“ကားကို နေပူထဲမှာ ရပ်ထားမယ်ဆိုရင် သတိထားရမယ့် ဖြစ်ရပ်လေးတစ်ခု”

လူတွေ သတိမထားမိတဲ့ သတိပြုစရာ ကိုယ်တွေ့ဖြစ်ရပ်ပါ.. နောက်လူတွေ ကိုယ့်လိုမဖြစ်ရအောင် အတွေ့အကြုံကို မျှဝေပါတယ်.. ကိုယ်တော့ အက်စီးဒင့်နဲ့ ပတ်သက်ရင် ဦးဆုံးဖြစ်ဖူးတာမို့လို့ တော်တော်ရှော့ ဖြစ်သွားတယ်.. အမြဲတမ်း ကားကို နေပူထဲမှာရပ်ရင် မှန်နည်းနည်းလေးချပီးမှ ရပ်ပါတယ်.. အပူကြောင့် ဖိအား များရင် ကားမှန်အက်တတ်လို့ ပါ.. ရုံးမှာရပ်ရင် အရိပ်ကောင်းမယ့်နေရာမှာအမြဲ ရပ်ပါတယ်.. ကား အရောင် မကျအောင်ကော တခြားရန်သူမျိုးငါးပါးနဲ့ မတွေ့အောင်ကော အိမ်မှာထားလဲ ဂိုထောင်လုပ်ထားပီးအမြဲ အေးအောင် ထားပါတယ်။

အဲ့နေကတော့ နေ့ချင်းပြန် ခရီးတစ်ခု သွားစရာရှိတာကြောင့် ကားကို ရုံးမှာရပ်ခဲ့ပီး တခြားကားနဲ့သွားခဲ့ပါတယ်.. အမြဲ ရပ်နေကျ အရိပ်ရတဲ့သစ်ပင်ကြီးက လောလောဆယ် မီးကြိုးနဲ့မလွတ်လို့ ခုတ်နေတာမို့ အပင်ပေါ်က သစ်ကိုင်းကျိုးကျမှာစိုးလို့ လွတ်မယ့်နေရာ ရပ်ခဲ့ပါတယ်.. ရပ်တဲ့နေရာက အရိပ်လုံးဝမရှိ နေပူပါတယ်.. ကားမှန်ကို အပြည့်ပိတ်ထားတာကို ချခဲ့ဖို့မေ့သွားခဲ့ပါတယ်.. တစ်နေကုန် ကားကို ဒီတိုင်း ရပ်ထားမိခဲ့ပါတယ်..

ကားကို နေပူထဲတစ်နေကုန် ရပ်ထားခဲ့မိတာအပြင် မှန်ချဖို့မေ့ခဲ့တော့ အပြင်အပူရှိန်တွေကြောင့် pressure ဝင်ပီး ကားနောက်မှန်မှာရှိတဲ့ air fresher ထဲက gas ထပေါက်ရာကနေ ကားရဲ့နောက်မှန်တစ်ခုလုံး အစိတ်စိတ်မွှာမွှာ ကွဲသွားပါတယ်.. နောက်ခန်းရဲ့ မှန်နားမှာရှိတဲ့ air fresher ဗူးရဲ့ဖင်က ကားအရှေ့ခန်း lover seat ထိ ကန်ထွက်လာပါတယ်.. မှန်ကွဲတွေ ကားနောက်ဖက် တစ်လံလောက်အကွာအထိ အပြင်ကိုကန်ထွက်ပါတယ်..

ပေါက်ကွဲသံ တော်တော်ကျယ်ပါတယ်.. ရုံးဝင်းတစ်ခုလုံးကြားရတယ်လို့ ရုံးဝင်းထဲ နေကြတဲ့သူတွေက ပြောပြပါတယ်.. ကံသီပေလို့သာ အနီးအနားမှာကော ကားပေါ်မှာကော လူမရှိတဲ့အချိန်ဖြစ်သွားပါတယ်.. ရုံးပိတ်ရက်မို့လဲ တော်ပါသေးတယ်.. မိန်းကလေးမောင်းတဲ့ ကားမို့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း (မီးခြစ် ဖုန်း ဓါတ်ဆီ အင်ဂျင်ဝိုင် အရက်ပုလင်း) ဘာဆိုဘာမှ ကားပေါ်မရှိတာ အရမ်းကို ကံကောင်းတာပါ.. မဟုတ်ရင် မတွေးရဲစရာ..

ကိုယ်တိုင်က တစ်နေကုန် လမ်းပေါ်ရောက်နေလို့ အခုညနေ အိမ်ပြန်လာမှ သိရပါတယ်.. နောက်လူတွေလဲ ဆင်ခြင်နိုင်အောင်ပါ.. Gas ပါတဲ့ပစ္စည်းဆို ဘာဆိုဘာမှ ကားထဲမထားတာ အကောင်းဆုံးပါ .. မီးခြစ် ဖုန်း ဖြစ်နိုင်ရင် ကားထဲမထားပါနဲ့.. ရေမွှေးပုလင်းတောင် မထားပါနဲ့.. မွှေးချင်ရင် အမွှေးတုံးလေးပဲ ထည့်ထားကြပါ.. တတ်နိုင်သမျှ အရိပ်ရတဲ့နေရာရပ်ပါ.. မတတ်သာလို့ ကားကိုနေပူထဲရပ်မယ်ဆိုလဲ ကားမှန်ကို ၁ လက်မ (သို့) လက်မဝက် ခန့် ချထားပါ..

သစ်ကိုင်းကျိုးကျမှာစိုးလို့ လွတ်တဲ့နေရာရပ်ကာမှ သစ်ကိုင်းမကျိုးပဲ ကံစမ်းမဲပေါက်တယ်.. ကံကောင်းပေလို့ နောက်မှန်လောက်နဲ့ပီးတာ.. နောက်ဆို gas ပါတာဆို အအေးပုလင်းတောင် ကားပေါ်မတင်ရဲတော့ဘူး..

Ma Hla Hmue Khin Khin

 

Zawgyi

လူေတြ သတိမထားမိတဲ့ သတိျပဳစရာ ကိုယ္ေတြ႕ျဖစ္ရပ္ပါ.. ေနာက္လူေတြ ကိုယ့္လိုမျဖစ္ရေအာင္ အေတြ႕အႀကဳံကို မွ်ေဝပါတယ္.. ကိုယ္ေတာ့ အက္စီးဒင့္နဲ႔ ပတ္သက္ရင္ ဦးဆုံးျဖစ္ဖူးတာမို႔လို႔ ေတာ္ေတာ္ေရွာ့ ျဖစ္သြားတယ္.. အၿမဲတမ္း ကားကို ေနပူထဲမွာရပ္ရင္ မွန္နည္းနည္းေလးခ်ပီးမွ ရပ္ပါတယ္.. အပူေၾကာင့္ ဖိအား မ်ားရင္ ကားမွန္အက္တတ္လို႔ ပါ.. ႐ုံးမွာရပ္ရင္ အရိပ္ေကာင္းမယ့္ေနရာမွာအၿမဲ ရပ္ပါတယ္.. ကား အေရာင္ မက်ေအာင္ေကာ တျခားရန္သူမ်ိဳးငါးပါးနဲ႔ မေတြ႕ေအာင္ေကာ အိမ္မွာထားလဲ ဂိုေထာင္လုပ္ထားပီးအၿမဲ ေအးေအာင္ ထားပါတယ္။

အဲ့ေနကေတာ့ ေန႔ခ်င္းျပန္ ခရီးတစ္ခု သြားစရာရွိတာေၾကာင့္ ကားကို ႐ုံးမွာရပ္ခဲ့ပီး တျခားကားနဲ႔သြားခဲ့ပါတယ္.. အၿမဲ ရပ္ေနက် အရိပ္ရတဲ့သစ္ပင္ႀကီးက ေလာေလာဆယ္ မီးႀကိဳးနဲ႔မလြတ္လို႔ ခုတ္ေနတာမို႔ အပင္ေပၚက သစ္ကိုင္းက်ိဳးက်မွာစိုးလို႔ လြတ္မယ့္ေနရာ ရပ္ခဲ့ပါတယ္.. ရပ္တဲ့ေနရာက အရိပ္လုံးဝမရွိ ေနပူပါတယ္.. ကားမွန္ကို အျပည့္ပိတ္ထားတာကို ခ်ခဲ့ဖို႔ေမ့သြားခဲ့ပါတယ္.. တစ္ေနကုန္ ကားကို ဒီတိုင္း ရပ္ထားမိခဲ့ပါတယ္..

ကားကို ေနပူထဲတစ္ေနကုန္ ရပ္ထားခဲ့မိတာအျပင္ မွန္ခ်ဖို႔ေမ့ခဲ့ေတာ့ အျပင္အပူရွိန္ေတြေၾကာင့္ pressure ဝင္ပီး ကားေနာက္မွန္မွာရွိတဲ့ air fresher ထဲက gas ထေပါက္ရာကေန ကားရဲ႕ေနာက္မွန္တစ္ခုလုံး အစိတ္စိတ္မႊာမႊာ ကြဲသြားပါတယ္.. ေနာက္ခန္းရဲ႕ မွန္နားမွာရွိတဲ့ air fresher ဗူးရဲ႕ဖင္က ကားအေရွ႕ခန္း lover seat ထိ ကန္ထြက္လာပါတယ္.. မွန္ကြဲေတြ ကားေနာက္ဖက္ တစ္လံေလာက္အကြာအထိ အျပင္ကိုကန္ထြက္ပါတယ္..

ေပါက္ကြဲသံ ေတာ္ေတာ္က်ယ္ပါတယ္.. ႐ုံးဝင္းတစ္ခုလုံးၾကားရတယ္လို႔ ႐ုံးဝင္းထဲ ေနၾကတဲ့သူေတြက ေျပာျပပါတယ္.. ကံသီေပလို႔သာ အနီးအနားမွာေကာ ကားေပၚမွာေကာ လူမရွိတဲ့အခ်ိန္ျဖစ္သြားပါတယ္.. ႐ုံးပိတ္ရက္မို႔လဲ ေတာ္ပါေသးတယ္.. မိန္းကေလးေမာင္းတဲ့ ကားမို႔ ေပါက္ကြဲေစတတ္တဲ့ပစၥည္း (မီးျခစ္ ဖုန္း ဓါတ္ဆီ အင္ဂ်င္ဝိုင္ အရက္ပုလင္း) ဘာဆိုဘာမွ ကားေပၚမရွိတာ အရမ္းကို ကံေကာင္းတာပါ.. မဟုတ္ရင္ မေတြးရဲစရာ..

ကိုယ္တိုင္က တစ္ေနကုန္ လမ္းေပၚေရာက္ေနလို႔ အခုညေန အိမ္ျပန္လာမွ သိရပါတယ္.. ေနာက္လူေတြလဲ ဆင္ျခင္ႏိုင္ေအာင္ပါ.. Gas ပါတဲ့ပစၥည္းဆို ဘာဆိုဘာမွ ကားထဲမထားတာ အေကာင္းဆုံးပါ .. မီးျခစ္ ဖုန္း ျဖစ္ႏိုင္ရင္ ကားထဲမထားပါနဲ႔.. ေရေမႊးပုလင္းေတာင္ မထားပါနဲ႔.. ေမႊးခ်င္ရင္ အေမႊးတုံးေလးပဲ ထည့္ထားၾကပါ.. တတ္ႏိုင္သမွ် အရိပ္ရတဲ့ေနရာရပ္ပါ.. မတတ္သာလို႔ ကားကိုေနပူထဲရပ္မယ္ဆိုလဲ ကားမွန္ကို ၁ လက္မ (သို႔) လက္မဝက္ ခန႔္ ခ်ထားပါ..

သစ္ကိုင္းက်ိဳးက်မွာစိုးလို႔ လြတ္တဲ့ေနရာရပ္ကာမွ သစ္ကိုင္းမက်ိဳးပဲ ကံစမ္းမဲေပါက္တယ္.. ကံေကာင္းေပလို႔ ေနာက္မွန္ေလာက္နဲ႔ပီးတာ.. ေနာက္ဆို gas ပါတာဆို အေအးပုလင္းေတာင္ ကားေပၚမတင္ရဲေတာ့ဘူး..

Ma Hla Hmue Khin Khin