ရန်ကုန်သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့ဖြစ်ရပ် (အတိတ်ကောင်း၊ နိမိတ်ကောင်းလား)

ရန်ကုန်သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့ဖြစ်ရပ် (အတိတ်ကောင်း၊ နိမိတ်ကောင်းလား)

အောက်ချင်းငှက်ဆိုတာ မြန်မာပြည်ရဲ့ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာသာ နေထိုင်ကျက်စားတဲ့ ငှက်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာပဲ အဓိကမြင်တွေ့ရတဲ့ ငှက်အမျိုးအစားဖြစ်ပါတယ်။

ဒါပေမယ့်ယနေ့မှာတော့ ထူးထူးခြားခြားရန်ကုန်မြို့လယ်ခေါင် သိမ်ကြီးဈေးခေါင်မိုးပေါ်မှာ အောက်ချင်းငှက်အုပ်လိုက်ကို တွေ့ရှမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တချို့ကလည်းဆောင်းခိုတဲ့အနေနဲ့ အေးမြတဲ့ဒေသကနေ ရန်ကုန်မြို့ကိုလာတာလို့ပြောပေမယ့် အောက်ချင်းငှက်ဟာဆောင်းခိုတဲ့ ငှက်အမျိုးအစားမဟုတ်ပါဘူး။

 

ပြီးတော့အောက်ချင်းငှက်သဘာဝအရ ယခုလိုဇန်နဝါရီလဆိုတာ သစ်ပင်အမြင့်တွေရဲ့ထိပ်ဖျားမှာ အသိုက်လုပ်ပြီးဥဝပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒါကြောင့်ရန်ကုန်မြို့ သိမ်ကြီးဈေးအပေါ်မှာ အောက်ချင်းငှက်တွေရောက်နေတာဟာ ထူးခြားတဲ့ အတိတ်နိမိတ်လို့ပဲ ယူဆသုံးသပ်နိုင်တယ်လို့ နိမိတ်ပညာရှင်များက ခန့်မှန်းကြပါတယ်။

အတိတ်နိမိတ်ပြခြင်းဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာ ရှေးကတည်းကတည်ရှိခဲ့ပြီး အယူတော်မင်္ဂလာဦးနိုးတို့လို နိမိတ်ကောက်ပညာရှင်တွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာပြည်မှာ အတိတ်နိမိတ်နဲ့တဘောင်များ အများအပြားပေါ်ထွက်နေပြီး

“နဂါးတပ်မင်းပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မယ်” ဆိုတဲ့တဘောင်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။ အဲဒါကြောင့်ယခုသိမ်ကြီးဈေးကို အောက်ချင်းငှက်ဆင်းတာကလည်း တမူထူးခြားတဲ့ဖြစ်ရပ်ရဲ့ ရှေ့ပြေးဖြစ်တဲ့အတိတ်နိမိတ် လို့ပဲသုံးသပ်မိပြီး

ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ နိမိတ်အကြောင်းနှံ့စပ်သူများ ပြောပြပေးစေလိုပါတယ်။ သာမန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုတော့ ကျိန်းသေဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

credit

Zawgyi

ရန္ကုန္သိမ္ႀကီးေဈးကို ေအာက္ခ်င္းငွက္အုပ္ႀကီး လာနားတဲ့ျဖစ္ရပ္ (အတိတ္ေကာင္း၊ နိမိတ္ေကာင္းလား)

ေအာက္ခ်င္းငွက္ဆိုတာ ျမန္မာျပည္ရဲ႕ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေဒသႀကီးေတြမွာသာ ေနထိုင္က်က္စားတဲ့ ငွက္မ်ိဳးျဖစ္ပါတယ္။ အဓိကအားျဖင့္ ခ်င္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္မွာပဲ အဓိကျမင္ေတြ႕ရတဲ့ ငွက္အမ်ိဳးအစားျဖစ္ပါတယ္။

ဒါေပမယ့္ယေန႔မွာေတာ့ ထူးထူးျခားျခားရန္ကုန္ၿမိဳ႕လယ္ေခါင္ သိမ္ႀကီးေဈးေခါင္မိုးေပၚမွာ ေအာက္ခ်င္းငွက္အုပ္လိုက္ကို ေတြ႕ရွိ

မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ တခ်ိဳ႕ကလည္းေဆာင္းခိုတဲ့အေနနဲ႔ ေအးျမတဲ့ေဒသကေန ရန္ကုန္ၿမိဳ႕ကိုလာတာလို႔ေျပာေပမယ့္ ေအာက္ခ်င္းငွက္ဟာေဆာင္းခိုတဲ့ ငွက္အမ်ိဳးအစားမဟုတ္ပါဘူး။

ၿပီးေတာ့ေအာက္ခ်င္းငွက္သဘာဝအရ ယခုလိုဇန္နဝါရီလဆိုတာ သစ္ပင္အျမင့္ေတြရဲ႕ထိပ္ဖ်ားမွာ အသိုက္လုပ္ၿပီးဥဝပ္ေနတဲ့ အခ်ိန္

ျဖစ္ပါတယ္။ အဲဒါေၾကာင့္ရန္ကုန္ၿမိဳ႕ သိမ္ႀကီးေဈးအေပၚမွာ ေအာက္ခ်င္းငွက္ေတြေရာက္ေနတာဟာ ထူးျခားတဲ့ အတိတ္နိမိတ္လို႔ပဲ ယူဆသုံးသပ္ႏိုင္တယ္လို႔ နိမိတ္ပညာရွင္မ်ားက ခန႔္မွန္းၾကပါတယ္။

အတိတ္နိမိတ္ျပျခင္းဆိုတာ ျမန္မာလူ႔အဖြဲ႕အစည္းမွာ ေရွးကတည္းကတည္ရွိခဲ့ၿပီး အယူေတာ္မဂၤလာဦးႏိုးတို႔လို နိမိတ္ေကာက္ပညာရွင္ေတြ အမ်ားအျပားေပၚေပါက္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ျမန္မာျပည္မွာ အတိတ္နိမိတ္နဲ႔တေဘာင္မ်ား အမ်ားအျပားေပၚထြက္ေနၿပီး

“နဂါးတပ္မင္းျပည္ေတာ္ဆင္းမွ မိစာၦမင္းဆက္ပ်က္လိမ့္မယ္” ဆိုတဲ့တေဘာင္ကလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနခဲ့တာလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ယခုသိမ္ႀကီးေဈးကို ေအာက္ခ်င္းငွက္ဆင္းတာကလည္း တမူထူးျခားတဲ့ျဖစ္ရပ္ရဲ႕ ေရွ႕ေျပးျဖစ္တဲ့အတိတ္နိမိတ္ လို႔ပဲသုံးသပ္မိၿပီး

ဘာေတြဆက္ျဖစ္မယ္ဆိုတာကေတာ့ နိမိတ္အေၾကာင္းႏွံ႔စပ္သူမ်ား ေျပာျပေပးေစလိုပါတယ္။ သာမန္မဟုတ္တဲ့ျဖစ္ရပ္တစ္ခုေတာ့ က်ိန္းေသျဖစ္လာမယ္လို႔ ခန႔္မွန္းရပါတယ္။

credit