.၄၀ ကျော်အရွယ်ဆိုတာ တကယ်တော့

“၄၀ ကျော်ဆိုတာ”😁😁😁😅😅😅😍😍









အဟက်… 😁😁





😝😛🤗


 

Unicode

“၄၀ ကျော်ဆိုတာ”😁😁😁😅😅😅😍😍

.၄၀ ကျော်အရွယ်ဆိုတာ တကယ်တော့ အရိုးတွေ နူးပြီးမြည့်နေတဲ့ငါးသလောက်ပေါင်းလိုပဲ အရမ်းမိုက်နေပြီ…

တနည်းအားဖြင့် ရေနံချေးတွေ ဝနေတဲ့အိမ်တိုင်ကြီးတွေလိုပဲပေါ့ ခန့်ခန့်ကြီးတွေ…ဒီမယ် ၄၀ ကျော်အရွယ်ဆိုတာကဒူးရင်းသီးလိုဆိုရင် ဘယ်အလုံးကိုခွဲခွဲလှည့်ကြည့်နေစရာကို မလိုဘူးဝါဝင်းချိုမွှေးပြီး အိစက်နေပြီသားမှတ်ထား… 😏😏

ဒညင်းသီးကိုသာ အရွယ်တွေနဲ့တင်စားရမယ်ဆိုရင်လေ၄၀ ကျော် အရွယ်ဆိုတာက ဆားရေစိမ်လည်းမဟုတ်ဘူးဒညင်းခွက်လည်းမဟုတ်ဘူးဒညင်းသီးပြုတ်လည်းမဟုတ်ဘူးဒညင်းသီးအုန်းနို့ဆမ်းဗျ ပေါက်လား…😏😏

ပတ်သက်မိတဲ့သူကို တခါတည်း ရီဝေမှိန်းမောပြီး ပျော်ဝင်သွားစေတယ်…ဇာတ်ကားတစ်ကားမှာ မင်းသားနဲ့ မင်းသမီး(……)အခန်း တနည်းအားဖြင့်ရုပ်ရှင်တစ်ကားလုံးရဲ့tempo အမြင့်ဆုံး အခန်းဆိုတာ ၄၀ ကျော်တွေရဲ့အရွယ်လိုပဲဗျ နော်

ရစ်ချင်စရာ ကျော်ချင်စရာ တစ်ကွက်မရှိဘူးရယ်ဆလိုးမိုးရှင်းနဲ့တောင် ကြည့်သင့်တယ်… 😛😛

အေး ၄၀ ကျော် အရွယ်တွေကိုသာ ဘောလုံးကန်ခိုင်းမယ်ဆိုရင်လေ သူတို့ဝတ်ရမယ့်ကျောနံပါတ်ဟာ ၁၀ ပဲ တစ်ကွင်းလုံးမှာ အရေးအကြီးဆုံးကောင်…

လူသားမျိုးနွယ်စုဟာ ကြေးအိုးတစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်၄၀ ကျော်အရွယ်ဆိုတာ သူတို့အလယ်က ငုံးဥပဲ…😁😁၅၄ ချပ်စီပါတဲ့ ဖဲ ၂ ထုပ်ကိုပေါင်းပြီး ပိုကာဒေါင်းကြတဲ့အခါ ၄ ချပ်တည်း ပါလာမယ့် ဂျိုကာတွေဟာ အခြားမဟုတ်ဘူး ဖဲထုတ်

၄၀ ကျော်အရွယ်တွေပဲ လူတိုင်းမရဘူးနော်ကံကြမ္မာက မျက်စပစ်ပြတဲ့ကောင်မှရမယ်

အဟက်… 😁😁

ဂျော်နီဝေါ်ကာအရက်ပုလင်းတွေကို စီထားပြီး၄၀ ကျော်အရွယ်တွေ သောက်သင့်တဲ့အရက်ကိုရွေးပေးပါဆိုရင် Bartender က ရွေးပေးလိမ့်မယ်Blue Label ပုလင်းကြီးကို…

ကုန်ကုန်ပြောမယ်ဗျာတကယ်တော့ ၄၀ ကျော်အရွယ်ဆိုတာ”လက်ဖက်သုပ်ပန်းကန်ထဲက ရွှေပုဇွန်ခြောက်”

“လုံးချင်းတိုက်တစ်လုံးရဲ့ master bedroom” “ပြက္ခဒိန်ရဲ့နေ့ရက်တွေထဲက စနေ တနင်္ဂနွေ”

“လူတစ်ယောက်ရဲ့မျက်နှာပြင်ပေါ်က ပါးချိုင့် ” “ရွာဦးကျောင်း ကျက်သရေခန်းထဲက ရွှေငှက်ပျောသီး”နော်”တစ်ပြားသားမှ မလျှော့ဘူး ယုံလိုက်”😅

😝😛🤗

#Credit.မူရင်းရေးသားသူနှင့် ပြန်လည်မျှဝေသူများ