၀ါး ေျခာက္လုံး ဒါနေၾကာင့္ ငရဲေဘးမွလြတ္ခဲ့သူ
ပဲခူးရိုးမအစပ္မွာ ေတာင္ငူဘုရင္ တပင္ေရႊထီးမင္း တည္ခဲ့ေသာ စိန္ႀကီးဘုရား ဆိုတာ ရွိတယ္။ ႏွစ္ၾကာလာၿပီး ျပဳျပင္မယ့္သူ မရွိေတာ့ ပ်က္စီး၊ ယိုယြင္း ေနတာေပါ့။
တစ္ခါေတာ့ အဲဒီ ေစတီနားမွာ ရဟန္းေတာ္တစ္ပါး တရား လာအားထုတ္တယ္။ ေက်ာင္းမရွိေတာ့ သစ္ပင္ေအာက္မွာပဲ ျဖစ္သလို ေနရွာတယ္။ ေနပူထဲ၊ မိုးရြာထဲ ဒီအတိုင္းပဲ ေနရေတာ့ ၾကာရင္ က်န္းမာေရး ထိခိုက္ လာနိုင္တာေပါ့။
အဲဒါကို စဥ္းစားမိတဲ့ ဦးေမာင္ႀကီး လို႔ အမည္ရတဲ့ ဗုဒၶဘာသာ ဒကာႀကီးတစ္ေယာက္က တစ္ပါးေနတဲ့ေက်ာင္းေလး တစ္ေက်ာင္း ေဆာက္လႉတယ္။
အားလုံး ျပည့္စုံၿပီး အခင္းေနရာက်မွ ဝါးေျခာက္လုံး လိုေနတယ္။ ဦးေမာင္ႀကီး ရြာကလည္း အေဝးႀကီး ဆိုေတာ့ ျပန္ယူဖို႔ အခ်ိန္ မရဘူး။
ဒါနဲ႔ အနီးနားရြာက ဘာသာျခားျဖစ္တဲ့ ေစာထီလ အမည္ရ ကရင္အမ်ိဳးသားႀကီးဆီက ဝါးေျခာက္လုံး အလႉ ခံရတယ္။ ဘာသာ မတူေပမယ့္ ကူညီတဲ့အေနနဲ႔ ေစာထီလက ဝါးေျခာက္လုံး လႉလိုက္ပါတယ္။ ေစာထီလရဲ့ ဘဝ တစ္သက္တာမွာ ဒါနဆိုလို႔ အဲဒီဝါးေျခာက္လုံး လႉတာပဲ ရွိပါတယ္။
ေစာထီလဟာ တစ္ရက္ေတာ့ ေတာင္ေပၚက ငွက္ေပ်ာခိုင္ေတြ ခုတ္ရင္း ေတာင္ၿပိဳက်လို႔ ေျမေတြပိၿပီး ေသသလို ျဖစ္သြားတယ္။ အမ်ားအျမင္ကေတာ့ ေသသြားတယ္ေပါ့။
ေစာထီလဟာ သုံးရက္ေလာက္ထိ ေမ့ေမ်ာေနၿပီးမွ သတိ ျပန္ရလာတယ္။ သတိရလာတာနဲ႔ စိန္ႀကီးဘုရားက သူ ဝါးေျခာက္လုံးလႉခဲ့တဲ့ ဆရာေတာ္ဆီအတင္း လိုက္ပို႔ခိုင္းၿပီး သရဏဂုံ ေဆာက္တည္ကာ ဗုဒၶဘာသာထဲ ဝင္လိုက္တယ္။
သူ႔ ေျပာျပခ်က္အရ ေတာင္ၿပိဳၿပီးတာနဲ႔ သူ႔ကို လူမည္းမည္းႀကီး ႏွစ္ေယာက္က ေျမႀကီးေအာက္ထဲကို ညႇပ္ၿပီး ေခၚသြားတယ္ တဲ့။ ေျမႀကီးေအာက္ထဲ က်ေတာ့ လူဝါဝါႀကီး တစ္ေယာက္က သူ႔ကို ဘာကုသိုလ္ေတြ လုပ္ခဲ့သလဲ ဆိုတာကို စစ္ေဆးတယ္ တဲ့။
ေဒဝဒူတ သုတၱန္မွာ ယမမင္းက လႊတ္ထားတဲ့ တမန္ (၅)မ်ိဳး ရွိပါတယ္။ အဲဒီ တမန္ (၅)မ်ိဳးက ကေလး၊ သူအို၊ သူနာ၊ သူေသ၊ အက်ဥ္းသား တို႔ ပါပဲ။
ယမမင္း ေမးစစ္ပုံက ” အသင္လူသား၊ အသင္ လူ႔ဘဝမွာ ရွိစဥ္တုန္းက သူေသေကာင္ကို ေတြ႕ဖူးလိမ့္မည္။ ထိုသို႔ သူေသကို ေတြ႕သည့္အခါ ငါလည္း တစ္ေန႔က် ဒီလိုေသရမွာပါလားလို႔ သံေဝဂ မျဖစ္ခဲ့ဘူးလား။
အဲဒီ သံေဝဂနဲ႔အတူ ေသျခင္းတရား ေရာက္မလာမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ္တရားေတြ ျပဳထားမွ ေတာ္မယ္ဆိုၿပီး ကုသိုလ္ေတြ အားမထုတ္ ခဲ့ဘူးလား ” လို႔ (၅)မ်ိဳးလုံး စုံေအာင္ ေမးပါတယ္။ ”
တစ္မ်ိဳးမ်ိဳးကို ေမးျမန္း စိစစ္ေနရင္းနဲ႔ ျပဳခဲ့တဲ့ကုသိုလ္ကို အမွတ္ရ သြားရင္ ငရဲကေန ခ်က္ခ်င္းလြတ္ၿပီး နတ္ျပည္ ေရာက္သြားတဲ့ သူေတြ အမ်ားႀကီး ရွိပါတယ္။ တကယ္ေတာ့ ” ယမမင္း ” ဆိုတာ သူေတာ္ေကာင္းႀကီးပါ။ ငရဲ မက်ထိုက္သူေတြ မက်ရေအာင္ ေမးျမန္း စိစစ္ေပးေန ရွာတာပါ။
တမန္ (၅)မ်ိဳးလုံး ကုန္တဲ့အထိ ကုသိုလ္ျပဳတာ တစ္ခုမွ မရွိေတာ့ဘူး ဆိုရင္ေတာ့ ယမမင္းလည္း ဘာမွ မတတ္နိုင္ေတာ့ပဲ ” ဒုစရိုက္ အကုသိုလ္ကံမ်ားကို အသင္လူသားကိုယ္တိုင္ ျပဳခဲ့ျခင္း ျဖစ္တယ္။ တျခားသူေတြ ျပဳခဲ့တာ မဟုတ္ဘူး။ ဒါေၾကာင့္ အသင္လူသား ျပဳခဲ့တဲ့ အကုသိုလ္ ဒုစရိုက္မ်ားရဲ့ ဆိုးက်ိဳးကို အသင္လူသားကိုယ္တိုင္ ခံေပေတာ့ ” လို႔ ေျပာၿပီး စိတ္မေကာင္းစြာနဲ႔ မ်က္ႏွာကို တစ္ဖက္ လွည့္သြားပါတယ္။ ”
” အဲဒီ အခ်ိန္မွာပဲ ငရဲသားႀကီးႏွစ္ေယာက္က ေစာထီလကို ဆြဲေခၚၿပီး ပြက္ပြက္ဆူေနတဲ့ ဆီဒယ္အိုးႀကီးထဲကို ပစ္ခ် လိုက္တယ္။ အံ့ၾသစရာ ေကာင္းတာက ဒယ္အိုးထဲကို မက်ခင္ လမ္းခုလတ္မွာ ဝါးေျခာက္လုံးက ေစာထီလရဲ့ ေအာက္ကေန ဒယ္အိုးထဲမက်ေအာင္ လာခံ ထားေပးပါတယ္။ ”
ငရဲသားေတြလည္း အံ့ၾသသြားၿပီး ေစာထီလကို ျပန္ၿပီး မ, ယူ လိုက္တယ္။ ေစာထီလကို ျပန္ မ, ယူလိုက္တာနဲ႔ ဝါးေျခာက္လုံးက ေပ်ာက္သြား ျပန္တယ္။ တစ္ခါ ငရဲသားမ်ားက ေစာထီလကို ဒယ္အိုးထဲ ျပန္ပစ္ခ် လိုက္တာနဲ႔ ဝါးေျခာက္လုံးက လာခံ ေနျပန္တယ္။ သုံးႀကိမ္တိုင္ေအာင္ ပစ္ခ်လို႔ မရမွ ငရဲသားေတြက ေစာထီလကို ယမမင္းႀကီးထံ ျပန္ေခၚ သြားတယ္။
ယမမင္းႀကီးက ေသခ်ာ စစ္ေဆးၾကည့္ေတာ့ ” စိန္ႀကီးဘုရားနားမွာ သီတင္းသုံးတဲ့ ရဟန္းတစ္ပါးကို ဝါးေျခာက္လုံး လႉခဲ့တာကို သတိ ရသြားတယ္။ ” အဲဒီမွာ ယမမင္းႀကီးက ေစာထီလကို ” အဲဒီလို ကုသိုလ္ေတြ ဆက္လုပ္ပါ ” လို႔ ေျပာၿပီး ျပန္လႊတ္ လိုက္ပါတယ္။ အဲဒီမွာတင္ ေစာထီလ ျပန္ သတိရလာတာပါပဲ။
crd
Unicode
ဝါး ခြောက်လုံး ဒါနကြောင့် ငရဲဘေးမှလွတ်ခဲ့သူ
ပဲခူးရိုးမအစပ်မှာ တောင်ငူဘုရင် တပင်ရွှေထီးမင်း တည်ခဲ့သော စိန်ကြီးဘုရား ဆိုတာ ရှိတယ်။ နှစ်ကြာလာပြီး ပြုပြင်မယ့်သူ မရှိတော့ ပျက်စီး၊ ယိုယွင်း နေတာပေါ့။
တစ်ခါတော့ အဲဒီ စေတီနားမှာ ရဟန်းတော်တစ်ပါး တရား လာအားထုတ်တယ်။ ကျောင်းမရှိတော့ သစ်ပင်အောက်မှာပဲ ဖြစ်သလို နေရှာတယ်။ နေပူထဲ၊ မိုးရွာထဲ ဒီအတိုင်းပဲ နေရတော့ ကြာရင် ကျန်းမာရေး ထိခိုက် လာနိုင်တာပေါ့။
အဲဒါကို စဉ်းစားမိတဲ့ ဦးမောင်ကြီး လို့ အမည်ရတဲ့ ဗုဒ္ဓဘာသာ ဒကာကြီးတစ်ယောက်က တစ်ပါးနေတဲ့ကျောင်းလေး တစ်ကျောင်း ဆောက်လှူတယ်။
အားလုံး ပြည့်စုံပြီး အခင်းနေရာကျမှ ဝါးခြောက်လုံး လိုနေတယ်။ ဦးမောင်ကြီး ရွာကလည်း အဝေးကြီး ဆိုတော့ ပြန်ယူဖို့ အချိန် မရဘူး။
ဒါနဲ့ အနီးနားရွာက ဘာသာခြားဖြစ်တဲ့ စောထီလ အမည်ရ ကရင်အမျိုးသားကြီးဆီက ဝါးခြောက်လုံး အလှူ ခံရတယ်။ ဘာသာ မတူပေမယ့် ကူညီတဲ့အနေနဲ့ စောထီလက ဝါးခြောက်လုံး လှူလိုက်ပါတယ်။ စောထီလရဲ့ ဘဝ တစ်သက်တာမှာ ဒါနဆိုလို့ အဲဒီဝါးခြောက်လုံး လှူတာပဲ ရှိပါတယ်။
စောထီလဟာ တစ်ရက်တော့ တောင်ပေါ်က ငှက်ပျောခိုင်တွေ ခုတ်ရင်း တောင်ပြိုကျလို့ မြေတွေပိပြီး သေသလို ဖြစ်သွားတယ်။ အများအမြင်ကတော့ သေသွားတယ်ပေါ့။
စောထီလဟာ သုံးရက်လောက်ထိ မေ့မျောနေပြီးမှ သတိ ပြန်ရလာတယ်။ သတိရလာတာနဲ့ စိန်ကြီးဘုရားက သူ ဝါးခြောက်လုံးလှူခဲ့တဲ့ ဆရာတော်ဆီအတင်း လိုက်ပို့ခိုင်းပြီး သရဏဂုံ ဆောက်တည်ကာ ဗုဒ္ဓဘာသာထဲ ဝင်လိုက်တယ်။
သူ့ ပြောပြချက်အရ တောင်ပြိုပြီးတာနဲ့ သူ့ကို လူမည်းမည်းကြီး နှစ်ယောက်က မြေကြီးအောက်ထဲကို ညှပ်ပြီး ခေါ်သွားတယ် တဲ့။ မြေကြီးအောက်ထဲ ကျတော့ လူဝါဝါကြီး တစ်ယောက်က သူ့ကို ဘာကုသိုလ်တွေ လုပ်ခဲ့သလဲ ဆိုတာကို စစ်ဆေးတယ် တဲ့။
ဒေဝဒူတ သုတ္တန်မှာ ယမမင်းက လွှတ်ထားတဲ့ တမန် (၅)မျိုး ရှိပါတယ်။ အဲဒီ တမန် (၅)မျိုးက ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသား တို့ ပါပဲ။
ယမမင်း မေးစစ်ပုံက ” အသင်လူသား၊ အသင် လူ့ဘဝမှာ ရှိစဉ်တုန်းက သူသေကောင်ကို တွေ့ဖူးလိမ့်မည်။ ထိုသို့ သူသေကို တွေ့သည့်အခါ ငါလည်း တစ်နေ့ကျ ဒီလိုသေရမှာပါလားလို့ သံဝေဂ မဖြစ်ခဲ့ဘူးလား။
အဲဒီ သံဝေဂနဲ့အတူ သေခြင်းတရား ရောက်မလာမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေ ပြုထားမှ တော်မယ်ဆိုပြီး ကုသိုလ်တွေ အားမထုတ် ခဲ့ဘူးလား ” လို့ (၅)မျိုးလုံး စုံအောင် မေးပါတယ်။ ”
တစ်မျိုးမျိုးကို မေးမြန်း စိစစ်နေရင်းနဲ့ ပြုခဲ့တဲ့ကုသိုလ်ကို အမှတ်ရ သွားရင် ငရဲကနေ ချက်ချင်းလွတ်ပြီး နတ်ပြည် ရောက်သွားတဲ့ သူတွေ အများကြီး ရှိပါတယ်။ တကယ်တော့ ” ယမမင်း ” ဆိုတာ သူတော်ကောင်းကြီးပါ။ ငရဲ မကျထိုက်သူတွေ မကျရအောင် မေးမြန်း စိစစ်ပေးနေ ရှာတာပါ။
တမန် (၅)မျိုးလုံး ကုန်တဲ့အထိ ကုသိုလ်ပြုတာ တစ်ခုမှ မရှိတော့ဘူး ဆိုရင်တော့ ယမမင်းလည်း ဘာမှ မတတ်နိုင်တော့ပဲ ” ဒုစရိုက် အကုသိုလ်ကံများကို အသင်လူသားကိုယ်တိုင် ပြုခဲ့ခြင်း ဖြစ်တယ်။ တခြားသူတွေ ပြုခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် အသင်လူသား ပြုခဲ့တဲ့ အကုသိုလ် ဒုစရိုက်များရဲ့ ဆိုးကျိုးကို အသင်လူသားကိုယ်တိုင် ခံပေတော့ ” လို့ ပြောပြီး စိတ်မကောင်းစွာနဲ့ မျက်နှာကို တစ်ဖက် လှည့်သွားပါတယ်။ ”
” အဲဒီ အချိန်မှာပဲ ငရဲသားကြီးနှစ်ယောက်က စောထီလကို ဆွဲခေါ်ပြီး ပွက်ပွက်ဆူနေတဲ့ ဆီဒယ်အိုးကြီးထဲကို ပစ်ချ လိုက်တယ်။ အံ့သြစရာ ကောင်းတာက ဒယ်အိုးထဲကို မကျခင် လမ်းခုလတ်မှာ ဝါးခြောက်လုံးက စောထီလရဲ့ အောက်ကနေ ဒယ်အိုးထဲမကျအောင် လာခံ ထားပေးပါတယ်။ ”
ငရဲသားတွေလည်း အံ့သြသွားပြီး စောထီလကို ပြန်ပြီး မ, ယူ လိုက်တယ်။ စောထီလကို ပြန် မ, ယူလိုက်တာနဲ့ ဝါးခြောက်လုံးက ပျောက်သွား ပြန်တယ်။ တစ်ခါ ငရဲသားများက စောထီလကို ဒယ်အိုးထဲ ပြန်ပစ်ချ လိုက်တာနဲ့ ဝါးခြောက်လုံးက လာခံ နေပြန်တယ်။ သုံးကြိမ်တိုင်အောင် ပစ်ချလို့ မရမှ ငရဲသားတွေက စောထီလကို ယမမင်းကြီးထံ ပြန်ခေါ် သွားတယ်။
ယမမင်းကြီးက သေချာ စစ်ဆေးကြည့်တော့ ” စိန်ကြီးဘုရားနားမှာ သီတင်းသုံးတဲ့ ရဟန်းတစ်ပါးကို ဝါးခြောက်လုံး လှူခဲ့တာကို သတိ ရသွားတယ်။ ” အဲဒီမှာ ယမမင်းကြီးက စောထီလကို ” အဲဒီလို ကုသိုလ်တွေ ဆက်လုပ်ပါ ” လို့ ပြောပြီး ပြန်လွှတ် လိုက်ပါတယ်။ အဲဒီမှာတင် စောထီလ ပြန် သတိရလာတာပါပဲ။
crd