











Source – Min Bhone Myat

 

Unicode

ဇာတ်လမ်းတွဲရိုက်ကူးစဉ် ထိတ်လန့်ဖွယ်ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကိုပြောပြလာတဲ့ မင်းဘုန်းမြတ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ MRTV 4 မှထုတ်လွှင့် တင်ဆက်ပြသလျက်ရှိသော စေတလုံးမောင်ဘုန်း ရုပ်သံဇာတ်လမ်းတွဲတွင်အဓိကဇာတ်‌ရုပ်နေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့

သရုပ်ဆောင် တက်သစ်စ မင်းသားချောလေး မင်းဘုန်းမြတ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ကူးစဉ် ထိတ်လန့်ဖွယ် ဖြစ်ခဲ့တဲ့ အမှတ်တရ တခု့ကို ယခု့လို ပြောပြလာတာပါ။

အဆိုပါ ဇာတ်လမ်းတွဲအား ၂၀၁၉ ခုနှစ်လောက်ကတည်းက ရိုက်ကူး ပြီးစီးခဲ့ပြီး ယခု ၂၀၂၂ မှ ထုတ်လွှင့်တင်ဆက် ပြသလာတာပဲ ဖြစ်ပါတယ်။

အလွန်အေးတဲ့ ဆောင်းရာသီ နိုဝင်ဘာ ဒီဇင်ဘာလမှာ ရိုက်ကူးခဲ့တာမို့ သရုပ်ဆောင်တို့ ဆောင်းရဲ့ အအေးဒဏ်ကို အံတုရင်း ဇာတ်ကားတစ်ခုလုံးအားရုပ်လုံးပေါ်အောင် အကောင်းဆုံး သရုပ်ဆောင်ပြီး ဇာတ်ရုပ်တို့ ပီပြင်အောင် ကြိုးစားခဲ့ရတာပါ။

ဇာတ်လမ်းဇာတ်ကွက် တော်တော်များများအား ညအချိန်တွေမှာသာ ရိုက်ကူးခဲ့တာကြောင့် အထိတ်တလန့်ဖြစ်ဖွယ်တကယ့်အဖြစ်ပျက်တခု့ကို သရုပ်ဆောင် မင်းဘုန်းမြတ်က ယခု့လို ပြောလာခဲ့တာပါ။

သူတို့ ညဉ့်သန်းခေါင်ယံ ၂ နာရီဝန်းကျင်လောက် ရိုက်ကူးနေစဉ် တရွာလုံးနီးပါး အိပ်မောကျနေပြီပေါ့ ထိုအချိန်မှာလူလေးငါးယောက်ခန့် သူတို့ရိုက်ကွင်းနား လာကြည့်ခဲ့တယ်လို့ ရိုက်ကွင်း ပါဝင်ခဲ့သူတချို့က ပြောပါတယ်။

အဝတ်စားတွေကလဲ ဒီနေ့ခေတ်ပုံစံ မဟုတ်ဘူးလို့လဲဆိုတယ် ပြီးတော့ ပျောက်သွားတယ်တဲ့ ဒါဟာ တကယ်အဖြစ်ပျက်တစ်ခု့မို့ ယုံတမ်းစကားတွေ မဟုတ်သလို

စေတလုံး မောင်ဘုန်း ဇာတ်လမ်းတွဲ၌ ပါဝင်လျက်ရှိသော ဇာတ်လမ်းဇာတ်ကွက်တို့ဟာလည်း အပြင်လောကမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဖြစ်ပျက်တို့ ‌ထည့်သွင်းတင်ဆက်ထားတာမို့

ကိုယ်မကြုံဖူးပေမဲ့လည်းမ ယုံ လို့ မ ရ ပါ ဘူး နော်။ ဖတ်ရှု့ပေး ကြ တဲ့ အ တွက် ကျေးဇူးအထူးတင် ရှိပါ တယ် နော်။

Source – Min Bhone Myat