ပြီးပြည့်စုံလှပတဲ့ နှာခေါင်းဖြစ်ဖို့အတွက် လေ့ကျင့်ခန်း ၇ ခု
မော်ဒယ်တွေနှင့် ရုပ်ရှင်သရုပ်ဆောင်တွေ လိုမျိုး လှပတယ်လို့ ယူဆကြတဲ့ အမျိုးသမီးအများစုဟာ တောက်ပြောင်တဲ့ အကျီရှည်တွေ၊ မျက်လုံးအကြီးကြီးတွေ၊ နှုတ်ခမ်းနီတွေနှင့် လှပတဲ့ ချွန်ထက်တဲ့ နှာတံ ရှိတတ်ကြပါတယ်။
နှာခေါင်းဟာ မျက်နှာရဲ့ ဆုံမှတ်ဖြစ်တာကြောင့် အလွန်အရေးကြီးပါတယ်။ လူတွေကိုလည်း ဖမ်းစားနိုင်ပါတယ်။
နှာတံကို ပြီးပြည့်စုံအောင် ပြုလုပ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ မိတ်ကပ် လိမ်းတာ ၊ ဒါမှမဟုတ် ပို ရှုပ်ထွေးတဲ့ပလတ်စတစ်ဆာဂျရီ ပြုလုပ်တာတွေပါ။ ပြီးပြည့်စုံတဲ့ နှာခေါင်းပုံသဏ္ဍာန်ကို ရရှိဖို့ လွယ်ကူသော လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ် နိုင်ပါတယ်။
၁။ နှာခေါင်းပုံသွင်းခြင်း
နှာတံပုံသဏ္ဍာန်နဲ့ပတ်သက်ပြီးအမြဲတစေညည်းညူနေတတ်တဲ့အမျိုးသမီးတွေအတွက်အသင့်တော်ဆုံးနည်းလမ်းပါ။ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ရင် အချိန်တန်ရင် သင့်နှာခေါင်းပုံသဏ္ဍာန်က ပြောင်းလဲလာနိုင်ပြီး နှာတံကို သင်လိုချင်တဲ့ ပုံစံအတိုင်း ပုံဖော်နိုင်မှာပါ။ ဒီလေ့ကျင့်ခန်းကသင့်နှာခေါင်းလျော့ရဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
– နှာခေါင်းနှစ်ဖက်လုံးကို လက်ညှိုးလေးနဲ့ ဖိပေးပြီး အသက်ကို ပြင်းပြင်းရှုပါ။
– အောက်ခြေအထိ ပိုဖိနိုင်လေ ကောင်းလေပါပဲ။ အသက်ကို အရမ်းမရှုလည်း ရပါတယ်။
– ဒီလေ့ကျင့်ခန်းကို တစ်နေ့ (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။
၂။ နှာခေါင်းတိုခြင်း
အသက်အရွယ် ပြောင်းလဲလာတာကြောင့် ခန္ဒာကိုယ်ကပါ လိုက်ပြီးပြောင်းလဲ လာပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့အခြားသောယိုယွင်းမှုတွေနှင့်အတူ အရိုးတွေ၊ အရိုးနုတွေနှင့် ကြွက်သားတွေကလည်း ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ရပါတယ်။ဒီလေ့ကျင့်ခန်းကသင့်နှာခေါင်းကို တိုစေတဲ့အပြင် အရိုးနုတွေပျက်စီးတာတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။
– လက်ညိုးကို သင့်နှာခေါင်းဖျားတွင် ထားကာ ညင်သာစွာ နှိပ်ပါ။
– လက်ချောင်းကို သုံးပြီးတော့ နှာခေါင်းကို အောက်ဘက်ကို ဖိပေးပါ။
– ဒီလေ့ကျင့်ခန်းကို လုပ်နိုင်သလောက် အကြိမ်ပေါင်းများစွာ နေ့စဉ်လုပ်နိုင်ပါတယ်။
၃။ နှာခေါင်းဖြောင့်ခြင်း
သဘာဝအတိုင်းသင့်နှာခေါင်းကို ပုံစံပြောင်းလဲနိုင်တာကတော့ အံ့ဩစရာပါပဲ။ ဒါက နည်းလမ်း အားလုံးထဲမှာ အရိုးရှင်းဆုံး နည်းလမ်းပါပဲ။ ရိုးရှင်းတဲ့ အပြုံးလေးကနေ သင့်နှာခေါင်း ဖြောင့်သွားစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။
– ပထမဆုံး ပြုံးလိုက်ပြီး သင့်လက်ချောင်းတွေနှင့် နှာခေါင်းကို အပေါ်ကို ပင့်တင်ထားပါ။
– ဒါက သင့်နှာခေါင်း နှစ်ဖက်မှာရှိတဲ့ ကြွက်သားတွေကို ပြောင်းလဲပေးဖို့ ကူညီပေးပါလိမ့်မယ်။
– ဒီလေ့ကျင့်ခန်းကို နေ့စဉ် အကြိမ် ၂၀ မှ ၃၀ အထိ ပြုလုပ်ပေးပါ။
၄။ အသက်ရှုခြင်း
ယောဂနှင့် အခြားသော လေ့ကျင့်ခန်းတွေမှာ အသက်ရှု လေ့ကျင့်ခန်းက အလွန်အရေးကြီးပါတယ်။နက်ရှိုင်းစွာရှူရှိုက်ခြင်းနှင့် ရှူထုတ်ခြင်းဟာ အကျိုးကျေးဇူးများစွာရရှိပြီးတော့ အသက်ရှုတာကနေလည်းသင့်နှာခေါင်းကို ပုံသွင်းနိုင်ပါတယ်။
– သက်တောင့်သက်သာ ထိုင်ပါ။ နှာခေါင်းပေါက် တစ်ဖက်ကို ပိတ်ဆို့ထားပြီး အခြားနှာခေါင်းပေါက်ကနေတစ်ဆင့် လေကိုရှူသွင်းပြီး လေးစက္ကန့်လောက် ဖိထားပါ။
– ပြီးတော့ နောက်ထပ် နှာခေါင်းတစ်ဖက်ကို ထပ်ပိတ်လိုက်ပြီး စောစောက ပိတ်ထားတဲ့ နှာခေါင်းကနေ လေကို ထုတ်လိုက်ပါ။
– တစ်လှည့်စီ ပိတ်လိုက်၊ ရှုသွင်းလိုက်၊ မှုတ်ထုတ်လိုက် လုပ်ပေးပါ။
– တစ်ခါလုပ်ရင် (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။
၅။ နှာခေါင်းကို ကစားပေးခြင်း
နှာခေါင်းကို ပြုပြင်နေတာထက် နှာခေါင်းကို လေ့ကျင့်ခန်း ပြုလုပ်ပေးတာကအချိန်ကုန်၊ငွေကုန်သက်သာစေပါတယ်။သင့်ရဲ့ နှာခေါင်းကြွက်သားတွေက သန်မာလာပြီး ပိုလှလာမှာလည်း ဖြစ်ပါတယ်။
– လုပ်ရမှာကတော့ သင့်မျက်နှာကို လုံးဝငြိမ်နေအောင် ထားပြီး နှာခေါင်းတစ်ခုထဲကိုပဲ လှုပ်ရှားနေစေရမှာပဲ ဖြစ်ပါတယ်။
– အနည်းဆုံးတော့ တစ်နေ့တစ်ကြိမ် လောက်တော့ ပြုလုပ်ပေးပါ။
၆။ နှာခေါင်းကို နှိပ်နယ်ပေးခြင်
ဒီလို နှိပ်ပေးတာဟာ သင့်နှာခေါင်းကို ကျဉ်းသွားစေတဲ့အပြင် ခေါင်းကိုက်တာတွေကနေတည်း သက်သာစေပါတယ်။
– နှာခေါင်းအရင်းကနေပြီးတော့ အောက်ခြေအထိ တဖြည်းဖြည်း နှိပ်သွားပါ။
– လက်ချောင်းများကို စက်ဝိုင်းပုံသဏ္ဍာန်နဲ့ ရွေ့လျားပါ။
– အနည်းဆုံး တစ်နေ့ကို (၅) မိနစ်လောက် နိပ်နယ်ပေးပါ။
၇။ အရေးအကြောင်းများကို ဖယ်ရှားခြင်း
အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေက ပိုမိုထင်ရှားလာပြီး ကြည့်ရဆိုး လာစေပါတယ်။ ဒီရိုးရှင်းတဲ့လေ့ကျင့်ခန်းဟာအစင်းကြောင်းတွေကို ဖယ်ရှားပစ်ဖို့ ကူညီပေးပါလိမ့်မယ်။
– သင်လုပ်ရမှာက သင့်ပါးစပ်ထဲကို လေအဝရှူသွင်းပြီး ပါးတစ်ဖက်စီကို ငါးစက္ကန့်လောက် ဖိထားပေးပါ။
– ဖိလို့ အချိန်ပြည့်တာနဲ့ လေကို မှုတ်ထုတ်လိုက်ပါ။
– တစ်နေ့ တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။
နှာခေါင်းဟာ ပြန်လည်ဖွဲ့စည်းဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အခက်ခဲဆုံး နေရာဖြစ်ပါတယ်။ ဒီရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေဟာသင့်နှာခေါင်းကြွက်သားတွေကို လွယ်ကူစွာပြောင်းလဲစေနိုင်ပြီး အပိုကုန်ကျစရိတ် မရှိဘဲ ကူညီပေးပါလိမ့်မယ်။လုံ့လဝီရိယရှိရှိ လေ့ကျင့်ပြီးစိတ်ရှည်ရှည် ထားတတ်ဖို့တော့လိုအပ်ပါတယ်။
crd
ၿပီးျပည့္စုံလွပတဲ့ ႏွာေခါင္းျဖစ္ဖို႔အတြက္ ေလ့က်င့္ခန္း ၇ ခု
ေမာ္ဒယ္ေတြႏွင့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ လိုမ်ိဳး လွပတယ္လို႔ ယူဆၾကတဲ့ အမ်ိဳးသမီးအမ်ားစုဟာ ေတာက္ေျပာင္တဲ့ အက်ီရွည္ေတြ၊ မ်က္လုံးအႀကီးႀကီးေတြ၊ ႏႈတ္ခမ္းနီေတြႏွင့္ လွပတဲ့ ခြၽန္ထက္တဲ့ ႏွာတံ ရွိတတ္ၾကပါတယ္။
ႏွာေခါင္းဟာ မ်က္ႏွာရဲ႕ ဆုံမွတ္ျဖစ္တာေၾကာင့္ အလြန္အေရးႀကီးပါတယ္။ လူေတြကိုလည္း ဖမ္းစားႏိုင္ပါတယ္။
ႏွာတံကို ၿပီးျပည့္စုံေအာင္ ျပဳလုပ္ဖို႔ နည္းလမ္းမ်ားစြာ ရွိပါတယ္။ မိတ္ကပ္ လိမ္းတာ ၊ ဒါမွမဟုတ္ ပို ရႈပ္ေထြးတဲ့ပလတ္စတစ္ဆာဂ်ရီ ျပဳလုပ္တာေတြပါ။ ၿပီးျပည့္စုံတဲ့ ႏွာေခါင္းပုံသ႑ာန္ကို ရရွိဖို႔ လြယ္ကူေသာ ေလ့က်င့္ခန္းမ်ားကိုလည္း ပုံမွန္ျပဳလုပ္ ႏိုင္ပါတယ္။
၁။ ႏွာေခါင္းပုံသြင္းျခင္း
ႏွာတံပုံသ႑ာန္နဲ႔ပတ္သက္ၿပီးအၿမဲတေစညည္းညဴေနတတ္တဲ့အမ်ိဳးသမီးေတြအတြက္အသင့္ေတာ္ဆုံးနည္းလမ္းပါ။ဒီေလ့က်င့္ခန္းကို ပုံမွန္လုပ္ရင္ အခ်ိန္တန္ရင္ သင့္ႏွာေခါင္းပုံသ႑ာန္က ေျပာင္းလဲလာႏိုင္ၿပီး ႏွာတံကို သင္လိုခ်င္တဲ့ ပုံစံအတိုင္း ပုံေဖာ္ႏိုင္မွာပါ။ ဒီေလ့က်င့္ခန္းကသင့္ႏွာေခါင္းေလ်ာ့ရဲျခင္းကိုလည္း ကာကြယ္ေပးပါတယ္။
– ႏွာေခါင္းႏွစ္ဖက္လုံးကို လက္ညႇိဳးေလးနဲ႔ ဖိေပးၿပီး အသက္ကို ျပင္းျပင္းရႈပါ။
– ေအာက္ေျခအထိ ပိုဖိႏိုင္ေလ ေကာင္းေလပါပဲ။ အသက္ကို အရမ္းမရႈလည္း ရပါတယ္။
– ဒီေလ့က်င့္ခန္းကို တစ္ေန႔ (၁၀) ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။
၂။ ႏွာေခါင္းတိုျခင္း
အသက္အ႐ြယ္ ေျပာင္းလဲလာတာေၾကာင့္ ခႏၵာကိုယ္ကပါ လိုက္ၿပီးေျပာင္းလဲ လာပါတယ္။ ေနာက္ဆက္တြဲ ျဖစ္ေပၚလာတဲ့အျခားေသာယိုယြင္းမႈေတြႏွင့္အတူ အ႐ိုးေတြ၊ အ႐ိုးႏုေတြႏွင့္ ႂကြက္သားေတြကလည္း ျပင္းထန္တဲ့ ေျပာင္းလဲမႈေတြကို ရင္ဆိုင္ရပါတယ္။ဒီေလ့က်င့္ခန္းကသင့္ႏွာေခါင္းကို တိုေစတဲ့အျပင္ အ႐ိုးႏုေတြပ်က္စီးတာေတြကလည္း ကာကြယ္ေပးႏိုင္ပါတယ္။
– လက္ညိဳးကို သင့္ႏွာေခါင္းဖ်ားတြင္ ထားကာ ညင္သာစြာ ႏွိပ္ပါ။
– လက္ေခ်ာင္းကို သုံးၿပီးေတာ့ ႏွာေခါင္းကို ေအာက္ဘက္ကို ဖိေပးပါ။
– ဒီေလ့က်င့္ခန္းကို လုပ္ႏိုင္သေလာက္ အႀကိမ္ေပါင္းမ်ားစြာ ေန႔စဥ္လုပ္ႏိုင္ပါတယ္။
၃။ ႏွာေခါင္းေျဖာင့္ျခင္း
သဘာဝအတိုင္းသင့္ႏွာေခါင္းကို ပုံစံေျပာင္းလဲႏိုင္တာကေတာ့ အံ့ဩစရာပါပဲ။ ဒါက နည္းလမ္း အားလုံးထဲမွာ အ႐ိုးရွင္းဆုံး နည္းလမ္းပါပဲ။ ႐ိုးရွင္းတဲ့ အၿပဳံးေလးကေန သင့္ႏွာေခါင္း ေျဖာင့္သြားေစဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။
– ပထမဆုံး ၿပဳံးလိုက္ၿပီး သင့္လက္ေခ်ာင္းေတြႏွင့္ ႏွာေခါင္းကို အေပၚကို ပင့္တင္ထားပါ။
– ဒါက သင့္ႏွာေခါင္း ႏွစ္ဖက္မွာရွိတဲ့ ႂကြက္သားေတြကို ေျပာင္းလဲေပးဖို႔ ကူညီေပးပါလိမ့္မယ္။
– ဒီေလ့က်င့္ခန္းကို ေန႔စဥ္ အႀကိမ္ ၂၀ မွ ၃၀ အထိ ျပဳလုပ္ေပးပါ။
၄။ အသက္ရႈျခင္း
ေယာဂႏွင့္ အျခားေသာ ေလ့က်င့္ခန္းေတြမွာ အသက္ရႈ ေလ့က်င့္ခန္းက အလြန္အေရးႀကီးပါတယ္။နက္ရႈိင္းစြာရွဴရႈိက္ျခင္းႏွင့္ ရွဴထုတ္ျခင္းဟာ အက်ိဳးေက်းဇူးမ်ားစြာရရွိၿပီးေတာ့ အသက္ရႈတာကေနလည္းသင့္ႏွာေခါင္းကို ပုံသြင္းႏိုင္ပါတယ္။
– သက္ေတာင့္သက္သာ ထိုင္ပါ။ ႏွာေခါင္းေပါက္ တစ္ဖက္ကို ပိတ္ဆို႔ထားၿပီး အျခားႏွာေခါင္းေပါက္ကေနတစ္ဆင့္ ေလကိုရွဴသြင္းၿပီး ေလးစကၠန႔္ေလာက္ ဖိထားပါ။
– ၿပီးေတာ့ ေနာက္ထပ္ ႏွာေခါင္းတစ္ဖက္ကို ထပ္ပိတ္လိုက္ၿပီး ေစာေစာက ပိတ္ထားတဲ့ ႏွာေခါင္းကေန ေလကို ထုတ္လိုက္ပါ။
– တစ္လွည့္စီ ပိတ္လိုက္၊ ရႈသြင္းလိုက္၊ မႈတ္ထုတ္လိုက္ လုပ္ေပးပါ။
– တစ္ခါလုပ္ရင္ (၁၀) ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။
၅။ ႏွာေခါင္းကို ကစားေပးျခင္း
ႏွာေခါင္းကို ျပဳျပင္ေနတာထက္ ႏွာေခါင္းကို ေလ့က်င့္ခန္း ျပဳလုပ္ေပးတာကအခ်ိန္ကုန္၊ေငြကုန္သက္သာေစပါတယ္။သင့္ရဲ႕ ႏွာေခါင္းႂကြက္သားေတြက သန္မာလာၿပီး ပိုလွလာမွာလည္း ျဖစ္ပါတယ္။
– လုပ္ရမွာကေတာ့ သင့္မ်က္ႏွာကို လုံးဝၿငိမ္ေနေအာင္ ထားၿပီး ႏွာေခါင္းတစ္ခုထဲကိုပဲ လႈပ္ရွားေနေစရမွာပဲ ျဖစ္ပါတယ္။
– အနည္းဆုံးေတာ့ တစ္ေန႔တစ္ႀကိမ္ ေလာက္ေတာ့ ျပဳလုပ္ေပးပါ။
၆။ ႏွာေခါင္းကို ႏွိပ္နယ္ေပးျခင္
ဒီလို ႏွိပ္ေပးတာဟာ သင့္ႏွာေခါင္းကို က်ဥ္းသြားေစတဲ့အျပင္ ေခါင္းကိုက္တာေတြကေနတည္း သက္သာေစပါတယ္။
– ႏွာေခါင္းအရင္းကေနၿပီးေတာ့ ေအာက္ေျခအထိ တျဖည္းျဖည္း ႏွိပ္သြားပါ။
– လက္ေခ်ာင္းမ်ားကို စက္ဝိုင္းပုံသ႑ာန္နဲ႔ ေ႐ြ႕လ်ားပါ။
– အနည္းဆုံး တစ္ေန႔ကို (၅) မိနစ္ေလာက္ နိပ္နယ္ေပးပါ။
၇။ အေရးအေၾကာင္းမ်ားကို ဖယ္ရွားျခင္း
အသက္ႀကီးလာတာနဲ႔အမွ် အေရးအေၾကာင္းေတြက ပိုမိုထင္ရွားလာၿပီး ၾကည့္ရဆိုး လာေစပါတယ္။ ဒီ႐ိုးရွင္းတဲ့ေလ့က်င့္ခန္းဟာအစင္းေၾကာင္းေတြကို ဖယ္ရွားပစ္ဖို႔ ကူညီေပးပါလိမ့္မယ္။
– သင္လုပ္ရမွာက သင့္ပါးစပ္ထဲကို ေလအဝရွဴသြင္းၿပီး ပါးတစ္ဖက္စီကို ငါးစကၠန႔္ေလာက္ ဖိထားေပးပါ။
– ဖိလို႔ အခ်ိန္ျပည့္တာနဲ႔ ေလကို မႈတ္ထုတ္လိုက္ပါ။
– တစ္ေန႔ တစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးပါ။
ႏွာေခါင္းဟာ ျပန္လည္ဖြဲ႕စည္းဖို႔၊ ေလ့က်င့္ခန္းလုပ္ဖို႔ အခက္ခဲဆုံး ေနရာျဖစ္ပါတယ္။ ဒီ႐ိုးရွင္းတဲ့ေလ့က်င့္ခန္းေတြဟာသင့္ႏွာေခါင္းႂကြက္သားေတြကို လြယ္ကူစြာေျပာင္းလဲေစႏိုင္ၿပီး အပိုကုန္က်စရိတ္ မရွိဘဲ ကူညီေပးပါလိမ့္မယ္။လုံ႔လဝီရိယရွိရွိ ေလ့က်င့္ၿပီးစိတ္ရွည္ရွည္ ထားတတ္ဖို႔ေတာ့လိုအပ္ပါတယ္။
crd