ချမ်းသာသူချင်သူများ ဘယ်တော့မှမလုပ်မိစေနဲ့







 

Unicode

ချမ်းသာသူချင်သူများ ဘယ်တော့မှမလုပ်မိစေနဲ့အင်္ကျတွေ ဘယ်လောက်ပဲစုတ်စုတ် ပုဆိုးတွေဘယ်လောက်ပဲစုတ်စုတ်အိမ်ထောင်ဦးစီးရဲ့ဟာဆိုရင်ကြမ်းတိုက်ဝတ် လက်နှီးစုတ်ဝတ် ဘယ်တော့မှမလုပ်မိစေနဲ့။

မီးသွေးဝယ်မယ် ထင်းဝယ်မယ်အိမ်သာသုံးတစ်ရူးဝယ်မယ် အမျိုးသမီးလစဉ်သုံးပစ္စည်းဝယ်မယ်ဆိုရင် မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့ဈေးဦးပေါက်ပိုက်ဆံနဲ့ဝယ်ခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့။

မနက်စောစောစီးစီး ရန်ဖြစ်ခြင်း၊စကားများခြင်း၊ဆဲဆိုခြင်း၊အိမ်ပူအိမ်ဆူဖြစ်ခြင်း၊အရက်သေစာသောက်စားခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့အကြီးအကဲ၊ လူကြီးမိဘ၊ဆရာသမားတို့အားဦးဦးဖျားဖျားထမင်း၊ဟင်းများကိုဦးမချပဲ စားသောက်ခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့။

ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားမွားကိုမကန်တော့ပဲ အိပ်ရာဝင်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့ထီးစုတ်၊နာရီစုတ်၊ဖိနပ်စုတ်၊မီးလုံးအကျွမ်းမီးချောင်းအကျွမ်းများ၊စက်ပစ္စည်းအစုတ်များကိုစွန့်ပစ်ခြင်းမပြုပဲ ကာလကြာရှည်စွာသိမ်းထားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

မိဘဓာတ်ပုံမချိတ်ပဲ သားသမီးဓာတ်ပုံကိုအိမ်ခေါင်းရင်းမှာချိတ်ခြင်း၊ဧည့်ခန်းမှာချိတ်ခြင်း၊အမြင့်မှာချိတ်ခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့ကြွက်ကိုက်ထားသော၊ခွေးကိုက်ထားသောအင်္ကျီ၊ ပုဆိုးထဘီများဝတ်ခြင်းကို ဘယ်တော့ မှမလုပ်မိစေနဲ့။

လူတွေ့တိုင်း ညီးညူသောစကားနိမိတ်မရှိ နမာမရှိသောစကားအာကြမ်းရှာကြမ်း ပြောဆိုခြင်းများကိုဘယ်တော့မှ မလုပ်မိစေနဲ့။Credit ထိုက်အောင်လင်း