လက်ဖျားခါရလောက်အောင် မှန်တဲ့ မြန်မာ့အတိတ်နိမိတ်တဘောင်များနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျာ

လက်ဖျားခါရလောက်အောင် မှန်တဲ့ မြန်မာ့အတိတ်နိမိတ်တဘောင်များနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ နာမည်ကျော်တဘောင်တခုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်

(၁) ဟင်္သာမင်း အင်းကိုဆင်းမည်။

(၂) ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။

(၃) မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။

(၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။

(၅) သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။

(၆) ဧရာဝတီ ခမ်းလိမ့်မည်။

(၇) လက်ပံလည်း ရှားလိမ့်မည်။

(၈) ကြက်မတွန်လို့ မိုးလင်းမည်။

(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်

(၁၀) ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။

အဓိပ္ပာယ် ဖွင့်ဆိုချက်များ

(၁) ဟင်္သာမင်း အင်းကိုဆင်းမည်။ ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက် လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကို ဆိုလိုသည်။ အင်းတို့၏အဝမှာရှိလို့ အင်းဝ (InWa)၊ မြစ်တို့အင်းတို့၏ ဆုံရာအဝမှာရှိလို့ အဝ (AVA)၊ အင်းကိုး အင်းအလယ်မှာရှိလို့ အင်းနဝ(Innwa) စသဖြင့် ခေါ်ဆိုခဲ့ကြပါသည်။

(၂)ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ထိုဟံသာဝတီအင်အားစုကို မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြသည်။

(၃)မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ထိုကုန်းဘောင်မင်းဆက်ခေါ် မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည်။

(၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။ စနေနံတိုင်းတပါးမင်းအစိုးရကို ကြာသပတေးနံပုဂ္ဂိုလ်နဲ့ ကြာသာပတေးနံ အဖွဲ့အစည်းတို့က ဖြုတ်ချဖယ်ရှားပြီး လွတ်လပ်ရေး အရယူပေးလိမ့်မည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်၊ ဖတပလ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း အားလုံးဟာ ကြာသာပတေးနံများသာ ဖြစ်သည်ကို အံ့သြဖွယ်တွေ့ရလိမ့်မည်။

(၅) သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။ တပ်မတော်မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမှ လေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ..

(၆) ဧရာဝတီ ခမ်းလိမ့်မည်။ ယခုပင် နွေရာသီဆို ဧရာဝတီမှာ မော်တော်၊ သင်္ဘောတွေ ဝါးလုံးထောက် စမ်းပြီးသွားနေရပြီ။ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ..

(၇) လက်ပံလည်း ရှားလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအတောအတွင်း တရုတ်နဲ့ ကမ္ဘာ့ဈေးကွက်က ကျွန်းသစ်ထက်တောင်ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ်မှာ လက်ပံမျိုးနွယ်ဟု သိရသည်။

(၈) ကြက်မတွန်လို့ မိုးလင်းမည်။ အမျိုးသမီးခေါင်းဆောင်တစ်ယောက်က မြန်မာပြည်ကို ပြည်သူ့အာဏာပိုင်စိုးသော ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။

(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်။ သို့သော် ထိုအမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာကို စောင့်ရှောက်အလေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော်ကို ပြန်လည်ထွန်းလင်းစေလိမ့်မည်။ (ဗုဒ္ဓရာဇာ= ဗုဒ္ဓသာသနာပြုမင်း)

(၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။ဒါကတော့ ဖြစ်မလာသေးလို့ စောင့်ကြည့်ရပေအုံးမည်။

ဒေါက်တာအရှင်လက္ခဏသာရ

Zawgyi

လက္ဖ်ားခါရေလာက္ေအာင္ မွန္တဲ့ ျမန္မာ့အတိတ္နိမိတ္တေဘာင္မ်ားနဲ႔ အဓိပၸာယ္ဖြင့္ဆိုခ်က္မ်ား

ကုန္းေဘာင္ေခတ္ကတည္းက ေပၚခဲ့တဲ့ နာမည္ေက်ာ္တေဘာင္တခုရဲ႕ အဓိပၸာယ္ ဖြင့္ဆိုခ်က္

(၁) ဟသၤာမင္း အင္းကိုဆင္းမည္။

(၂) ထိုဟသၤာကို မုဆိုး ေလးနဲ႔ခြင္းမည္။

(၃) မုဆိုးကို ထီး႐ိုး႐ိုက္လိမ့္မည္။

(၄) ထီး႐ိုးကို မိုးႀကိဳးပစ္လိမ့္မည္။

(၅) သံခေမာက္ေဆာင္း ေလးေယာက္ ေပၚလိမ့္မည္။

(၆) ဧရာဝတီ ခမ္းလိမ့္မည္။

(၇) လက္ပံလည္း ရွားလိမ့္မည္။

(၈) ၾကက္မတြန္လို႔ မိုးလင္းမည္။

(၉) ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္

(၁၀) ဗုဒၶရာဇာသာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္။

အဓိပၸာယ္ ဖြင့္ဆိုခ်က္မ်ား

(၁) ဟသၤာမင္း အင္းကိုဆင္းမည္။ ဟံသာဝတီမြန္တို႔ အင္းဝကို သိမ္းပိုက္ လိမ့္မည္။ ဟသၤာမွာ ဟံသာဝတီမြန္တို႔၏ အမွတ္အသားျဖစ္ၿပီး အင္းဆိုသည္မွာ အင္းဝကို ဆိုလိုသည္။ အင္းတို႔၏အဝမွာရွိလို႔ အင္းဝ (InWa)၊ ျမစ္တို႔အင္းတို႔၏ ဆုံရာအဝမွာရွိလို႔ အဝ (AVA)၊ အင္းကိုး အင္းအလယ္မွာရွိလို႔ အင္းနဝ(Innwa) စသျဖင့္ ေခၚဆိုခဲ့ၾကပါသည္။

(၂)ထိုဟသၤာကို မုဆိုး ေလးနဲ႔ခြင္းမည္။ထိုဟံသာဝတီအင္အားစုကို မုဆိုးဘို (ေ႐ႊဘို)အင္အားစုက အႏိုင္ယူလိမ့္မည္။ ကုန္းေဘာင္မင္းဆက္ကို အခ်ိဳ႕က မုဆိုးမင္းဆက္ဟုလည္း ေခၚၾကသည္။

(၃)မုဆိုးကို ထီး႐ိုး႐ိုက္လိမ့္မည္။ထိုကုန္းေဘာင္မင္းဆက္ေခၚ မုဆိုးမင္းဆက္ကို စေနနံတိုင္းတပါးမင္းက အႏိုင္ယူ ျဖဳတ္ခ်လိမ့္မည္။

(၄) ထီး႐ိုးကို မိုးႀကိဳးပစ္လိမ့္မည္။ စေနနံတိုင္းတပါးမင္းအစိုးရကို ၾကာသပေတးနံပုဂၢိဳလ္နဲ႔ ၾကာသာပေတးနံ အဖြဲ႕အစည္းတို႔က ျဖဳတ္ခ်ဖယ္ရွားၿပီး လြတ္လပ္ေရး အရယူေပးလိမ့္မည္။ ဗမာ့လြတ္လပ္ေရးတပ္မေတာ္၊ ဗမာ့ကာကြယ္ေရးတပ္မေတာ္၊ မ်ိဳးခ်စ္ဗမာ့တပ္မေတာ္၊ ဖတပလ၊ ဖဆပလ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အားလုံးဟာ ၾကာသာပေတးနံမ်ားသာ ျဖစ္သည္ကို အံ့ၾသဖြယ္ေတြ႕ရလိမ့္မည္။

(၅) သံခေမာက္ေဆာင္း ေလးေယာက္ ေပၚလိမ့္မည္။ တပ္မေတာ္မွာ အျမင့္ဆုံးေခါင္းေဆာင္ ျဖစ္ခဲ့သူမ်ားထဲမွ ေလးေယာက္မွာ ႏိုင္ငံ၏အျမင့္ဆုံးေခါင္းေဆာင္ျဖစ္မည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၊ ဗိုလ္ခ်ဳပ္မႉးႀကီးေစာေမာင္၊ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ..

(၆) ဧရာဝတီ ခမ္းလိမ့္မည္။ ယခုပင္ ေႏြရာသီဆို ဧရာဝတီမွာ ေမာ္ေတာ္၊ သေဘၤာေတြ ဝါးလုံးေထာက္ စမ္းၿပီးသြားေနရၿပီ။ ျမစ္ဆုံစီမံကိန္းသာ အေကာင္အထည္ေဖာ္လို႔ကေတာ့ သြားၿပီ..

(၇) လက္ပံလည္း ရွားလိမ့္မည္။ တိုက္တိုက္ဆိုင္ဆိုင္ပင္ ယခုအေတာအတြင္း တ႐ုတ္နဲ႔ ကမာၻ႔ေဈးကြက္က ကြၽန္းသစ္ထက္ေတာင္ႀကိဳက္လို႔ အမ်ားဆုံးခိုးထုတ္ခံေနရေသာ တမလန္းသစ္မွာ လက္ပံမ်ိဳးႏြယ္ဟု သိရသည္။

(၈) ၾကက္မတြန္လို႔ မိုးလင္းမည္။ အမ်ိဳးသမီးေခါင္းေဆာင္တစ္ေယာက္က ျမန္မာျပည္ကို ျပည္သူ႔အာဏာပိုင္စိုးေသာ ဒီမိုကေရစီအလင္းေခတ္သို႔ ေရာက္ေစလိမ့္မည္။

(၉) ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္မည္။ သို႔ေသာ္ ထိုအမ်ိဳးသမီးေခါင္းေဆာင္ၿပီးေနာက္ အမ်ိဳးဘာသာသာသနာကို ေစာင့္ေရွာက္အေလးထားေသာ မင္းအစိုးရ တက္လာၿပီး သာသနာေတာ္ကို ျပန္လည္ထြန္းလင္းေစလိမ့္မည္။ (ဗုဒၶရာဇာ= ဗုဒၶသာသနာျပဳမင္း)

(၁၀)ဗုဒၶရာဇာသာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္။ဒါကေတာ့ ျဖစ္မလာေသးလို႔ ေစာင့္ၾကည့္ရေပအုံးမည္။

ေဒါက္တာအရွင္လကၡဏသာရ