(၁)ရက်နေ့မှာ ဆိုင်ဖွင့်မှာလားပိတ်မှာလားလို့မေးလာလူတွေအပေါ် ပညာသားပါပါ လေး ပြန်ဖြေလိုက်တဲ့ မယ်လိုဒီခေါင်

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အသက်ငယ်ငယ်လေးနဲ့ လာရောက်သီဆိုယှဉ်ပြိုင်ခဲ့တဲ့ မယ်လိုဒီခေါင်ကတော့ Winnerဆုကြီးနဲ့လွဲချော်ခဲ့ပေမယ့်အခုဆိုရင် အဆို တော်တစ်ယေ ာက်အဖြစ် ပရိသတ်လက်ခံ အားပေးမှုကို ရရှိနေပြီပဲဖြစ်ပါတယ်။

ဂီတအနုပညာအလုပ်အပြင်ကိုယ်ပိုင်ဖက်ရှင်ဆိုင်နဲ့ဖိနပ်ဆိုင်တို့ကိုဖွင့်လှစ်ထားတဲ့ မယ်လိုဒီခေါင်ဟာ လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဆိုင်ဖွင့်မှာလား ပိတ်မှာလားဆိုတဲ့မေးခွန်းအပေါ် ပညာသားပါပါနဲ့ ပြောလာတာကိုတွေ့ရပါတယ်။

 

 

မယ်လိုဒီခေါင်က “၁ရက်နေ့ ဆိုင်ဖွင့်လားဆိုတော့? မမဆောင်လိုပဲဖြေမယ်နော်။ ဖွင့်လဲဖွင့်တယ်။ မဖွင့်လည်းမဖွင့်ဘူး။ ဖွင့်တယ် ဒါပေမယ့်လာမဝယ်ကြနဲ့။ မဖွင့်ရင် ချိတ်ပိတ်သိမ်းမယ် ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကိုဖမ်းမယ်လို့ သူတို့ကိုယ်တိုင် လာပြောသွားပါတယ်။သူတို့ရဲ့ အဓမ္မစိတ်ကျေနပ်သွားအောင် ဖွင့်ပါမ် ပြန်ပြောလိုက်ပါတယ်။

 

တံခါးဖွင့်ထားပေးပါမယ် ဒါပေမယ့် လာမဝယ်ကြပါနဲ့နော်။ လုံးဝမရောင်းပေးပါဘူး” လို့ပြောလာတာပဲဖြစ်ပါတယ်။မယ်လိုဒီခေါင်ကတော့လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ သူမရဲ့ဆိုင်ကို ဖွင့်လှစ်ထားမှာဖြစ်ကြောင်းကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြတ်ပြတ်သားသားပြောလာခဲ့တာပဲဖြစ်ပါတယ်။

The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲမွာ အသက္ငယ္ငယ္ေလးနဲ႔ လာေရာက္သီဆိုယွဥ္ၿပိဳင္ခဲ့တဲ့ မယ္လိုဒီေခါင္ကေတာ့ Winnerဆုႀကီးနဲ႔လြဲေခ်ာ္ခဲ့ေပမယ့္အခုဆိုရင္ အဆို ေတာ္တစ္ေယ ာက္အျဖစ္ ပရိသတ္လက္ခံ အားေပးမႈကို ရရွိေနၿပီပဲျဖစ္ပါတယ္။

ဂီတအႏုပညာအလုပ္အျပင္ကိုယ္ပိုင္ဖက္ရွင္ဆိုင္နဲ႔ဖိနပ္ဆိုင္တို႔ကိုဖြင့္လွစ္ထားတဲ့ မယ္လိုဒီေခါင္ဟာ လာမယ့္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွာ ဆိုင္ဖြင့္မွာလား ပိတ္မွာလားဆိုတဲ့ေမးခြန္းအေပၚ ပညာသားပါပါနဲ႔ ေျပာလာတာကိုေတြ႕ရပါတယ္။

မယ္လိုဒီေခါင္က “၁ရက္ေန႔ ဆိုင္ဖြင့္လားဆိုေတာ့? မမေဆာင္လိုပဲေျဖမယ္ေနာ္။ ဖြင့္လဲဖြင့္တယ္။ မဖြင့္လည္းမဖြင့္ဘူး။ ဖြင့္တယ္ ဒါေပမယ့္လာမဝယ္ၾကနဲ႔။ မဖြင့္ရင္ ခ်ိတ္ပိတ္သိမ္းမယ္ ပိုင္ရွင္နဲ႔ ဝန္ထမ္းေတြကိုဖမ္းမယ္လို႔ သူတို႔ကိုယ္တိုင္ လာေျပာသြားပါတယ္။သူတို႔ရဲ႕ အဓမၼစိတ္ေက်နပ္သြားေအာင္ ဖြင့္ပါမ္ ျပန္ေျပာလိုက္ပါတယ္။

တံခါးဖြင့္ထားေပးပါမယ္ ဒါေပမယ့္ လာမဝယ္ၾကပါနဲ႔ေနာ္။ လုံးဝမေရာင္းေပးပါဘူး” လို႔ေျပာလာတာပဲျဖစ္ပါတယ္။မယ္လိုဒီေခါင္ကေတာ့လာမယ့္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွာ သူမရဲ႕ဆိုင္ကို ဖြင့္လွစ္ထားမွာျဖစ္ေၾကာင္းကို ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ျပတ္ျပတ္သားသားေျပာလာခဲ့တာပဲျဖစ္ပါတယ္။