သ႐ုပ္ေဆာင္ဖူးပြင့္သခင္ကေတာ့ ၿပီးခဲ့တဲ့လပိုင္းက သူမရဲ႕ ေနအိမ္ကို ယုံၾကည္လို႔အပ္ထားရာမွ ေဖာက္ထြင္းခံခဲ့ရတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြက ဖူးပြင့္သခင္ရဲ႕ ဆုံးရႈံးမႈအတြက္ စိတ္မေကာင္းျဖစ္ခဲ့ၾကၿပီး ဖူးပြင့္သခင္ကလည္း
သူမရဲ႕ပစၥည္းဥစၥာေတြကို ေတာ္ေတာ္မ်ားမ်ား ျပန္မရပဲ ဆုံးရႈံးခဲ့ရတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔မွာေတာ့ ဖူးပြင့္သခင္က အိမ္ေဖာက္ထြင္းခံရတာေတာင္မၾကာေသးပဲ ၿခံတစ္ၿခံဝယ္ႏိုင္သြားၿပီဆိုၿပီးျပစ္တင္ေဝဖန္ၾကသူေတြကို Live လႊင့္ၿပီး ရွင္းျပလာတာကိုေတြ႕ရပါတယ္။
ဖူးပြင့္သခင္က ၿပီးခဲ့တဲ့ရက္သတၱပတ္က ျပင္ဦးလြင္ၿမိဳ႕မွာ ၿခံတစ္ၿခံဝယ္ယူခဲ့တယ္ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွ်ေဝခဲ့ရာ ပရိသတ္အခ်ိဳ႕က အိမ္ေဖာက္ထြင္းခံရတာေတာင္မၾကာေသးပဲ
ျပင္ဦးလြင္လိုၿမိဳ႕ႀကီးမွာေတာင္ ၿခံဝယ္သြားႏိုင္ၿပီဆိုၿပီး ေဝဖန္ခဲ့ရာ ဖူးပြင့္သခင္က အဆိုပါၿခံဟာ သူမရဲ႕ေမြးစားမိခင္ပိုင္ဆိုင္တဲ့ၿခံေျမကြက္ေတြေရာင္းခ်ေပးခဲ့တာေၾကာင့္ အႏုပညာေၾကးအေနနဲ႔ ရရွိခဲ့တာလို႔ Live လႊင့္ၿပီး ေျဖရွင္းခဲ့ပါတယ္။
ဖူးပြင့္သခင္ရရွိခဲ့တဲ့ ၿခံဟာလည္း သိန္း (၂၀) ပတ္ဝန္းက်င္သာရွိၿပီး အႏုပညာေၾကးအေနနဲ႔သာ လက္ခံရရွိခဲ့ေၾကာင္းကို ေျပာလာပါတယ္။ ပရိသတ္ႀကီးလည္း ဖူးပြင့္သခင္ၿခံဝယ္ခဲ့တယ္ဆိုတဲ့ အေၾကာင္းအရင္းမွန္ကို သိရွိနားလည္သြားၾကမယ္ထင္ပါတယ္ေနာ္။
crd
Unicode
သရုပ်ဆောင်ဖူးပွင့်သခင်ကတော့ ပြီးခဲ့တဲ့လပိုင်းက သူမရဲ့ နေအိမ်ကို ယုံကြည်လို့အပ်ထားရာမှ ဖောက်ထွင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေက ဖူးပွင့်သခင်ရဲ့ ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြပြီး ဖူးပွင့်သခင်ကလည်း
သူမရဲ့ပစ္စည်းဥစ္စာတွေကို တော်တော်များများ ပြန်မရပဲ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဖူးပွင့်သခင်က အိမ်ဖောက်ထွင်းခံရတာတောင်မကြာသေးပဲ ခြံတစ်ခြံဝယ်နိုင်သွားပြီဆိုပြီးပြစ်တင်ဝေဖန်ကြသူတွေကို Live လွှင့်ပြီး ရှင်းပြလာတာကိုတွေ့ရပါတယ်။
ဖူးပွင့်သခင်က ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြင်ဦးလွင်မြို့မှာ ခြံတစ်ခြံဝယ်ယူခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မျှဝေခဲ့ရာ ပရိသတ်အချို့က အိမ်ဖောက်ထွင်းခံရတာတောင်မကြာသေးပဲ
ပြင်ဦးလွင်လိုမြို့ကြီးမှာတောင် ခြံဝယ်သွားနိုင်ပြီဆိုပြီး ဝေဖန်ခဲ့ရာ ဖူးပွင့်သခင်က အဆိုပါခြံဟာ သူမရဲ့မွေးစားမိခင်ပိုင်ဆိုင်တဲ့ခြံမြေကွက်တွေရောင်းချပေးခဲ့တာကြောင့် အနုပညာကြေးအနေနဲ့ ရရှိခဲ့တာလို့ Live လွှင့်ပြီး ဖြေရှင်းခဲ့ပါတယ်။
ဖူးပွင့်သခင်ရရှိခဲ့တဲ့ ခြံဟာလည်း သိန်း (၂၀) ပတ်ဝန်းကျင်သာရှိပြီး အနုပညာကြေးအနေနဲ့သာ လက်ခံရရှိခဲ့ကြောင်းကို ပြောလာပါတယ်။ ပရိသတ်ကြီးလည်း ဖူးပွင့်သခင်ခြံဝယ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းမှန်ကို သိရှိနားလည်သွားကြမယ်ထင်ပါတယ်နော်။
crd