ခန္ဓာဝန်ချတော်မူမည်ကို ကြိုတင်သိရှိပြီး အခေါင်းရိုက်၊ အုတ်ဂူတည်ခိုင်းကာ မရဏာနုဿတိကမ္မဌာန်းစီးဖြန်း၍ ပျံလွန်တော်မူခဲ့သော သွားတစ်ချောင်းဆရာတော်




 





 

Unicode

ခန္ဓာဝန်ချတော်မူမည်ကို ကြိုတင်သိရှိပြီး အခေါင်းရိုက်၊ အုတ်ဂူတည်ခိုင်းကာ မရဏာနုဿတိကမ္မဌာန်းစီးဖြန်း၍ ပျံလွန်တော်မူခဲ့သော သွားတစ်ချောင်းဆရာတော်

သေရန်မကြောက်သေနည်းတတ်သူ သူတော်ကောင်းကြီးများသည် အံ့ချီးမကုန်နိုင်သောဂုဏ်အင်္ဂါများနှင့် ပြည့်စုံတော်မူလှပါပေ၏။

၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့ ည ၁ နာရီ ၁၄ မိနစ် အချိန်တွင် ပရိတ်ချည်ဆရာတော် (သွားတချောင်းကိုယ်တော်)ဟု ထင်ရှားတော်မူသော ဆရာတော်ကြီးမှာ ဘဝနတ်ထံသို့ ပျံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

ဆရာတော်ကြီး ခန္ဓာဝန်မချမီ မန္တလေးမှ ပျော်ဘွယ် အနောက် (၉) မိုင် ဝေးသော တောထဲဖိုကုန်းကျေးရွာသို့ ပြန်ကြွပြီးနောက် ကျောင်း၊ ဓမ္မာရုံ၊ သာသနာ့အဆောက်အဦးများစွာ နေရာအစုံ၌ တည်ဆောက်ခဲ့သော်လည်း အင်ပင်အောက်ရှိ ဇရပ်အတွင်းမှာပင် သီတင်းသုံးတော် မူခဲ့ပြီ။

“ကိုယ်တိုင်ရေချိုးခိုင်းတယ်” “အခေါင်းရိုက်ခိုင်းပြီး အခေါင်းထဲဝင်ကျိမ်းတယ်” “ကိုယ်တိုင် သရဏဂုံ တင်တယ်” “မရဏာနုဿတိကမ္မဌာန်းကို စီးဖြန်းတော်မူတယ်” “ကိုယ်တိုင်ဆွမ်းသွတ်ပြီး ဂူပါတည်ခိုင်းပါတယ်” အလုံးစုံ ပြီးမြောက်စေပြီးမှ တည်ငြိမ်အေးချမ်းစွာနဲ့ ခန္ဓာဝန်ချခဲ့ကြောင်း သိရှိရပါသည်။

သူတော်ကောင်းပုဂ္ဂိုလ်ကြီးများသည် အသေမဦးခင် ဉာဏ်ဦးအောင် ကျင့်ကြံကြိုးစား အားထုတ်တော်မူနိုင်ကြကုန်၏။ သံဃံ သရဏံ ဂစ္ဆာမိပါ အရှင်ဘုရား။

Credit – နေပြည်တော်ဟစ်တိုင်