Source: Mai Mai Seng’s fb
Unicode
အဆိုတော်မိုင်းမိုင်ဆိုင်ကတော့ တိုင်းရင်းသားတစ်ယောက်ပီပီ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံးပါဝင်လှုပ်ရှားပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မိုင်းမိုင်ဆိုင်က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဆိုတော်နော်ဒင့်ရဲ့ နောက်ဆုံးခရီးကို အကောင်းဆုံးပြင်ဆင်ပေးခဲ့ပြီး သတိရတမ်းတကြောင်း သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။“
နင်ဟာ မိန်းကလေးမို့ “နစ်နာမယ်..” R.I.P ပါ ငါ့အစ်ကိုရေ..ငါ့ အစ်ကိုရေ ငါ တို့ မောင်နှမ တွေ ခင်မင်ရင်းနှီ းခဲ့တာတွေ အမြဲသတိရနေပါမယ်နော်။
ဒီသီချင်းလေးလိုဘဲ လူငယ် တိုင်း ရင်ထဲ ပါးစပ်ဖျားထဲ အမြဲရှင်သန် သက်ဝင်နေမှာပါ။ လွတ်မြောက်နယ်မြေမှာလည်း တတ်နိုင်တဲ့ နေရာကနေ ပေးဆပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ငါ့အစ္ကိုကို အျမဲ ကျေးဇူးတင် ဂုဏ်ယူ သတိရနေပါ့မယ်။
ရှေ့ တန်းက ရဲဘော်တွေ၊ pdf ရဲဘော်တွေကို အတူတူခွန်အားပေး သီချင်းတွေ လိုက်ဖျော်ဖြေခဲ့တာတွေကို ရင်ထဲအမြဲ သတိရနေပါ့ မယ်နော်။ ငါ့ညီမလေး ငါ့ညီမလေးကို ချီးကျူးတယ်ဂုဏ်ယူတယ် လို့တွေ့တိုင်း တတွတ်တွတ်ပြောတတ်သူကြီး လွမ်းနေပါ့မယ်… 😔
စိတ်ရင်းကောင်းတဲ့ ငါ့အစ်ကိုကြီးကောင်းရာဘုံဘဝရောက်ပါစေ 😓🙏🙏 “”ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။မိုင်းမိုင်ဆိုင်ကတော့ လွတ်မြောက်နယ်မြေထိလိုက်ပြီး PDF ရဲဘော်တွေကို ခွန်အားပေးသီချင်းတွေနဲ့ဖျော်ဖြေပေးခဲ့တဲ့ အဆိုတော်နော်ဒင့်ရဲ့ နောက်ဆုံးခရီးကို အကောင်းဆုံးပြင် ဆင်ပေးခဲ့ပြီး တာဝန်ကျေပေးခဲ့တာပဲဖြစ်ပါတယ်။
အဆိုတော် နော်ဒင့်ကတော့ “နစ်နာမယ်” သီချင်းနဲ့ လူသိများခဲ့သူတစ်ယောက်ဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
Source: Mai Mai Seng’s fb
Credit ; Myanmar Celebrities