မြေခိုးရင် ဘာလို့အပြစ်ကြီးတာလဲ ဆိုတော့

ခိုးခြင်းမျိုးစုံထဲမှာ မြေခိုးတာဟာ အပြစ်အကြီးဆုံးပါပဲ။ဘာကြောင့်လဲ ဆိုတော့အပေါ်ယံကြည့်ရင်သာ နှစ်ပေ သုံးပေမို့မများဘူး ထင်ရပေမယ့် အောက်အဝီစိရောက်အောင် တိုင်းကြည့်လိုက်ရင် ဘယ်နည်းမှာလဲ။ဒါကြောင့် မြေခိုးတဲ့အပြစ်ဟာ အကြီးဆုံးလို့ ပြောတာ။အကုသိုလ် လုပ်တိုင်း လုပ်တိုင်း ဇော( ၇ ) ချက် စောတယ်။ဇောဆိုတာစေတနာပါပဲ။

ကောင်းတဲ့ စေတနာက ကောင်းကျိုးပေးသလို မကောင်းတဲ့ စေတနာက မကောင်းကျိုးပေးပါတယ်။ခိုးတာဆိုရင်အကုသိုလ်စေတနာဇောပေါ့။ဒီဇော( ၇ ) ချက်ထဲကပထမဇောက ဒီဘဝမှာမကောင်းကျိုးပေးတယ်။သတ္တမဇောက ဒုတိယဘဝမှာမကောင်းကျိုးပေးတယ်။

ဒီဇောနှစ်မျိုးက အားမကောင်းရင် အကျိုးမပေးနိုင်ပဲ အဟောသိကံ ဖြစ်သွားတာလည်း ရှိတယ်။ဒါကြောင့် မကောင်းတာလုပ်ပြီး ချမ်းသာတဲ့သူတစ်ချို့ ရှိသလို ကောင်းတာလုပ်နေတဲ့ ကြားထဲကဆင်းရဲဒုက္ခ ရောက်နေသူတွေလဲရှိတာပေါ့။မကောင်းတာ လုပ်ပြီး ကြီးပွားနေတာကို တွေ့ရရင် အကုသိုလ်ကို အထင်မကြီးလိုက်ပါနဲ့။

အကုသိုလ် မှန်သမျှဟာ မကောင်းကျိုးပဲ ပေးပါတယ်။ ဘယ်တော့မှ ကောင်းကျိုးကို မပေးပါဘူး။အခုကောင်းကျိုး ခံစားနေရတယ်ဆိုတာ တစ်ခြားဘဝက ပြုခဲ့တဲ့ကုသိုလ်ကံက အရင်လာပြီး အကျိုးပေးနေတာပါ။အကုသိုလ် ကံက သူ့အလှည့်ကို စောင့်နေတုန်းပါ။အကုသိုလ် ကံက သူ့အလှည့်ကျလာပြီ ဆိုရင်တော့မကောင်းကျိုးကိုသာ ပေးမှာပါ။

ကောင်းတာလုပ်ပြီးဆင်းရဲနေတာကို တွေ့ရရင် ကုသိုလ်ကို အထင်မသေးလိုက်ပါနဲ့။ကုသိုလ် မှန်သမျှဟာကောင်းကျိုးပဲ ပေးပါတယ်။ဘယ်တော့မှ မကောင်းကျိုးကို မပေးပါဘူး။အခုဆင်းရဲပြီး မကောင်းကျိုး ခံစားနေရတာက တစ်ခြားဘဝက ပြုခဲ့တဲ့အကုသိုလ်ကံအရင်လာပြီး အကျိုးပေးနေတာပါ။

ကုသိုလ် ကံက သူ့အလှည့်ကို စောင့်နေတုန်းပါ။ကုသိုလ် ကံကသူ့အလှည့်ကျလာပြီဆိုရင်တော့ ကောင်းကျိုးကိုသာ ပေးမှာပါ။အခုနောက်ပိုင်းလူတော်တော်များများမှာတွေ့ရတတ်ပါတယ်။တစ်ချို့သောလူတွေဟာသူတို့ရဲ့ လောဘစိတ်တွေကိုအတော မသတ်နိုင်ကြပါ။နေရာတိုင်းမှာ ကြုံဖူးပါတယ်။

တောရွာတွေမှာဆို တဖက်အိမ်က ခြံစည်းရိုးမခတ်ထားရင်တစ်ဖက်အိမ်က ခြံစည်းရိုးကို သူများမြေကြီးဘက်မသိမသာ သိသိသာသာ တိုးပြီးခတ်သလို အသွားအလာနည်းတဲ့ လမ်းတွေကို မသိမသာကနေ သိသိသာသာလေးခြံစည်းရိုးတွေ တိုးလာကြတယ်။

ကြာလာတော့ သူတို့မြေအဖြစ်တဖြေးဖြေး ဝါးမျိုလာကြတယ်။ခိုးလိုက်တဲ့ မြေကတကယ်ဆို ဘာမှ မများပါဘူး။နေမနေဖြစ်ပါဘူး။လောဘစိတ်ကြောင့်တစ်ထွာ,တစ်တောင်,တစ်လံဒါလောက်ပဲ ရကြတယ်။ဒါတွေကို သူတို့တွေက အကျေနပ်ကြီးကျေနပ်နေကြပါတယ်။မြေကြီးခိုးတဲ့သူဟာသေလွန်သွားပြီးနောက်မှာပြိတ္တာဘဝနဲ့ သူ လူ့ဘဝတုန်းကခိုးထားခဲ့တဲ့မြေကြီးကိုအမြဲ ထမ်းပိုးထားရတယ်လို့စာပေမှာ ဖတ်ဖူးတယ်။

ဒါ့အပြင် သူဟာ စားစရာမရှိတဲ့အတွက် မြေကြီးကိုသာ စားရတယ် တဲ့။ကိုယ်က မြေခိုးခဲ့တော့သံသရာမှာ ခံရတယ်။ကောင်းစားတော့ကျန်နေခဲ့တဲ့သူတွေလေ။ဒါကြောင့်အများ ကောင်းစားဖို့အတွက်အကုသိုလ်နဲ့ မလုပ်ပေးပါနဲ့။မရှာပေးပါနဲ့။မကျူးလွန်ပါနဲ့။ပြန်ခံစားရတာ မတန်လို့ပါ။

ရေစက်ချ အမျှဝေတာတောင်ဝဋ်ကြွေးမကုန်မချင်းဆပ်နေရမယ့် ဝဋ်ကြွေး ပါပဲ။*လယ်သိမ်း၊ယာသိမ်း၊မတရားသိမ်းသမားတွေရဲ့နောက်ဘဝဘဝတွေတော့ မတွေးဝံ့တော့ဘူး။***သတိထားပြီး ဆင်ခြင်နိုင်ကြပါစေရှင့်🙏🙏🏻🙏

Nan Thidar Shwe

 

Zawgyi

ခိုးျခင္းမ်ိဳးစုံထဲမွာ ေျမခိုးတာဟာ အျပစ္အႀကီးဆုံးပါပဲ။ဘာေၾကာင့္လဲ ဆိုေတာ့အေပၚယံၾကည့္ရင္သာ ႏွစ္ေပ သုံးေပမို႔မမ်ားဘူး ထင္ရေပမယ့္ ေအာက္အဝီစိေရာက္ေအာင္ တိုင္းၾကည့္လိုက္ရင္ ဘယ္နည္းမွာလဲ။ဒါေၾကာင့္ ေျမခိုးတဲ့အျပစ္ဟာ အႀကီးဆုံးလို႔ ေျပာတာ။အကုသိုလ္ လုပ္တိုင္း လုပ္တိုင္း ေဇာ( ၇ ) ခ်က္ ေစာတယ္။ေဇာဆိုတာေစတနာပါပဲ။

ေကာင္းတဲ့ ေစတနာက ေကာင္းက်ိဳးေပးသလို မေကာင္းတဲ့ ေစတနာက မေကာင္းက်ိဳးေပးပါတယ္။ခိုးတာဆိုရင္အကုသိုလ္ေစတနာေဇာေပါ့။ဒီေဇာ( ၇ ) ခ်က္ထဲကပထမေဇာက ဒီဘဝမွာမေကာင္းက်ိဳးေပးတယ္။သတၱမေဇာက ဒုတိယဘဝမွာမေကာင္းက်ိဳးေပးတယ္။

ဒီေဇာႏွစ္မ်ိဳးက အားမေကာင္းရင္ အက်ိဳးမေပးႏိုင္ပဲ အေဟာသိကံ ျဖစ္သြားတာလည္း ရွိတယ္။ဒါေၾကာင့္ မေကာင္းတာလုပ္ၿပီး ခ်မ္းသာတဲ့သူတစ္ခ်ိဳ႕ ရွိသလို ေကာင္းတာလုပ္ေနတဲ့ ၾကားထဲကဆင္းရဲဒုကၡ ေရာက္ေနသူေတြလဲရွိတာေပါ့။မေကာင္းတာ လုပ္ၿပီး ႀကီးပြားေနတာကို ေတြ႕ရရင္ အကုသိုလ္ကို အထင္မႀကီးလိုက္ပါနဲ႔။

အကုသိုလ္ မွန္သမွ်ဟာ မေကာင္းက်ိဳးပဲ ေပးပါတယ္။ ဘယ္ေတာ့မွ ေကာင္းက်ိဳးကို မေပးပါဘူး။အခုေကာင္းက်ိဳး ခံစားေနရတယ္ဆိုတာ တစ္ျခားဘဝက ျပဳခဲ့တဲ့ကုသိုလ္ကံက အရင္လာၿပီး အက်ိဳးေပးေနတာပါ။အကုသိုလ္ ကံက သူ႔အလွည့္ကို ေစာင့္ေနတုန္းပါ။အကုသိုလ္ ကံက သူ႔အလွည့္က်လာၿပီ ဆိုရင္ေတာ့မေကာင္းက်ိဳးကိုသာ ေပးမွာပါ။

ေကာင္းတာလုပ္ၿပီးဆင္းရဲေနတာကို ေတြ႕ရရင္ ကုသိုလ္ကို အထင္မေသးလိုက္ပါနဲ႔။ကုသိုလ္ မွန္သမွ်ဟာေကာင္းက်ိဳးပဲ ေပးပါတယ္။ဘယ္ေတာ့မွ မေကာင္းက်ိဳးကို မေပးပါဘူး။အခုဆင္းရဲၿပီး မေကာင္းက်ိဳး ခံစားေနရတာက တစ္ျခားဘဝက ျပဳခဲ့တဲ့အကုသိုလ္ကံအရင္လာၿပီး အက်ိဳးေပးေနတာပါ။

ကုသိုလ္ ကံက သူ႔အလွည့္ကို ေစာင့္ေနတုန္းပါ။ကုသိုလ္ ကံကသူ႔အလွည့္က်လာၿပီဆိုရင္ေတာ့ ေကာင္းက်ိဳးကိုသာ ေပးမွာပါ။အခုေနာက္ပိုင္းလူေတာ္ေတာ္မ်ားမ်ားမွာေတြ႕ရတတ္ပါတယ္။တစ္ခ်ိဳ႕ေသာလူေတြဟာသူတို႔ရဲ႕ ေလာဘစိတ္ေတြကိုအေတာ မသတ္ႏိုင္ၾကပါ။ေနရာတိုင္းမွာ ႀကဳံဖူးပါတယ္။

ေတာ႐ြာေတြမွာဆို တဖက္အိမ္က ၿခံစည္း႐ိုးမခတ္ထားရင္တစ္ဖက္အိမ္က ၿခံစည္း႐ိုးကို သူမ်ားေျမႀကီးဘက္မသိမသာ သိသိသာသာ တိုးၿပီးခတ္သလို အသြားအလာနည္းတဲ့ လမ္းေတြကို မသိမသာကေန သိသိသာသာေလးၿခံစည္း႐ိုးေတြ တိုးလာၾကတယ္။

ၾကာလာေတာ့ သူတို႔ေျမအျဖစ္တေျဖးေျဖး ဝါးမ်ိဳလာၾကတယ္။ခိုးလိုက္တဲ့ ေျမကတကယ္ဆို ဘာမွ မမ်ားပါဘူး။ေနမေနျဖစ္ပါဘူး။ေလာဘစိတ္ေၾကာင့္တစ္ထြာ,တစ္ေတာင္,တစ္လံဒါေလာက္ပဲ ရၾကတယ္။ဒါေတြကို သူတို႔ေတြက အေက်နပ္ႀကီးေက်နပ္ေနၾကပါတယ္။ေျမႀကီးခိုးတဲ့သူဟာေသလြန္သြားၿပီးေနာက္မွာၿပိတၱာဘဝနဲ႔ သူ လူ႔ဘဝတုန္းကခိုးထားခဲ့တဲ့ေျမႀကီးကိုအၿမဲ ထမ္းပိုးထားရတယ္လို႔စာေပမွာ ဖတ္ဖူးတယ္။

ဒါ့အျပင္ သူဟာ စားစရာမရွိတဲ့အတြက္ ေျမႀကီးကိုသာ စားရတယ္ တဲ့။ကိုယ္က ေျမခိုးခဲ့ေတာ့သံသရာမွာ ခံရတယ္။ေကာင္းစားေတာ့က်န္ေနခဲ့တဲ့သူေတြေလ။ဒါေၾကာင့္အမ်ား ေကာင္းစားဖို႔အတြက္အကုသိုလ္နဲ႔ မလုပ္ေပးပါနဲ႔။မရွာေပးပါနဲ႔။မက်ဴးလြန္ပါနဲ႔။ျပန္ခံစားရတာ မတန္လို႔ပါ။

ေရစက္ခ် အမွ်ေဝတာေတာင္ဝဋ္ေႂကြးမကုန္မခ်င္းဆပ္ေနရမယ့္ ဝဋ္ေႂကြး ပါပဲ။*လယ္သိမ္း၊ယာသိမ္း၊မတရားသိမ္းသမားေတြရဲ႕ေနာက္ဘဝဘဝေတြေတာ့ မေတြးဝံ့ေတာ့ဘူး။***သတိထားၿပီး ဆင္ျခင္ႏိုင္ၾကပါေစရွင့္🙏🙏🏻🙏

Nan Thidar Shwe