နာရေးအိမ်တွေမှာ တွေ့ရတဲ့ လိပ်ပြာခေါ်တယ် ဆိုတာ ဘာလဲ…

နာရေးအိမ်တွေမှာ တွေ့ရတဲ့ လိပ်ပြာခေါ်တယ် ဆိုတာ ဘာလဲ

နာရေးအိမ်တွေမှာ တွေ့ရတဲ့ လိပ်ပြာခေါ်တယ် ဆိုတာ ဒါပါပဲ..

(မေး) အရှင်ဘုရား၊ တပည့်တော်ဦးစွာရှစ်ခိုး ဦးခိုက်လိုက်ပါတယ်။ တပည့်တော်သိချင်တာလေးတစ်ခုလောက် မေးလျှောက်ချင်လို့ပါဘုရား။ လူတစ်ယောက်သေပြီးရင် နောက်ဘဝတစ်ခုကို ချက်ချင်းကူးပြောင်းတယ်လို့သိရပါတယ်။ ဝိညာဉ်ဆိုတာမရှိဘူးလို့ဆိုတယ်။ တပည့်တော်နားမလည်တာက နာရေးတွေမှာတွေ့ရတဲ့ လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။

 

အသုဘချတဲ့နေ့မှာ သေသူရဲ့လိပ်ပြာကို အိမ်ကိုခေါ်လာရတဲ့ အလေ့တစ်ခုကိုလုပ်ကြတယ်။ လိပ်ပြာခေါ်လာတဲ့သူက စကားမပြောရဘူး၊ နာက်လှည့်မကြည့်ရဘူးလို့ပြောပါတယ်။ ဘာကြောင့်အဲ့လိုလုပ်ရတာလည်းဆိုတာရယ်၊ လိပ်ပြာတစ်ကယ်ခေါ်လို့ရသလားဆိုတာ တပည့်တော်သိချင်ပါ တယ်ဘုရား။

ဒီဘက်ဘဝသေတာနဲ့ နောက်ဘဝတစ်ခုကိုချက်ချင်းပြောင်းတယ်ဆိုတော့ သေသူရဲ့ဝိညာဉ်ကို ဘယ်လိုခေါ်လို့ရလည်းဆိုတာကို တပည့်တော်ရှင်းရှင်းလင်းလင်း သိချင်ပါတယ်ဘုရား။ တပည့်တော်ကဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ပါ။

ခုလိုမေးတာတရားတော်တွေကို မယုံလို့မဟုတ်ပါဘူး။ တပည့်မသိသေးတာသိချင်တာ၊ အမြင်မှားနေတာကို အမှန်ရချင်တာပါဘုရား။ အရှင်ဘုရားအချိန်ရတဲ့အခါ တပည့်တော်မေးခွန်းလေးကို ဖြေပေးပါဘုရား။ အရှင်ဘုရားကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုးကို ထမ်းဆောင်နိုင်ပါစေဘုရား။

(ဖြေ) မင်္ဂလာပါ၊ မေးသင့်တဲ့မေးခွန်းပဲဖြစ်ပါတယ်။

သေတာနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာအလိုအရတော့ ရုပ်ဇီဝိတလို့ခေါ်တဲ့ရုပ်သက်နဲ့ နာမ်ဇီဝိတလို့ခေါ်တဲ့ နာမ်သက်ချုပ်သွားတာကို သေတာလို့ပြောတာဖြစ်ပါတယ်။ သတ္တဝါတစ်ဦးတစ်ယောက် သေသွားတယ်ဆိုတာ အဲဒီလိုနာမ်ရုပ်ချုပ်သွားတာကို ဆိုတာဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ထင်နေသလို ရုပ်သာသေပြီးဝိညာဉ်ကမသေဘဲ တခြားဘဝကူးပြောင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာအယူအဆမှာ ဝိညာဉ်ဆိုတာလည်းမရှိပါဘူး။

သတ္တဝါတစ်ဦးတစ်ယောက် အဲဒီနာမ်သက်၊ရုပ်သက် ချုပ်သွားတာနဲ့တစ်ပြိုက်တည်း ဘဝတစ်ခုကို ကူးပြောင်းသွားတာဖြစ်ပါတယ်။ ဝိညာဉ်လိပ်ပြာမရှိရင် ဘာကကူးသွားတာလဲလို့ မေးစရာရှိပါတယ်။ ကံစွမ်းတွေကဘဝသစ်ကိုပုံဖော်ပြီး ကူးပြောင်းသွားတာဖြစ်ပါတယ်။

မသေခင်ပြုလုပ်ထားတဲ့ ကုသိုလ်ကံ၊အကုသိုလ်ကံတွေရဲ့အစွမ်းတွေနဲ့ ကောင်းကံတွေလုပ်တဲ့သူတွေဟာ ကောင်းတဲ့သုဂတိဘုံတွေမှာ ပြန်ဖြစ်တာဖြစ်ပြီး မကောင်းကံတွေလုပ်တဲ့သူတွေဟာ မကောင်းတဲ့ဒုဂ္ဂတိဘုံတွေမှာ ချက်ချင်းဖြစ်ကြရတာဖြစ်ပါတယ်။

ဒီလိုကံစွမ်းတွေနဲ့ ဘဝအသစ်ကိုဖြစ်တဲ့သူတွေအနေနဲ့ ဘဝတစ်ခုချုပ်သွားတာနဲ့ နောက်ထပ်ဘဝတစ်ခုမှာ ချက်ချင်းသွားဖြစ်တာဖြစ်ပါတယ်။ ကြားမှာဟိုမှာနေတာ၊ ဒီမှာနေတာ၊ ဘယ်နှစ်ရက်နေမှထွက်သွားတာ၊ ဘယ်နှစ်ရက်နေမှကျွတ်သွားတာ စတာတွေမရှိပါဘူး။

တစ်ခါတလေတစ်ချို့သတ္တဝါတွေဟာ သေပြီးနောက်မှာမိမိတို့နဲ့ သက်ဆိုင်တဲ့ဝန်းကျင်နားမှာ တစ်ခုခုပုံရိပ်ပြတာတို့၊ အသံပြုတာတို့စသဖြင့် လုပ်ပြတတ်တာတွေရှိပြီး သူ့အတွက်ကုသိုလ်လုပ် အမျှပေးဝေပြီးမှာ ပျောက်သွားတာမျိုးတွေရှိတတ်ပါတယ်။ ဒီသဘောတွေဟာလည်း ဘဝကူးရေးအတွက်ကြားခံအနေနဲ့ ဝိညာဉ်လိပ်ပြာပုံစံမျိုးမဟုတ်ပါဘူး။

 

ဒါဟာသေပြီးပြီးချင်း ဘဝအသစ်တစ်ခုမှာ ဖြစ်သွားတာပဲဖြစ်ပါတယ်။ သေခါနီးမှာအစွဲတစ်ခုခုကြောင့် သေသွားတဲ့သတ္တဝါတွေဟာ ပေတဆိုတဲ့တစ္ဆေ၊သရဲ၊ပြိတ္တာ၊ နာနာဘာဝလိုဘဝမျိုးမှာ သွားဖြစ်တာပဲဖြစ်ပါတယ်။ လိပ်ပြာကောင်လေး၊ ဝိညာဉ်ကောင်လေးအနေနဲ့ လှည့်လည်နေတဲ့သဘောမျိုးမဟုတ်ပါဘူး။

နောက်တော့အဲဒီပြိတ္တာဘဝကနေ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်အဖို့ကိုအမျှရပြီး နောက်ထပ်ဘဝအသစ်ကို ရောက်သွားတဲ့အခါမှာ ဒီလိုတစ္ဆေသရဲ ပြိတ္တာဘဝက လွတ်သွားခြင်းသဘောမျိုးဖြစ်ပါတယ်။ ဒီလိုတစ်ဘဝကနေ တစ်ဘဝကိုကူးပြောင်းသွားတာဟာ ကံစွမ်းတွေပဲဖြစ်ပြီး ဝိညာဉ်ကကူးသွားတာမဟုတ်ပါဘူး။

ဆိုတော့ကားမေးခွန်းရှင်ပြောသလို နားရေးတွေမှာလိပ်ပြာခေါ်တာ၊ အိုးခွဲတာစတာတွေဟာ အရိုးစွဲနေတဲ့ရှေးရိုးအယူအဆတွေလို့ပဲ ပြောရမှာဖြစ်ပါတယ်။ တကယ်လည်းလိပ်ပြာဆိုတာမရှိသလို၊ မရှိတဲ့လိပ်ပြာဆိုတာလည်း ခေါ်လို့ရတာမဟုတ်ပါဘူး။

တကယ်လို့တိုက်တိုက်ဆိုင်ဆိုင် အဲဒီလိုလုပ်ခဲ့လို့ အိမ်မှာထူးခြားမှုဖြစ်တာ၊ အသံပြုတာ၊အနံ့နံတာ၊ ခြောက်တာစတာတွေဖြစ်ခဲ့ရင် ဒါဟာလိပ်ပြာက သုဿာန်ကပါလာတာမဟုတ်ဘဲ ပေတဆိုတဲ့ပြိတ္တာဘဝကရောက်သွားတဲ့ သေသူရဲ့ပုံရိပ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

ဘုန်းဘုန်းတို့မြန်မာပြည်မှာ သေသူနဲ့ပတ်သက်ပြီး အဲဒီလိုအရိုးစွဲနေတဲ့ ရေးရိုးစွဲအယူအဆတွေ အများကြီးရှိနေတတ်ပါတယ်။ ဥပမာသေသွားတဲ့ရုပ်ကောင်ကို သရဏဂုံတင်တာတို့၊ သေသူကိုမီးမသဂြိုဟ်ခင် သူကြိုက်တတ်တဲ့အစားအသောက်တွေ ပြင်ဆင်ပြီးကျွေးတာတို့၊ သေသူအတွက်ဘာပစ္စည်း၊ ညာပစ္စည်းထည့်ပေးတာတို့ စသဖြင့်အများကြီးပါပဲ။

ဒါတွေဟာတကယ်တော့ လွဲမှားနေတဲ့ရှေးရိုးစွဲ အယူအဆတွေပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်ပါဘူး။ တစ်ချို့လည်းဘာမှမသိတော့ ဒီလိုလုပ်ပေးရတယ်ထင်ပြီး နောက်မျိုးဆက်တွေက ဆက်လုပ်နေကြခြင်းပဲဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု ရှိလို့တော့မဟုတ်ပါဘူး။ သေသူအတွက်အကောင်းဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးအလုပ်က အဲဒီပုဂ္ဂိုလ်ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ် အမျှပေးဝေခြင်းပဲဖြစ်ပါတယ်။

ဒါတောင်မှ သုံးရက်နေမှ သရဏဂုံတင်ပြီး ကုသိုလ်လုပ်အမျှဝေတာတို့ ရက်လည်မှကုသိုလ်လုပ် အမျှဝေတာတို့ စတဲ့အယူအဆတွေရှိသေးပါတယ်။ ဒီအတွက်ရက်သတ်မှတ်ချက်မရှိပါဘူး၊ အချိန်မရွေးသေသူအတွက် ကုသိုလ်လုပ်အမျှပေးဝေနိုင်တာဖြစ်ပါတယ်။

 

ရတာမရတာက သေသူရဲ့ဘဝအသစ်နဲ့၊ သာဓုခေါ်နိုင်မှု၊ မခေါ်နိုင်မှုနဲ့ပဲဆိုင်ပါတယ်။ ဒါကြောင့်သေသူနဲ့ပတ်သက်ပြီး လွဲနေကြတဲ့အလွဲတွေထဲမှာ မေးခွန်းရှင်မေးသလို လိပ်ပြာခေါ်တာတို့၊ ဝိညာဉ်ခေါ်တာတို့ စတဲ့အယူအဆအလွဲတွေလည်း ရှိတတ်တဲ့အတွက် ဒါတွေဟာဘုရားဟောတဲ့အယူအဆ၊ ဗုဒ္ဓဘာသာရဲ့အယူအဆမဟုတ်ဘဲ လွဲမှားနေတဲ့ရှေးရိုးစွဲ အယူအဆများပဲဖြစ်ပါကြောင်း ဒီလောက်နဲ့ပဲအမေးကြည့်ပြီး အဖြေညှိပေးလိုက်ရပါတယ်။

မေတ္တာဖြင့် မနာပဒါယီအရှင်ဝိစိတ္တ, နော်ဂဲလယ်ထူး (စာပေပရဟိတ)

နာေရးအိမ္ေတြမွာ ေတြ႕ရတဲ့ လိပ္ျပာေခၚတယ္ ဆိုတာ ဘာလဲ

နာေရးအိမ္ေတြမွာ ေတြ႕ရတဲ့ လိပ္ျပာေခၚတယ္ ဆိုတာ ဒါပါပဲ..

(ေမး) အရွင္ဘုရား၊ တပည့္ေတာ္ဦးစြာရွစ္ခိုး ဦးခိုက္လိုက္ပါတယ္။ တပည့္ေတာ္သိခ်င္တာေလးတစ္ခုေလာက္ ေမးေလၽွာက္ခ်င္လို႔ပါဘုရား။ လူတစ္ေယာက္ေသၿပီးရင္ ေနာက္ဘဝတစ္ခုကို ခ်က္ခ်င္းကူးေျပာင္းတယ္လို႔သိရပါတယ္။ ဝိညာဥ္ဆိုတာမရွိဘူးလို႔ဆိုတယ္။ တပည့္ေတာ္နားမလည္တာက နာေရးေတြမွာေတြ႕ရတဲ့ လိပ္ျပာေခၚတယ္ဆိုတာပါပဲ။

အသုဘခ်တဲ့ေန႔မွာ ေသသူရဲ့လိပ္ျပာကို အိမ္ကိုေခၚလာရတဲ့ အေလ့တစ္ခုကိုလုပ္ၾကတယ္။ လိပ္ျပာေခၚလာတဲ့သူက စကားမေျပာရဘူး၊ နာက္လွည့္မၾကည့္ရဘူးလို႔ေျပာပါတယ္။ ဘာေၾကာင့္အဲ့လိုလုပ္ရတာလည္းဆိုတာရယ္၊ လိပ္ျပာတစ္ကယ္ေခၚလို႔ရသလားဆိုတာ တပည့္ေတာ္သိခ်င္ပါ တယ္ဘုရား။

ဒီဘက္ဘဝေသတာနဲ႔ ေနာက္ဘဝတစ္ခုကိုခ်က္ခ်င္းေျပာင္းတယ္ဆိုေတာ့ ေသသူရဲ့ဝိညာဥ္ကို ဘယ္လိုေခၚလို႔ရလည္းဆိုတာကို တပည့္ေတာ္ရွင္းရွင္းလင္းလင္း သိခ်င္ပါတယ္ဘုရား။ တပည့္ေတာ္ကဗုဒၶဘာသာကို သက္ဝင္ယုံၾကည္တဲ့ ဗုဒၶဘာသာစစ္စစ္တစ္ေယာက္ပါ။

ခုလိုေမးတာတရားေတာ္ေတြကို မယုံလို႔မဟုတ္ပါဘူး။ တပည့္မသိေသးတာသိခ်င္တာ၊ အျမင္မွားေနတာကို အမွန္ရခ်င္တာပါဘုရား။ အရွင္ဘုရားအခ်ိန္ရတဲ့အခါ တပည့္ေတာ္ေမးခြန္းေလးကို ေျဖေပးပါဘုရား။ အရွင္ဘုရားက်န္းမာခ်မ္းသာစြာျဖင့္ သာသနာအက်ိဳးကို ထမ္းေဆာင္နိုင္ပါေစဘုရား။

(ေျဖ) မဂၤလာပါ၊ ေမးသင့္တဲ့ေမးခြန္းပဲျဖစ္ပါတယ္။

ေသတာနဲ႔ပတ္သက္ၿပီး ဗုဒၶဘာသာအလိုအရေတာ့ ႐ုပ္ဇီဝိတလို႔ေခၚတဲ့႐ုပ္သက္နဲ႔ နာမ္ဇီဝိတလို႔ေခၚတဲ့ နာမ္သက္ခ်ဳပ္သြားတာကို ေသတာလို႔ေျပာတာျဖစ္ပါတယ္။ သတၱဝါတစ္ဦးတစ္ေယာက္ ေသသြားတယ္ဆိုတာ အဲဒီလိုနာမ္႐ုပ္ခ်ဳပ္သြားတာကို ဆိုတာျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ထင္ေနသလို ႐ုပ္သာေသၿပီးဝိညာဥ္ကမေသဘဲ တျခားဘဝကူးေျပာင္းသြားတယ္ဆိုတာ မဟုတ္ပါဘူး။ ဗုဒၶဘာသာအယူအဆမွာ ဝိညာဥ္ဆိုတာလည္းမရွိပါဘူး။

သတၱဝါတစ္ဦးတစ္ေယာက္ အဲဒီနာမ္သက္၊႐ုပ္သက္ ခ်ဳပ္သြားတာနဲ႔တစ္ၿပိဳက္တည္း ဘဝတစ္ခုကို ကူးေျပာင္းသြားတာျဖစ္ပါတယ္။ ဝိညာဥ္လိပ္ျပာမရွိရင္ ဘာကကူးသြားတာလဲလို႔ ေမးစရာရွိပါတယ္။ ကံစြမ္းေတြကဘဝသစ္ကိုပုံေဖာ္ၿပီး ကူးေျပာင္းသြားတာျဖစ္ပါတယ္။

မေသခင္ျပဳလုပ္ထားတဲ့ ကုသိုလ္ကံ၊အကုသိုလ္ကံေတြရဲ့အစြမ္းေတြနဲ႔ ေကာင္းကံေတြလုပ္တဲ့သူေတြဟာ ေကာင္းတဲ့သုဂတိဘုံေတြမွာ ျပန္ျဖစ္တာျဖစ္ၿပီး မေကာင္းကံေတြလုပ္တဲ့သူေတြဟာ မေကာင္းတဲ့ဒုဂၢတိဘုံေတြမွာ ခ်က္ခ်င္းျဖစ္ၾကရတာျဖစ္ပါတယ္။

ဒီလိုကံစြမ္းေတြနဲ႔ ဘဝအသစ္ကိုျဖစ္တဲ့သူေတြအေနနဲ႔ ဘဝတစ္ခုခ်ဳပ္သြားတာနဲ႔ ေနာက္ထပ္ဘဝတစ္ခုမွာ ခ်က္ခ်င္းသြားျဖစ္တာျဖစ္ပါတယ္။ ၾကားမွာဟိုမွာေနတာ၊ ဒီမွာေနတာ၊ ဘယ္ႏွစ္ရက္ေနမွထြက္သြားတာ၊ ဘယ္ႏွစ္ရက္ေနမွကၽြတ္သြားတာ စတာေတြမရွိပါဘူး။

တစ္ခါတေလတစ္ခ်ိဳ႕သတၱဝါေတြဟာ ေသၿပီးေနာက္မွာမိမိတို႔နဲ႔ သက္ဆိုင္တဲ့ဝန္းက်င္နားမွာ တစ္ခုခုပုံရိပ္ျပတာတို႔၊ အသံျပဳတာတို႔စသျဖင့္ လုပ္ျပတတ္တာေတြရွိၿပီး သူ႔အတြက္ကုသိုလ္လုပ္ အမၽွေပးေဝၿပီးမွာ ေပ်ာက္သြားတာမ်ိဳးေတြရွိတတ္ပါတယ္။ ဒီသေဘာေတြဟာလည္း ဘဝကူးေရးအတြက္ၾကားခံအေနနဲ႔ ဝိညာဥ္လိပ္ျပာပုံစံမ်ိဳးမဟုတ္ပါဘူး။

ဒါဟာေသၿပီးၿပီးခ်င္း ဘဝအသစ္တစ္ခုမွာ ျဖစ္သြားတာပဲျဖစ္ပါတယ္။ ေသခါနီးမွာအစြဲတစ္ခုခုေၾကာင့္ ေသသြားတဲ့သတၱဝါေတြဟာ ေပတဆိုတဲ့တေစၧ၊သရဲ၊ၿပိတၱာ၊ နာနာဘာဝလိုဘဝမ်ိဳးမွာ သြားျဖစ္တာပဲျဖစ္ပါတယ္။ လိပ္ျပာေကာင္ေလး၊ ဝိညာဥ္ေကာင္ေလးအေနနဲ႔ လွည့္လည္ေနတဲ့သေဘာမ်ိဳးမဟုတ္ပါဘူး။

ေနာက္ေတာ့အဲဒီၿပိတၱာဘဝကေန က်န္ခဲ့တဲ့သူေတြရဲ့ ကုသိုလ္အဖို႔ကိုအမၽွရၿပီး ေနာက္ထပ္ဘဝအသစ္ကို ေရာက္သြားတဲ့အခါမွာ ဒီလိုတေစၧသရဲ ၿပိတၱာဘဝက လြတ္သြားျခင္းသေဘာမ်ိဳးျဖစ္ပါတယ္။ ဒီလိုတစ္ဘဝကေန တစ္ဘဝကိုကူးေျပာင္းသြားတာဟာ ကံစြမ္းေတြပဲျဖစ္ၿပီး ဝိညာဥ္ကကူးသြားတာမဟုတ္ပါဘူး။

ဆိုေတာ့ကားေမးခြန္းရွင္ေျပာသလို နားေရးေတြမွာလိပ္ျပာေခၚတာ၊ အိုးခြဲတာစတာေတြဟာ အရိုးစြဲေနတဲ့ေရွးရိုးအယူအဆေတြလို႔ပဲ ေျပာရမွာျဖစ္ပါတယ္။ တကယ္လည္းလိပ္ျပာဆိုတာမရွိသလို၊ မရွိတဲ့လိပ္ျပာဆိုတာလည္း ေခၚလို႔ရတာမဟုတ္ပါဘူး။

တကယ္လို႔တိုက္တိုက္ဆိုင္ဆိုင္ အဲဒီလိုလုပ္ခဲ့လို႔ အိမ္မွာထူးျခားမႈျဖစ္တာ၊ အသံျပဳတာ၊အနံ့နံတာ၊ ေျခာက္တာစတာေတြျဖစ္ခဲ့ရင္ ဒါဟာလိပ္ျပာက သုႆာန္ကပါလာတာမဟုတ္ဘဲ ေပတဆိုတဲ့ၿပိတၱာဘဝကေရာက္သြားတဲ့ ေသသူရဲ့ပုံရိပ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။

ဘုန္းဘုန္းတို႔ျမန္မာျပည္မွာ ေသသူနဲ႔ပတ္သက္ၿပီး အဲဒီလိုအရိုးစြဲေနတဲ့ ေရးရိုးစြဲအယူအဆေတြ အမ်ားႀကီးရွိေနတတ္ပါတယ္။ ဥပမာေသသြားတဲ့႐ုပ္ေကာင္ကို သရဏဂုံတင္တာတို႔၊ ေသသူကိုမီးမသၿဂိဳဟ္ခင္ သူႀကိဳက္တတ္တဲ့အစားအေသာက္ေတြ ျပင္ဆင္ၿပီးေကၽြးတာတို႔၊ ေသသူအတြက္ဘာပစၥည္း၊ ညာပစၥည္းထည့္ေပးတာတို႔ စသျဖင့္အမ်ားႀကီးပါပဲ။

ဒါေတြဟာတကယ္ေတာ့ လြဲမွားေနတဲ့ေရွးရိုးစြဲ အယူအဆေတြပဲျဖစ္ပါတယ္။ ဗုဒၶဘာသာရဲ့ အယူအဆမဟုတ္ပါဘူး။ တစ္ခ်ိဳ႕လည္းဘာမွမသိေတာ့ ဒီလိုလုပ္ေပးရတယ္ထင္ၿပီး ေနာက္မ်ိဳးဆက္ေတြက ဆက္လုပ္ေနၾကျခင္းပဲျဖစ္ပါတယ္။ အက်ိဳးသက္ေရာက္မႈ ရွိလို႔ေတာ့မဟုတ္ပါဘူး။ ေသသူအတြက္အေကာင္းဆုံးနဲ႔ အက်ိဳးသက္ေရာက္မႈ အရွိဆုံးအလုပ္က အဲဒီပုဂၢိဳလ္ကိုရည္စူးၿပီး ကုသိုလ္ေကာင္းမႈလုပ္ အမၽွေပးေဝျခင္းပဲျဖစ္ပါတယ္။

ဒါေတာင္မွ သုံးရက္ေနမွ သရဏဂုံတင္ၿပီး ကုသိုလ္လုပ္အမၽွေဝတာတို႔ ရက္လည္မွကုသိုလ္လုပ္ အမၽွေဝတာတို႔ စတဲ့အယူအဆေတြရွိေသးပါတယ္။ ဒီအတြက္ရက္သတ္မွတ္ခ်က္မရွိပါဘူး၊ အခ်ိန္မေရြးေသသူအတြက္ ကုသိုလ္လုပ္အမၽွေပးေဝနိုင္တာျဖစ္ပါတယ္။

ရတာမရတာက ေသသူရဲ့ဘဝအသစ္နဲ႔၊ သာဓုေခၚနိုင္မႈ၊ မေခၚနိုင္မႈနဲ႔ပဲဆိုင္ပါတယ္။ ဒါေၾကာင့္ေသသူနဲ႔ပတ္သက္ၿပီး လြဲေနၾကတဲ့အလြဲေတြထဲမွာ ေမးခြန္းရွင္ေမးသလို လိပ္ျပာေခၚတာတို႔၊ ဝိညာဥ္ေခၚတာတို႔ စတဲ့အယူအဆအလြဲေတြလည္း ရွိတတ္တဲ့အတြက္ ဒါေတြဟာဘုရားေဟာတဲ့အယူအဆ၊ ဗုဒၶဘာသာရဲ့အယူအဆမဟုတ္ဘဲ လြဲမွားေနတဲ့ေရွးရိုးစြဲ အယူအဆမ်ားပဲျဖစ္ပါေၾကာင္း ဒီေလာက္နဲ႔ပဲအေမးၾကည့္ၿပီး အေျဖညႇိေပးလိုက္ရပါတယ္။

ေမတၱာျဖင့္ မနာပဒါယီအရွင္ဝိစိတၱ, ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)