ျမင္လာရမည္။
ေမတၱာစိတ္ လက္ကိုင္ထားသူသည္ ေနာက္ဆုံး၌ ေအာင္ႏိုင္မႈ ရယူမည္ျဖစ္ေၾကာင္း ၫႊန္ၾကားပါသည္။ အိမ္မွ စိတ္ ေကာက္ၿပီး ထြက္သြားသူကိုလည္း ဤနည္းအတိုင္း လုပ္ေဆာင္ပါ။ ျပန္ေရာက္လာပါလိမ့္မည္။
ရဟန္းစေသာ သူေတာ္ေကာင္းပုဂၢိဳလ္တို႔မည္သည္ ေမတၱာတရားကို စိတ္ႏွလုံးသား၌ အၿမဲကိန္းေအာင္းေနေစရ၏။ တစ္ခါတရံ၌ ေလာကဓံ တစ္စုံတစ္ခုႀကဳံေတြ႕ရလွ်င္ ငါသည္ လူယုတ္မာမဟုတ္၊ တရားႏွင့္ ေပ်ာ္ေမြ႕ေနသူတည္း။
စိတ္ထားေျဖာင့္ေတာ့အလုပ္ေျဖာင့္၏။ အလုပ္ေျဖာင့္ေတာ့ အက်ိဳးေျဖာင့္၏။ (ေတာင္တန္းသာသနာျပဳဆရာေတာ္ ေရေမတၱာပြားနည္းမွ Mini Monk မွ်ေဝတင္ဆက္ပါသည္။ ေမတၱာႏွလုံး ကိုယ္စီသုံး က်င့္သုံးႏိုင္ၾကပါေစ)
Credit
Unicode
မနာလိုမုန်းတီး ရန်မူနေသူများကို ရိုးရိုးမေတ္တာပို့ဖြင့် မထိရောက်လျှင် ရေဖြင့် မေတ္တာပို့နည်း
အလုပ်လဲမများ လွယ်လဲကူသော ရေမေတ္တာပို့နည်းပါ။ ကိုယ်ကတော့ ကျောက်ခဲလေးနဲ့ ပြုလုပ်ပါတယ်။ လုပ်ကြည့်စေချင်ပါတယ်နော်။ လက်တွေ့နည်းကောင်းတစ်ခုပေးပါမယ်။
အကယ်၍ စိတ်အာရုံညွှတ်ပြီး မေတ္တာပို့ပေးနေရုံသက်သက်ဖြင့် ထိုသူ၏ရန်မူနေခြင်းကိစ္စ အမြန်ပြေအေးသွားမည်။ မထင်ရလျှင် ရေမေတ္တာပို့ယူပါ။
နည်းမှာ မိမိအလိုရှိသူကိုရည်မှတ်၍ သန့်ရှင်းသောရေဖန်ခွက် တစ်ခုတွင် ကျောက်ခဲကလေးတစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေ စိမ်ထားပါ။
သူ၏စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေဟူ၍ လှိုက်လှိုက် လှဲလှဲ မေတ္တာပို့လွှတ်နေပါ။ “သူ့စိတ် ပူဆာနေခြင်း အေ းချမ်းသွားဖို့ ငါရေစိမ်ထားပြီ” ဟူ၍ မိမိစိတ်ကိုလည်း ရှင်းရှင်း ထားနေပါ၊ ပူပန်သောကဝင်၍ လှုပ်ရှားနေ၍မရပါ။
သူ့ကို ငါ ဒုက္ခမရောက်စေလိုပါ၊ ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။ ယုံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူစိတ်ကြည် လင်သွားပြီ၊ သူငါ့ကို ရန်မူချင်စိတ် ပျောက်လွင့်သွားပြီ” ဟု မိမိစိတ်က သိနေပါ။
တကယ်ချမ်းသာစေလိုသော စိတ်ရင်းစေတနာထား၍ ပေးနေပါ။ ထိုသူ၏ စိတ်သည် ထိုအချိန်ပိုင်းတွင်မူ ပြောင်းလာပုံတွေ့ရမည်။ သူ၏စိတ်ထဲတွင် မိမိက ပို့လွှတ်ပေးနေသော စိတ်တန်ခိုးကြောင့် ပူဆာဆူပွက်နေခဲ့ပြီးသော သူ၏ဒေါသစိတ်များ တဖြည်းဖြည်း ပြေအေးသွားလိမ့်မည်။
တဆက်တည်းမှာပင် မိမိအပေါ် သနားစိတ်ဝင်လာမည်။ ဆက် လက်၍ ချစ်ခင်စိတ် ပြောင်းဝင်လာလိမ့်မည်။ ချစ်ခင်စိတ်ရောက်ခဲ့လျှင်မိမိကိုမြတ်နိုးဖွယ်ရာအဖြစ် ကြည်နူး ဝမ်းသာ စိတ်ဝင်လာပြီး တောင်းပန်လာလိမ့်မည်။
ထို့နောက် သူပြောမှား, ဆိုမှားရှိသမျှ ဝန်ချအကယ်၍ လူကိုယ်တိုင်လာရောက် ဝန်ချ တောင်းပန်ခြင်း မပြုသော်လည်း မိမိအပေါ်ဆက်လက်၍ ရန်မူနေခြင်း ပြုတော့မည် မဟုတ်ပါ။
မီးကို ရေနှင့်လုံလောက်အောင် ပက်ဖျန်းထားလိုက်သကဲ့သို့ ကိစ္စပြီး အေးငြိမ်းသွားလိမ့် မည်။ တနည်းအားဖြင့် ထိုသူ အခြားသို့ ရှောင်ထွက်သွားပုံကို တွေ့မြင်ရလိမ့်မည်။
ဤဖော်ပြပါတို့သည် လူ့လောက၌ တွေ့ကြုံလေ့ရှိခြင်းများတတ်သောကြောင့် ပြည့်စုံအောင် ညွှန်ကြားပေးရ၏။ လုပ်ငန်းကိစ္စတစ်ခုခု၌ တွေ့ကြုံရသော အဆင်မပြေမှု၊ နှောင့်ယှက်မှု အကြောင်းခံသော နှောင့်ယှက်သူကိုဖြစ်စေ၊ နေထိုင်ရေး၊ စားသောက်ရေး စသောကိစ္စမျိုး၌ တွေ့ကြုံလာရသော နှောင့်ယှက်သူကို ဖြစ်စေ။
ဘယ်နေရာမဆို တွေ့ကြုံလေသမျှ ဤညွှန်ကြားချက်နည်းအတိုင်းသာ လိုက်နာကျင့်သုံးပါ။ လုပ်ဆောင်ပါ။ မိမိမေတ္တာစိတ်ဓာတ် ခိုင်မြဲသောစွမ်းအင်ကြောင့် အံ့ဩဖွယ်ရာ ကြည်လင် အေးမြခြင်းအဖြစ်ကို တွေ့မြင်လာရမည်။
မေတ္တာစိတ် လက်ကိုင်ထားသူသည် နောက်ဆုံး၌ အောင်နိုင်မှု ရယူမည်ဖြစ်ကြောင်း ညွှန်ကြားပါသည်။ အိမ်မှ စိတ် ကောက်ပြီး ထွက်သွားသူကိုလည်း ဤနည်းအတိုင်း လုပ်ဆောင်ပါ။ ပြန်ရောက်လာပါလိမ့်မည်။
ရဟန်းစသော သူတော်ကောင်းပုဂ္ဂိုလ်တို့မည်သည် မေတ္တာတရားကို စိတ်နှလုံးသား၌ အမြဲကိန်းအောင်းနေစေရ၏။ တစ်ခါတရံ၌ လောကဓံ တစ်စုံတစ်ခုကြုံတွေ့ရလျှင် ငါသည် လူယုတ်မာမဟုတ်၊ တရားနှင့် ပျော်မွေ့နေသူတည်း။
စိတ်ထားဖြောင့်တော့အလုပ်ဖြောင့်၏။ အလုပ်ဖြောင့်တော့ အကျိုးဖြောင့်၏။ (တောင်တန်းသာသနာပြုဆရာတော် ရေမေတ္တာပွားနည်းမှ Mini Monk မျှဝေတင်ဆက်ပါသည်။ မေတ္တာနှလုံး ကိုယ်စီသုံး ကျင့်သုံးနိုင်ကြပါစေ)
Credit