မိန်းကလေးတွေရဲ့ နှလုံးသားက အရမ်းကို နူးညံသိမ်မွေ့သလို အရမ်းလည်း မာကျောခက်ထန်တတ် ပါတယ်နော်။ မိန်းကလေးတွေက သူတို့ချစ်ရတဲ့ သူတွေကို အစွမ်းကုန်ချစ်ပြတတ်ကြတဲ့ သူတွေဖြစ်ပြီး သူတို့ရဲ့ တန်ဖိုးထားမှုကို အသိအမှတ်ပြုခံရချင်ကြတဲ့ သူတွေပါ။
ဒါပေမယ့် သူတို့က ဘယ်လောက်ပဲ ချစ်ပါစေ သူတို့ရဲ့အချစ်တွေကို တန်ဖိုးမထားတတ်တဲ့ သူတွေကိုတော့ လက်လွှတ်လိုက်ဖို့ ဝန်မလေးကြပါဘူးနော်။ တကယ်လု့ိ မိန်းကလေးတစ်ယောက် စိတ်ကုန်သွားတဲ့အခါမှာ ဒီအချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ဖုန်းတွေ မခေါ်တော့ဘူး
မိန်းကလေးတွေက သူတို့ချစ်ရတဲ့သူကို အရမ်းစိုးရိမ်စိတ်ပူတတ်ကြတာမို့ ဖုန်းတွေဆက်ပြီး ဘယ်ရောက်နေတယ်၊ ဘယ်သွားနေတယ်၊ ဘာတွေလုပ်နေတယ် စသဖြင့် စိတ်ပူပေးတတ်ကြပါတယ်။
ဒါက သူတို့တကယ်ချစ်တဲ့သူကိုသာ လုပ်ပေးတတ်ကြတဲ့ အပြုအမူလေးတွေပါ။ ဒါပေမယ့် သူတို့ဂရုစိုက်ပေးမှုတွေ လိုက်လျူရှုခံရဖန်များတဲ့အခါ၊ သူတို့ရဲ့ အလေးထားမှုတွေကို တန်ဖိုးမသိတဲ့အခါ စိတ်ကုန်သွားတတ်ကြပြီး
အရင်ကလို ဖုန်းတွေဆက်တာမျိုး၊ သူမဆီကစပြီး ဖုန်းခေါ်တာမျိုး လုံးဝမလုပ်တတ်ကြတော့ပါဘူး။
သိချင်မှုတွေ ကုန်ဆုံးသွားပြီ
မိန်းကလေးတွေက သူတို့တကယ်ချစ်တဲ့သူရဲ့ ကိစ္စသေးသေးလေးတွေကစပြီး အကြီးကြီးတွေအထိ အကုန်သိချင်တတ်ကြတာပါ။ ဒါဟာ ချစ်ရသူကို ဂရုစိုက်ပေးချင်တဲ့စိတ်တွေ၊ အလေးထားချင်တဲ့ စိတ်တွေကြောင့်ဆိုတာ မမေ့ပါနဲ့နော်။
ဒါပေမယ့်လို့ သူတို့အပေါ် ငြိုငြင်တာတွေများပြီး စိတ်ထိခိုက်မှုတွေပဲ ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ အရင်ကလို စိတ်ဝင်စားမှုတွေ မရှိတော့ပဲ ပြောင်းလဲသွားတတ်ကြပါတယ်။ သူတို့စိတ်ကုန်သွားတဲ့အခါ သိချင်စိတ်တွေကုန်ဆုံးလာပြီး အဲဒီ့လူနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားတတ်ကြတော့ပါဘူး။
ပေးဆပ်မှုတွေ မရှိတော့ဘူး
မိန်းကလေးအများစုက သူတို့ချစ်ရတဲ့သူအပေါ် သစ္စာရှိတယ်၊ တန်ဖိုးထားပြီး ပေးဆပ်တတ်ကြပါတယ်။ ဒါပေမယ့် ပေးဆပ်တာနဲ့ မတန်လောက်အောင် သူတို့ရဲ့ ပေးဆပ်မှုတွေက အရာမရောက်တဲ့အခါ၊
သူတို့ဘက်ကပဲ တစ်ချိန်လုံး အချစ်တွေဂရုစိုက်မှုတွေ ပေးနေပေမယ့် သူတို့အပေါ်ကျ တန်ဖိုးထား ချစ်ခင်မှုတွေ ပြန်မလာတဲ့အခါ နောက်ဆုံးမှာ သူတို့စိတ်ကုန်သွားတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ သူတို့တွေဆီက ထပ်ပြီး ပေးဆပ်ဂရုစိုက်မှုတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့တော့။
အေးစက်လာတယ်
မိန်းကလေးတစ်ယောက် အေးစက်သွားတဲ့အခါ အရာအားလုံးထက် ကြောက်စရာပိုကောင်းပါတယ်နော်။ သူတို့ရင်နဲ့ရင်းပြီး ချစ်ခဲ့ရပေမယ့် သူတို့ရဲ့ အချစ်တွေက လျစ်လျူရှုတန်ဖိုးထား မခံရတဲ့အခါ၊ နာကျင်ခံစားရတာတွေ များလာတဲ့အခါ၊
သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားတဲ့အခါမှာ မိန်းကလေးတစ်ယောက်ဟာ အေးစက်သွားတတ်ကြပါတယ်။ ဒီအခြေအနေမျိုးမှာ ဘာဆိုဘာမှ စိတ်မဝင်စားတော့ပဲ
အရင်က ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ လက်လွှတ်လိုက်ရဖို့ကို မတွေဝေတတ်တော့သလို ရက်စက်လိုက်ဖို့ကိုလည်း ဝန်မလေးတတ်ကြတော့ပါဘူး။ ဒါက မိန်းကလေးတစ်ယောက် စိတ်ကုန်သွားတဲ့အခါမှာ တွေ့လာရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။
Khin
Zawgyi
မိန္းကေလးေတြရဲ႕ ႏွလုံးသားက အရမ္းကို ႏူးညံသိမ္ေမြ႕သလို အရမ္းလည္း မာေက်ာခက္ထန္တတ္ ပါတယ္ေနာ္။ မိန္းကေလးေတြက သူတို႔ခ်စ္ရတဲ့ သူေတြကို အစြမ္းကုန္ခ်စ္ျပတတ္ၾကတဲ့ သူေတြျဖစ္ၿပီး သူတို႔ရဲ႕ တန္ဖိုးထားမႈကို အသိအမွတ္ျပဳခံရခ်င္ၾကတဲ့ သူေတြပါ။
ဒါေပမယ့္ သူတို႔က ဘယ္ေလာက္ပဲ ခ်စ္ပါေစ သူတို႔ရဲ႕အခ်စ္ေတြကို တန္ဖိုးမထားတတ္တဲ့ သူေတြကိုေတာ့ လက္လႊတ္လိုက္ဖို႔ ဝန္မေလးၾကပါဘူးေနာ္။ တကယ္လု႔ိ မိန္းကေလးတစ္ေယာက္ စိတ္ကုန္သြားတဲ့အခါမွာ ဒီအခ်က္ေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။
ဖုန္းေတြ မေခၚေတာ့ဘူး
မိန္းကေလးေတြက သူတို႔ခ်စ္ရတဲ့သူကို အရမ္းစိုးရိမ္စိတ္ပူတတ္ၾကတာမို႔ ဖုန္းေတြဆက္ၿပီး ဘယ္ေရာက္ေနတယ္၊ ဘယ္သြားေနတယ္၊ ဘာေတြလုပ္ေနတယ္ စသျဖင့္ စိတ္ပူေပးတတ္ၾကပါတယ္။
ဒါက သူတို႔တကယ္ခ်စ္တဲ့သူကိုသာ လုပ္ေပးတတ္ၾကတဲ့ အျပဳအမူေလးေတြပါ။ ဒါေပမယ့္ သူတို႔ဂ႐ုစိုက္ေပးမႈေတြ လိုက္လ်ဴရႈခံရဖန္မ်ားတဲ့အခါ၊ သူတို႔ရဲ႕ အေလးထားမႈေတြကို တန္ဖိုးမသိတဲ့အခါ စိတ္ကုန္သြားတတ္ၾကၿပီး
အရင္ကလို ဖုန္းေတြဆက္တာမ်ိဳး၊ သူမဆီကစၿပီး ဖုန္းေခၚတာမ်ိဳး လုံးဝမလုပ္တတ္ၾကေတာ့ပါဘူး။
သိခ်င္မႈေတြ ကုန္ဆုံးသြားၿပီ
မိန္းကေလးေတြက သူတို႔တကယ္ခ်စ္တဲ့သူရဲ႕ ကိစၥေသးေသးေလးေတြကစၿပီး အႀကီးႀကီးေတြအထိ အကုန္သိခ်င္တတ္ၾကတာပါ။ ဒါဟာ ခ်စ္ရသူကို ဂ႐ုစိုက္ေပးခ်င္တဲ့စိတ္ေတြ၊ အေလးထားခ်င္တဲ့ စိတ္ေတြေၾကာင့္ဆိုတာ မေမ့ပါနဲ႔ေနာ္။
ဒါေပမယ့္လို႔ သူတို႔အေပၚ ၿငိဳျငင္တာေတြမ်ားၿပီး စိတ္ထိခိုက္မႈေတြပဲ ဆက္တိုက္ျဖစ္လာတဲ့အခါမွာေတာ့ အရင္ကလို စိတ္ဝင္စားမႈေတြ မရွိေတာ့ပဲ ေျပာင္းလဲသြားတတ္ၾကပါတယ္။ သူတို႔စိတ္ကုန္သြားတဲ့အခါ သိခ်င္စိတ္ေတြကုန္ဆုံးလာၿပီး အဲဒီ့လူနဲ႔ပတ္သက္တဲ့ ဘယ္အရာကိုမွ စိတ္မဝင္စားတတ္ၾကေတာ့ပါဘူး။
ေပးဆပ္မႈေတြ မရွိေတာ့ဘူး
မိန္းကေလးအမ်ားစုက သူတို႔ခ်စ္ရတဲ့သူအေပၚ သစၥာရွိတယ္၊ တန္ဖိုးထားၿပီး ေပးဆပ္တတ္ၾကပါတယ္။ ဒါေပမယ့္ ေပးဆပ္တာနဲ႔ မတန္ေလာက္ေအာင္ သူတို႔ရဲ႕ ေပးဆပ္မႈေတြက အရာမေရာက္တဲ့အခါ၊
သူတို႔ဘက္ကပဲ တစ္ခ်ိန္လုံး အခ်စ္ေတြဂ႐ုစိုက္မႈေတြ ေပးေနေပမယ့္ သူတို႔အေပၚက် တန္ဖိုးထား ခ်စ္ခင္မႈေတြ ျပန္မလာတဲ့အခါ ေနာက္ဆုံးမွာ သူတို႔စိတ္ကုန္သြားတတ္ၾကပါတယ္။ ဒီလိုဆိုရင္ေတာ့ သူတို႔ေတြဆီက ထပ္ၿပီး ေပးဆပ္ဂ႐ုစိုက္မႈေတြ ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔ေတာ့။
ေအးစက္လာတယ္
မိန္းကေလးတစ္ေယာက္ ေအးစက္သြားတဲ့အခါ အရာအားလုံးထက္ ေၾကာက္စရာပိုေကာင္းပါတယ္ေနာ္။ သူတို႔ရင္နဲ႔ရင္းၿပီး ခ်စ္ခဲ့ရေပမယ့္ သူတို႔ရဲ႕ အခ်စ္ေတြက လ်စ္လ်ဴရႈတန္ဖိုးထား မခံရတဲ့အခါ၊ နာက်င္ခံစားရတာေတြ မ်ားလာတဲ့အခါ၊
သည္းခံႏိုင္စြမ္းေတြ ကုန္ဆုံးသြားတဲ့အခါမွာ မိန္းကေလးတစ္ေယာက္ဟာ ေအးစက္သြားတတ္ၾကပါတယ္။ ဒီအေျခအေနမ်ိဳးမွာ ဘာဆိုဘာမွ စိတ္မဝင္စားေတာ့ပဲ
အရင္က ဘယ္ေလာက္ပဲ ခ်စ္ခဲ့ခ်စ္ခဲ့ လက္လႊတ္လိုက္ရဖို႔ကို မေတြေဝတတ္ေတာ့သလို ရက္စက္လိုက္ဖို႔ကိုလည္း ဝန္မေလးတတ္ၾကေတာ့ပါဘူး။ ဒါက မိန္းကေလးတစ္ေယာက္ စိတ္ကုန္သြားတဲ့အခါမွာ ေတြ႕လာရမယ့္ အခ်က္ေတြပဲ ျဖစ္ပါတယ္။
Khin