(၁) သံပရိုရည်
(၂) ကြက်သွန်ဖြူ
(၃) နွားနို့
(၄) ရှားစောင်းလက်ပပ်
Hannwe Soe
Unicode
မျက်နှာပေါ်က အမာရွတ်အမည်းစက်တွေပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းများ…
မျက်နှာပေါ်မှာ အမည်းစက်တွေ အနည်း နဲ့ အများ ရှိနေတာက သင့်ကို မှန်ကြည့်တိုင်း စိတ်အနှောင့်အယှက်ပေးပါတယ်။ ပြသနာတိုင်းအတွက် အဖြေဆိုတာ ရှိပါတယ်။
အခုမှာဆိုရင်လည်း နေရောင်ကြောင့် ၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တဲ့ အမည်းစက်တွေကို သက်သာပျောက်ကင်းစေနိုင်မယ့် အဖြေဆိုတာ ရှိပါတယ် …။
(၁) သံပရိုရည်
ပါဝင်ပစ္စည်းများ – သံပရိုသီး (တစ်ဝက်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)
– သံပရိုသီးကနေ အရည်ကို ညှစ်ထုတ်ပေးပြီး ပျားရည်ထည့်ရောပေးပါ ။
– မျက်နှာပေါ် လိမ်းပေးပြီး (၁၀-၁၅) မိနစ် နှပ်ထားပေးပါ ။
– ရေနွေးနွေး နဲ့ မျက်နှာသစ်ပေးပါ ။
(၂) ကြက်သွန်ဖြူ
ပါဝင်ပစ္စည်းများ – ကြက်သွန်နီ (အနည်းငယ်) ၊ ကြက်သွန်ဖြူ ( ၁ မြွာ)
– ကြက်သွန် အနီ နဲ့ အဖြူကို ရောကြိတ်ပေးပါ ။
– ရလာတဲ့အရောနဲ့ အမည်းစက်ပေါ်ကို အုပ်လိမ်းပေးပြီး (၁၅) မိနစ်လောက် နှပ်ထားပေးပါ ။
– အနံ့ပျောက်အောင်ထိ မျက်နှာသစ်ပေးပါ ။
– နေ့တိုင်း (၁) ကြိမ်လုပ်ပေးပါ ။
(၃) နွားနို့
ပါဝင်ပစ္စည်းများ – နွားနို့ (စားပွဲတင်ဇွန်း ၁ ဇွန်း)၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)
– ပါဝင်ပစ္စည်းတွေ အားလုံးကိုရောပေးပြီး အမည်းစက်ပေါ်ကို လိမ်းပေးပါ …။
– (၁၅) မိနစ်လောက် သိပ်ထားပေးပြီး မျက်နှာသစ်ပေးပါ …။
– တစ်နေ့ကို (၁) ကြိမ် ပြုလုပ်ပေးပါ …။
(၄) ရှားစောင်းလက်ပပ်
ပါဝင်ပစ္စည်းများ – သဘာ၀ ရှားစောင်းလက်ပပ်အနှစ် ၊ နှင်းဆီပေါင်းခံရည် (အနည်းငယ်)
– သဘာဝရှားစောင်းလက်ပပ်အပင်ကနေ အနှစ်ကိုယူပေးပါ။ မျက်နှာတစ်ပြင်လုံးကို လိမ်းဖို့ပမာဏလောက်ကို ယူပြီး နှင်းဆီပေါင်းခံရည် နဲ့ ရောပေးပါ …။
– မျက်နှာပေါ်ကို လိမ်းပေးပြီး (၁၅) မိနစ်လောက် နှပ်ထားပေးပါ …။
– မျက်နှာမသစ်ခင် (၂-၃) မိနစ်လောက် နှိပ်နယ်ပေးပါ …။ ။
Hannwe Soe