ဆွမ်းခံ နောက်ကျလို့ ရိုက်နှက်ခံရပြီး သွားကျိုးသွားတဲ့ ဆရာလေးတစ်ပါး ဆေးကုသဖို့ အခက်အခဲကြုံနေ
ရွှေဖီမြေ၊ ဇန်နဝါရီ ၂၈ ရက်၊ နမ့်ဆန်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ဇယန်းသီလရှင်ကျောင်းမှာ ကျောင်းသွားတက်တဲ့ ဆရာလေး ၂ ပါးကို ကျောင်းထိုင်သီလရှင်က ဇန်နဝါရီ ၂၃ ရက်မှာ ပါးရိုက်ရာ တစ်ပါးက သွားကျိုးတဲ့အတွက် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ရိုက်ခံရပြီး သွားကျိုးသွားတဲ့ ဆရာလေးတစ်ပါးဟာ မဟေမာနန္ဒီ(ခ)လွေးသန္တာအေးဖြစ်ပြီး ရှမ်းမြောက် တအာင်း (ပလောင်)ဒေသ နမ့်ဆန်မြို့နယ် ဟိုက်တမ်ကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
မဟေမာနန္ဒီက “ဆွမ်းခံကြွပြီး ပြန်လာတာနောက်ကျလို့ ခဏခဏ ရိုက်ခံရတယ်။ အိပ်ယာထတာနောက်လို့ သူများတရားထိုင်ချိန်မှာ အချိန်မမှီလည်း ရိုက်ခံရတယ်။ အခုရိုက်တာကတော့ မျက်နှာထိပြီး သွားကျိုးသွားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
မဟေမာနန္ဒီဟာ ၅ တန်းတက်မယ့် ဆရာလေးတစ်ပါးဖြစ်သလို ဇယန်းသီလရှင်စာသင်တိုက်မှာ ဆရာလေး ဒေါ်ဥတ္တနန္ဒီက ထိန်းကျောင်းတာဖြစ်ပြီး သီလရှင်လေးတွေကို မကြာခဏ ရိုက်လေ့ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
မိခင်ဖြစ်သူက “ကျွန်မသမီးကို အပြစ်မပေးနဲ့လို့ မပြောဘူး။ ပေးသင့်သလောက်ပေးပါ။ အခုကျတော့ ရိုက်ပြီးမှ မတော်တဆ ထိသွားတယ်လို့ပြောနေတာ။
အခု သမီးလေးက ထမင်းတောင် မစားနိုင်တော့ဘူး။ ဆေးဖိုးလည်း မရှိဘူး။ နွားရောင်းပြီး ဆေးကုနေရတာ” လို့ ပြောပါတယ်။
အခုလို ရိုက်နှက်ခံထားရတဲ့အတွက် ဇယန်းသီလရှင် စာသင်တိုက်မှာ သီလရှင်ဝတ်ပြီး ကျောင်းသွားတက်တဲ့ ဟိုက်တမ်ရွာက ကလေးတွေကို အကုန်ပြန်ခေါ်လိုက်ပြီလို့ ပြောပါတယ်။
“သူ့သူငယ်ချင်းလည်း ရိုက်ခံရတယ်။ ပေါင်မှာရော၊ ခြေထောက်မှာရော ရိုက်ခံရတဲ့အရာတွေပဲ။ ကျမသမီးကို သွားကြိုတဲ့အချိန် အဲဆရာလေးက ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာ။
စကားလည်း မပြောဘူး။ ဆေးဖိုးပေးမယ်လို့လည်း မပြောဘူး။ တောင်းပန်ဖို့မပြောနဲ့ လာတောင်မတွေ့ဘူး” ဆိုပြီး မိခင်ဖြစ်သူက ဆက်ပြောပြပါတယ်။
လက်ရှိ ကျန်နေတဲ့ သီလရှင်လေးတွေကို မရိုက်နှက်ဖို့နဲ့ ရိုက်နှက်တဲ့ ဆရာလေး ဒေါ်ဥတ္တနန္ဒီကိုလည်း တရားဥပဒေအရ အရေးယူစေချင်တယ်လို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
#ဆရာလေး #ရိုက်ခံရ #သွားကျိုး
#ပြင်ဦးလွင် #နမ့်ဆန်
#ဓာတ်ပုံ- LKO
===========
ဆြမ္းခံ ေနာက္က်လို႔ ႐ိုက္ႏွက္ခံရၿပီး သြားက်ိဳးသြားတဲ့ ဆရာေလးတစ္ပါး ေဆးကုသဖို႔ အခက္အခဲႀကဳံေန
ေ႐ႊဖီေျမ၊ ဇန္နဝါရီ ၂၈ ရက္၊ နမ့္ဆန္
မႏၲေလးတိုင္း ျပင္ဦးလြင္ၿမိဳ႕ရွိ ဇယန္းသီလရွင္ေက်ာင္းမွာ ေက်ာင္းသြားတက္တဲ့ ဆရာေလး ၂ ပါးကို ေက်ာင္းထိုင္သီလရွင္က ဇန္နဝါရီ ၂၃ ရက္မွာ ပါး႐ိုက္ရာ တစ္ပါးက သြားက်ိဳးတဲ့အတြက္ ေဆးကုသဖို႔ အခက္အခဲ ျဖစ္ေနတယ္လို႔ သိရပါတယ္။
႐ိုက္ခံရၿပီး သြားက်ိဳးသြားတဲ့ ဆရာေလးတစ္ပါးဟာ မေဟမာနႏၵီ(ခ)ေလြးသႏၲာေအးျဖစ္ၿပီး ရွမ္းေျမာက္ တအာင္း (ပေလာင္)ေဒသ နမ့္ဆန္ၿမိဳ႕နယ္ ဟိုက္တမ္ေက်း႐ြာမွာ ေနထိုင္သူျဖစ္ပါတယ္။
မေဟမာနႏၵီက “ဆြမ္းခံႂကြၿပီး ျပန္လာတာေနာက္က်လို႔ ခဏခဏ ႐ိုက္ခံရတယ္။ အိပ္ယာထတာေနာက္လို႔ သူမ်ားတရားထိုင္ခ်ိန္မွာ အခ်ိန္မမွီလည္း ႐ိုက္ခံရတယ္။ အခု႐ိုက္တာကေတာ့ မ်က္ႏွာထိၿပီး သြားက်ိဳးသြားတယ္” လို႔ ေ႐ႊဖီေျမကို ေျပာပါတယ္။
မေဟမာနႏၵီဟာ ၅ တန္းတက္မယ့္ ဆရာေလးတစ္ပါးျဖစ္သလို ဇယန္းသီလရွင္စာသင္တိုက္မွာ ဆရာေလး ေဒၚဥတၱနႏၵီက ထိန္းေက်ာင္းတာျဖစ္ၿပီး သီလရွင္ေလးေတြကို မၾကာခဏ ႐ိုက္ေလ့ရွိတယ္လို႔ ၎က ဆိုပါတယ္။
မိခင္ျဖစ္သူက “ကြၽန္မသမီးကို အျပစ္မေပးနဲ႔လို႔ မေျပာဘူး။ ေပးသင့္သေလာက္ေပးပါ။ အခုက်ေတာ့ ႐ိုက္ၿပီးမွ မေတာ္တဆ ထိသြားတယ္လို႔ေျပာေနတာ။
အခု သမီးေလးက ထမင္းေတာင္ မစားႏိုင္ေတာ့ဘူး။ ေဆးဖိုးလည္း မရွိဘူး။ ႏြားေရာင္းၿပီး ေဆးကုေနရတာ” လို႔ ေျပာပါတယ္။
အခုလို ႐ိုက္ႏွက္ခံထားရတဲ့အတြက္ ဇယန္းသီလရွင္ စာသင္တိုက္မွာ သီလရွင္ဝတ္ၿပီး ေက်ာင္းသြားတက္တဲ့ ဟိုက္တမ္႐ြာက ကေလးေတြကို အကုန္ျပန္ေခၚလိုက္ၿပီလို႔ ေျပာပါတယ္။
“သူ႔သူငယ္ခ်င္းလည္း ႐ိုက္ခံရတယ္။ ေပါင္မွာေရာ၊ ေျခေထာက္မွာေရာ ႐ိုက္ခံရတဲ့အရာေတြပဲ။ က်မသမီးကို သြားႀကိဳတဲ့အခ်ိန္ အဲဆရာေလးက ေရွာင္ဖယ္ေရွာင္ဖယ္ လုပ္ေနတာ။
စကားလည္း မေျပာဘူး။ ေဆးဖိုးေပးမယ္လို႔လည္း မေျပာဘူး။ ေတာင္းပန္ဖို႔မေျပာနဲ႔ လာေတာင္မေတြ႕ဘူး” ဆိုၿပီး မိခင္ျဖစ္သူက ဆက္ေျပာျပပါတယ္။
လက္ရွိ က်န္ေနတဲ့ သီလရွင္ေလးေတြကို မ႐ိုက္ႏွက္ဖို႔နဲ႔ ႐ိုက္ႏွက္တဲ့ ဆရာေလး ေဒၚဥတၱနႏၵီကိုလည္း တရားဥပေဒအရ အေရးယူေစခ်င္တယ္လို႔ မိသားစုဝင္ေတြက ေတာင္းဆိုေနၾကပါတယ္။
#ဆရာေလး #႐ိုက္ခံရ #သြားက်ိဳး
#ျပင္ဦးလြင္ #နမ့္ဆန္
#ဓာတ္ပုံ- LKO