အမျိုးသမီး အဖြစ်မှ အမျိုးသားအဖြစ်သို့ ရောက် လို ဖြစ်စေ လိုလျှင်
အမျိုးသမီး များ…..
နောင်ဘဝအမျိုးသားများဖြစ်ရန် လိုက်နာကျင့်ကြံရမည့်တရားများမှာ –
(၁) ရတနာသုံးပါးတို့၌ ကြည်ညိုခြင်း၊
(၂) ငါးပါးသီလကို ဖြည့်ကျင့်ခြင်း၊
(၃) အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်သက်ခြင်း၊
(၄) အမျိုးသားအဖြစ်၊ ယောကျာင်္းအဖြစ်ကို နှစ်သက်ခြင်း၊
ဟူသော တရားလေးပါးကို လိုက်နာကျင့်ကြံရမည်။ ရတနာသုံးပါး ကြည်ညိုရမည်ဟု ဆိုရာတွင် ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး ၊
သံဃာဂုဏ်တော် ကိုးပါးတို့၌ ဉာဏ်သက်ဝင်ကာ ယုံကြည် ကြည်ညိုရမည်ကို ဆိုလိုသည် ။
ငါးပါးသီလကို ဖြည့်ကျင့်ရမည်ဟု ဆိုရာတွင် ငါးပါးသီလ၏ အကျိုးနှှင့် အပြစ်ကို သိ၍ လုံခြုံအောင် စောင့်ထိန်း ဖြည့်ကျင့်ရမည်ကို ဆိုလိုခြင်း ဖြစ်သည် ။
အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်သက်ခြင်းဟု ဆိုရာတွင် မိန်းမအဖြစ်၌ တည်ရှိပါက စကြဝတေးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်း တို့၏ စည်းစိမ်ကို မရနိုင်။ မစ္စေကဗုဒ္ဓါ၊ သဗ္ဗညု မြတ်စွာဘုရားအဖြစ်ကို မရနိုင် ။
ထို့ကြောင့် အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မလိုချင်၊ မနှစ်သက်ခြင်း ရှိနေရမည်။ ထိုကဲ့သို့ မနှစ်သက်ခြင်းသည်ပင် အမျိုးကောင်းသာ ယောကျာင်္းဖြစ်ဖို့ရာ အကြောင်းတစ်ပါး ဖြစ်၏။
အမျိုးသား ယောကျာင်္းအဖြစ်ကို နှစ်သက်ခြင်းဟု ဆိုရာတွင် အမျိုးသား ယောကျာင်္းအဖြစ်၌ တည်ရှိပါက စကြဝတေးမင်းမှ အစ နောက်ဆုံး သဗ္ဗညု မြတ်စွာဘုရားတိုင်အောင် ဖြစ်နိုင်သည်။
ထိုမွန်မြတ်သော ဘဝများကို ရနိုင်သော အမျိုးသားယောကျာင်္းအဖြစ်ကို နှစ်သက်စိတ်ရှိရမည်။
မြတ်စွာဘုရားလက်ထက်တော်အခါက ဤအမျိုးသား ယောကျာင်္းဖြစ်ကြောင်း တရားလေးပါးကို လိုက်နာ ကျင့်ကြံ၍ ဒုတိယဘဝ၌ အမျိုးသမီးအဖြစ်မှ အမျိုးသား ယောကျာင်္းအဖြစ်ကို ရောက်သွားသော သာဓကများ ရှိသည်။
အခါတစ်ပါး ကပ္ပိလဝတ်ပြည်သူ ဂေါပိကာအမည်ရှိ သာကီ ဝင်မင်းသမီးသည် ဘုရား၊တရား အလွန်ကြည်ညိုသည်။ ငါးပါးသီလ လုံအောင် စောင့်သည်။
အမျိုးသမီးအဖြစ်ကို မနှစ်သက်။ အမျိုးသားယောကျာင်္း အဖြစ်ကို နှစ်သက်သည်ဖြစ်၍ ရဟန်းတော်သုံးပါးကို ပြုစုလုပ်ကျွေးလျှက် နေသည်။
ဂေါပိကာ ကွယ်လွန်သောအခါ ဒုတိယဘဝတွင် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ သားတော် ဂေါပကနတ်သား ယောကျာင်္းဖြစ်ရလေ၏ ။
ထိုသာဓကကို ထောက်ထား၍ အမျိုးသမီးတို့သည် ဤတရားလေးပါးကို ပြည့်စုံအောင် ကျင့်နိုင်သော် ဒုတိယဘဝ၌ ယောကျာင်္းကောင်းစင်စစ် ဖြစ်နိုင်သည် ။
ယောကျာင်္းဘဝ ရပြီးသောအခါတွင်လည်း အရင်ဘဝက တောင်းခဲ့သော ဘုရားဆုပြည့်ကြောင်း ပါရမီကို ဖြည့်ကျင့်ပါက ဘုရားအဖြစ်ကိုရောက်နိုင်သည်။
အရှင်ဇောတိ နံ့သာနီ
အမ်ိဳးသမီး အျဖစ္မွ အမ်ိဳးသားအျဖစ္သို႔ ေရာက္ လို ျဖစ္ေစ လိုလွ်င္
အမ်ိဳးသမီး မ်ား…..
ေနာင္ဘဝအမ်ိဳးသားမ်ားျဖစ္ရန္ လိုက္နာက်င့္ႀကံရမည့္တရားမ်ားမွာ –
(၁) ရတနာသုံးပါးတို႔၌ ၾကည္ညိဳျခင္း၊
(၂) ငါးပါးသီလကို ျဖည့္က်င့္ျခင္း၊
(၃) အမ်ိဳးသမီးအျဖစ္၊ မိန္းမအျဖစ္ကို မႏွစ္သက္ျခင္း၊
(၄) အမ်ိဳးသားအျဖစ္၊ ေယာက်ာၤးအျဖစ္ကို ႏွစ္သက္ျခင္း၊
ဟူေသာ တရားေလးပါးကို လိုက္နာက်င့္ႀကံရမည္။ ရတနာသုံးပါး ၾကည္ညိဳရမည္ဟု ဆိုရာတြင္ ဘုရားဂုဏ္ေတာ္ ကိုးပါး၊ တရားဂုဏ္ေတာ္ ေျခာက္ပါး ၊
သံဃာဂုဏ္ေတာ္ ကိုးပါးတို႔၌ ဉာဏ္သက္ဝင္ကာ ယုံၾကည္ ၾကည္ညိဳရမည္ကို ဆိုလိုသည္ ။
ငါးပါးသီလကို ျဖည့္က်င့္ရမည္ဟု ဆိုရာတြင္ ငါးပါးသီလ၏ အက်ိဳးႏွွင့္ အျပစ္ကို သိ၍ လုံၿခဳံေအာင္ ေစာင့္ထိန္း ျဖည့္က်င့္ရမည္ကို ဆိုလိုျခင္း ျဖစ္သည္ ။
အမ်ိဳးသမီးအျဖစ္၊ မိန္းမအျဖစ္ကို မႏွစ္သက္ျခင္းဟု ဆိုရာတြင္ မိန္းမအျဖစ္၌ တည္ရွိပါက စၾကဝေတးမင္း၊ သိၾကားမင္း၊ ျဗဟၼာမင္း တို႔၏ စည္းစိမ္ကို မရႏိုင္။ မေစၥကဗုဒၶါ၊ သဗၺညဳ ျမတ္စြာဘုရားအျဖစ္ကို မရႏိုင္ ။
ထို႔ေၾကာင့္ အမ်ိဳးသမီးအျဖစ္၊ မိန္းမအျဖစ္ကို မလိုခ်င္၊ မႏွစ္သက္ျခင္း ရွိေနရမည္။ ထိုကဲ့သို႔ မႏွစ္သက္ျခင္းသည္ပင္ အမ်ိဳးေကာင္းသာ ေယာက်ာၤးျဖစ္ဖို႔ရာ အေၾကာင္းတစ္ပါး ျဖစ္၏။
အမ်ိဳးသား ေယာက်ာၤးအျဖစ္ကို ႏွစ္သက္ျခင္းဟု ဆိုရာတြင္ အမ်ိဳးသား ေယာက်ာၤးအျဖစ္၌ တည္ရွိပါက စၾကဝေတးမင္းမွ အစ ေနာက္ဆုံး သဗၺညဳ ျမတ္စြာဘုရားတိုင္ေအာင္ ျဖစ္ႏိုင္သည္။
ထိုမြန္ျမတ္ေသာ ဘဝမ်ားကို ရႏိုင္ေသာ အမ်ိဳးသားေယာက်ာၤးအျဖစ္ကို ႏွစ္သက္စိတ္ရွိရမည္။
ျမတ္စြာဘုရားလက္ထက္ေတာ္အခါက ဤအမ်ိဳးသား ေယာက်ာၤးျဖစ္ေၾကာင္း တရားေလးပါးကို လိုက္နာ က်င့္ႀကံ၍ ဒုတိယဘဝ၌ အမ်ိဳးသမီးအျဖစ္မွ အမ်ိဳးသား ေယာက်ာၤးအျဖစ္ကို ေရာက္သြားေသာ သာဓကမ်ား ရွိသည္။
အခါတစ္ပါး ကပၸိလဝတ္ျပည္သူ ေဂါပိကာအမည္ရွိ သာကီ ဝင္မင္းသမီးသည္ ဘုရား၊တရား အလြန္ၾကည္ညိဳသည္။ ငါးပါးသီလ လုံေအာင္ ေစာင့္သည္။
အမ်ိဳးသမီးအျဖစ္ကို မႏွစ္သက္။ အမ်ိဳးသားေယာက်ာၤး အျဖစ္ကို ႏွစ္သက္သည္ျဖစ္၍ ရဟန္းေတာ္သုံးပါးကို ျပဳစုလုပ္ေကြၽးလွ်က္ ေနသည္။
ေဂါပိကာ ကြယ္လြန္ေသာအခါ ဒုတိယဘဝတြင္ တာဝတႎသာနတ္ျပည္၌ သိၾကားမင္း၏ သားေတာ္ ေဂါပကနတ္သား ေယာက်ာၤးျဖစ္ရေလ၏ ။
ထိုသာဓကကို ေထာက္ထား၍ အမ်ိဳးသမီးတို႔သည္ ဤတရားေလးပါးကို ျပည့္စုံေအာင္ က်င့္ႏိုင္ေသာ္ ဒုတိယဘဝ၌ ေယာက်ာၤးေကာင္းစင္စစ္ ျဖစ္ႏိုင္သည္ ။
ေယာက်ာၤးဘဝ ရၿပီးေသာအခါတြင္လည္း အရင္ဘဝက ေတာင္းခဲ့ေသာ ဘုရားဆုျပည့္ေၾကာင္း ပါရမီကို ျဖည့္က်င့္ပါက ဘုရားအျဖစ္ကိုေရာက္ႏိုင္သည္။
အရွင္ေဇာတိ နံ႔သာနီ