`လှတာမက်ရင် ညစာခက်` လူ့လောကကို ပြောချင်နေတာ ဒီကိစ္စ
Credit: Zarni Zeya
Unicode
လှတာလေးမှမက်တဲ့ လူ့လောကကို ပြောချင်နေတာ ဒီကိစ္စ
မနက်စောစော မှာ သတင်းတခု ရောက်လာပါတယ် ။ ကျနော့် မိတ်ဆွေ ကြီး ရဲ့ နောက်ဆုံးအချိန် ကို စောင့်နေကြ ပြီတဲ့ ။
ရောဂါ က အသည်းကင်ဆာ ။ အသက်က ၅၅ နှစ်။ခေတ်ပညာတတ် အရာရှိကြီး ။ အရက်မသောက်ဆေးလိပ်မသောက် ။
ကျန်းမာရေး လိုက်စားသူ ။အစားကောင်း တွေ သိပ်ကြိုက်သူ ။ နိူင်ငံတကာကို လှည့်သွားနေ ပေမယ့် မြန်မာ ပြည်က လမ်းဘေးစာ ကို မှ တရှိုက်မက်မက် စား တတ် တဲ့သူ ။
သိကြ ရဲ့လားဗျာ ။ မြန်မာတွေ ကမ္ဘာ ကျော်နေပြီဆိုတာ ။ ကမ္ဘာ့ အဆင့် တစ် ကို တက်လှမ်းနေပြီဆိုတာ ။ ဘာ အဆင့် လဲ သိလား ။ ကင်ဆာ ဖြစ်နှုန်းဗျ ။
ကျနော် တို့ ဓာတု ပစ္စည်း တွေ နဲ့ ပြုပြင် စီရင်ထားတဲ့ ပါတ်ဝန်းကျင် မှာ ကျရောက် နေပြီ ဆိုတာသိကြ ရဲ့လားဗျာ ။
လက်တွေ့ ပြချင်တာ နဲ့ ကြောင်ကြီး ကို နာမည်ကြီးသူဌေးတွေ ဝယ်တတ် တဲ့ လမ်းဘေး သစ်သီး ဆိုင်က သရက်သီး နဲ့ ဌက်ပျောသီး သွားဝယ် ခိုင်းလိုက်ပြီး
လက်တွေ့ ခွဲ ပြထား ပါတယ် ။ လက်မှာ စွဲ နေတဲ့ ဆိုးဆေး ကို ရေ နဲ့ အကြိမ် ကြိမ် ဆေးတောင်မစင် ပါဘူးဗျာ ။ အရသာကလည်း ခိူ မှ ခိူ ။
နစ် နေတာ ပါပဲ ။ ဆေးသကြား တွေ ထိုးထား စိမ်ထားတာ ကိုး ။ ဌက်ပျောသီး လဲ အတူတူ ပဲ ။အားလုံး ကို စိတ်နာနာ နဲ့ အမှိုက် ပုံ ထဲ ပစ်ထဲ့ လိုက်တယ် ။
ကျနော် စားတာ က စီးတီးမတ် က ဝယ်လာတဲ့ဌက်ပျောချဉ် ။ ကောင်းမှ ကောင်း ။ ခိူခိူ ချဉ်ချဉ်လေး ။ လှတော့ မလှ ဘူးပေါ့လေ ။
လှတာမက်ရင် တဘဝစာ ခက်ကုန်ပါ့မယ် ။မြန်မာပြည်မှာ လှတာမက်လို့ မရတော့ဘူး။
Credit: Zarni Zeya