











Unicode

လမ်းမှာတွေ့ရင်တောင် လာမနှုတ်ဆက်ပါနဲ့လို့ ယုန်လေးကို ဒဲ့ပြောလာတဲ့ “စမိုင်းလ်”

လမ်းမှာတွေ့ရင်တောင် လာမနှုတ်ဆက်ပါနဲ့လို့ ယုန်လေးကို ဒဲ့ပြောလာတဲ့ “စမိုင်းလ်”

သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ယုန်လေးကတော့ လက်ရှိမှာ သူ့ရဲ့ ” ငါတို့အားလုံးရဲ့မြေ” သီချင်းနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

ယုန်လေးရဲ့ Music Video တင်ဆက်ပုံက တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ နားလည်မှုလွဲမှားသလို အနုပညာရှင်အချင်းချင်းကပါ စိတ်ပျက်စေခဲ့ရတာပဲ ဖြစ်ပါတယ်။

ယုန်လေးကတော့ သူ့ရဲ့အမှားတွေ အားလုံးကို ဝန်ချတောင်းပန်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တစ်နိုင်ငံလုံးကို တောင်းပန်ကြောင်း ပြောထားပြီးပြီပဲ ဖြစ်ပါတယ်

ယုန်လေးရဲ့ တင်ဆက်ပုံမှားယွင်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြတဲ့ အနုပညာရှင်တော်တော်များများနဲ့တကွ သရုပ်ဆောင်စမိုင်းလ်ကလည်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ရေးသားထားပါတယ်။

စမိုင်းလ်ကတော့ “ယုန်လေးရေ လမ်းမှာတွေ့ရင်တောင် လာမနှုတ်ဆက်ပါနဲ့” ဆိုပြီး ပြတ်ပြတ်သားသား ပြောထားတာပဲ ဖြစ်ပါတယ်

ယုန်လေးကတော့ သူ့ကိုဝေဖန်ထောက်ပြတဲ့ အနုပညာရှင်တိုင်းကိုလည်း မျက်နှာမပြဝံ့အောင် အားနာရကြောင်း ဒီကနေ့ Live ဗီဒီယိုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ယုန်လေးကလည်း သူ့ရဲ့ အမှားတွေကို သိရှိပြီးဖြစ်လို့ မကြာခင်မှာ အားလုံးအဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Source: စမိုင်းလ် Smile’s fb