မိန်းမရယ် – ဒို့ ကထိန်သင်္ကန်းလှူကြရအောင်နော်…
သာဓု သာဓု သာဓုပါ ။
သာဓု သာဓု သာဓုပါ ။
Unicode
” မိန်းမရယ် – ဒို့ ကထိန်သင်္ကန်းလှူကြရအောင်နော်။
ငါ မနေ့က သင်္ကန်းဆိုင်မှာ သင်္ကန်းခြင်း တစ်ခြင်းကို ဘယ်လောက်တန်သလဲ မေးခဲ့တယ်။
သုံးသောင်းခွဲ ကတော့ အနိမ့်ဆုံးပေါ့ဟာ။
သိန်းချီတန်တွေတော့ ဘယ်လှူနိုင်မလဲဟာ ။
ဒို့ အသုံးစရိတ်တွေလျော့ချပြီး ဒီကထိန်မှာ ဒိုသင်္ကန်းကပ်ကြရအောင် မိန်းမရေနော် –
ဟုတ်ပါပြီ သင်္ကန်းကပ်တာတော့ ကျမတို့မဖြစ် ဖြစ်အောင် စုရင် လှူနိုင်မှာပါ။
ခက်တာက လူကြားထဲ ဝတ်စရာအဝတ်မှမရှိပဲ။
ဘယ်လိုလုပ်ပြီး သွားလှူကြမှာတုန်း ရှင်ရဲ့ ” အင်း အဲ့ဒါလဲဟုတ်သားပဲ။ လူကြားထဲ ဝတ်စရာ အဝတ်ကမရှိဘူး။
ဘာပဲဖြစ်ဖြစ်ပါမိန်းမရာ ကထိန်သင်္ကန်းဖိုးတာ စုကြရအောင်ပါ ။အဓိက က ကထိန်သင်္ကန်းလှူဖြစ်သွားဖို့ကအရေးကြီးပါတယ်။
ငါလေ နှစ်တိုင်းသူများတွေ ကထိန်လှူနေကြတာကြည့်ပြီး သဘောကျနေခဲ့တာကြာပြီဟ ”
” အမလေး တော်ရယ် ပြောတတ်ပါဘိ။ ကျမကလဲ ရှင့်ကို မပြောရဲလို့ရယ်မပြောရက်လို့ရယ်သာ နေရတာပါတော်
လှူချင်လိုက်တာမှ လွန်ရော အေးကွာ အဲ့ဒါဆိုဒို့နှစ်ယောက်ဒီနှစ်လှူဖြစ်အောင်လှူမြယ်ကွာ နော်
” ယောင်္ကျား ရှင်နဲ့ကျမ သင်္ကန်းခြင်းလေးတော့ ဝယ်နိုင်သွားပြီ မနက်ကျရင်ရွာဦးကျောင်းကထိန်ကလဲ အိုးစည် ဗုံမောင်းနဲ့ တစ်ရွာလုံးလှည့်လည်ပြီး လှူကြတော့မှာ ။
ကျမတို့က အဝတ် ဝတ်စရာကမရှိဘူး။ ဘယ်လိုသွားလှူကြမလဲတွေးစမ်းပါဦးရှင်။ မပူစမ်းပါနဲ့ မိန်းမရယ်။ ဖြစ်သွားမှာပါ။
ဒါပေမဲ့ နင်တော့ မနက်ကျရင် မလိုက်ခဲ့ချင်ပါနဲ့ဟာ ။ အိမ်မှာလဲ သားနဲ့သမီးအတွက်လုပ်ပေးစရာတွေရှိသေးတယ်မဟုတ်လား။
ငါပဲ သွားလှူလိုက်ပါ့မယ်။ ပြီးရင် ငါ နင့်အတွက်ပါ သာဓုပိုခေါ်ခဲ့ပါမယ် နော် အဲ့ဒါကရပါတယ်။
ဒါဆိုရင်ရှင်ကကော ဘာဝတ်သွားမှာလဲပြောပါဦး ဟာ နင်ကလဲအဆင်ပြေသွားမှာပါဆို မနက် ( 7:00 ) နာရီခန့်မှာတော့
ကိုသိန်းလွင်တစ်ယောက် သင်္ကန်းခြင်းလေး လက်ကဆွဲလို့ရွာဦးကျောင်းဆီသို့ ခြေဦးတည်ပါလေရော့ ဇနီးဖြစ်သူကတော့
စုတ်ပြဲနေတဲ့အဝတ်အင်္ကျီ ဖိနပ်စုတ်လေးနဲ့ ထွက်သွားတဲ့ယောက်ျားဖြစ်သူကိုကြည့်ပြီး ဝမ်းနည်းဝမ်းသာ ဖြစ်နေရပါတော့သည်။
သဒ်ဓါနဲ့လှူခဲ့သော ဤသင်္ကန်းလေးရဲ့တန်ဖိုးဟာ သိန်းချီမတန်ပေမဲ့ တပည့်တော်တို့အတွက်တော့ အဖိုးထိုက်တန်ပါတယ်ဘုရား။
ဘာတွေ ရရပါလို၏လို့ ဆုမတောင်းချင်ပါဘူးဘုရားဒီထက်မကလှူဒါန်းခွင့်ရချင်ပါလို၏ လို့ပဲ ဆုတောင်းခွင့်ပြုပါဘုရား။
ဤသင်္ကန်းကို လိုလို့ပဲ သုံးသုံး မလိုလို့ပဲ မသုံးသုံးနှောင်ထုံးဖွဲ့မထားပါဘူးဘုရား။
အရှင်ဘုရားလက်ထဲသို့ လှူဒါန်းခွင့်လေးပဲ ရချင်ပါတယ်ဘုရား။
ဒါလေးလှူပြီး ဒို့ကိုယ်တော် ဒို့ဘုန်းဘုန်းလို့လဲ သံယောဇဉ်နဲ့ နှောင်ဖွဲ့မထုံးလိုပါဘူးဘုရား။မပြီးဆုံးနိုင်တဲ့ သံသရာဝဋ်ကလွတ်ရေး
ဒီအလှူလေးကစပြီး သာသနာနဲ့ တွေ့ခွင့်ကောင်းတွေ အမိအရဆုပ်ကိုင်နိုင်ချင်မိတဲ့ စိတ်လေးတော့ ရှိခဲ့မိပါတယ်ဘုရား။
ဒို့အလှူ ငါ့အလှူလို့လဲ မကြွားလိုပါသောကြောင့် မည်သူ မည်ဝါကမှ အထင်ကြီးစွာ သိဖို့လဲ မလိုပါဘူးဘုရား။
ဒီအတွက် တပည့်တော်ရဲ့သင်္ကန်းခြင်းလေးကို တပည့်တော်တို့မိသားစုကို သံသရာအရေးမှ သနားငဲ့ညှာသောအားဖြင့် အလှူခံပေးတော်မူပါအရှင်ဘုရား။
တကယ်ကိုမွန်မြတ်တဲ့ကုသိုလ်ပါဗျာ…..
ခက္တာက လူကြားထဲ ဝတ္စရာအဝတ္မွမရွိပဲ။