ထိုင်းဘဏ် ( BOT ) က ပိုမိုတာရှည်ခံတဲ့ ပိုလီမာပစ္စည်းနဲ့ ထုတ်လုပ်ထားတဲ့ ဘတ်ငွေ ၂၀ တန် စက္ကူ ဗားရှင်းအသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ ငွေစက္ကူအသစ်ကို မတ်လမှာစတင်ပြီး အများသူငှာ အသုံးပြုနိုင်အောင် ဖြန့်ချိပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ငွေစက္ကူအနုတ် အသစ်မှာ လုံခြုံရေးအင်္ဂါရပ်အသစ် ပါဝင်လာမှာဖြစ်ပြီး ဒီဇိုင်းနဲ့ အရောင်တွေဟာ ယခင်ခေတ်အဆက်ဆက်တုန်းက ပုံရိပ်တွေကို ထင်ဟပ်စေမယ့် ရုပ်ပုံတွေ ပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် အမြင်အာရုံမကောင်းတဲ့ သူတွေအတွက်ကူညီပေးဖို့ သေးငယ်တဲ့ ဂဏန်းမှာ ငွေစက္ကူ ဘတ် ၂၀ တန်ကို သိသာအောင် ဖောင်းကြွ စာလုံးထွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယင်းငွေစက္ကူအသစ်ဟာ သက်တမ်းကို တာရှည်ခံစေမှာဖြစ်ပြီး ပြန်လည်ပုံနှိပ်ဖို့ လိုအပ်မှုကို လျှော့ချ ဖို့ ဖြစ်တယ်လို့ ဘဏ်အုပ်ချုပ်ရေးမှူး က ပြောကြားခဲ့ပါတယ်။
ပိုလီမာ ငွေစက္ကူအသစ်တွေကို ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကနေ အဓိက ဖြန့်ဖြူးပေးလျက်ရှိပြီးတော့ လာမယ့် မတ်လ ၂၄ ရက်မှာ စတင်ပြီးတော့ တရားဝင်ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
source-ဘန်ကောက်လမ်းညွှန်ကိုစိုင်း
zawgyi code
ထိုင္းဘဏ္ ( BOT ) က ပိုမိုတာရွည္ခံတဲ့ ပိုလီမာပစၥည္းနဲ႔ ထုတ္လုပ္ထားတဲ့ ဘတ္ေငြ ၂၀ တန္ စကၠဴ ဗားရွင္းအသစ္ကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဆိုပါ ေငြစကၠဴအသစ္ကို မတ္လမွာစတင္ၿပီး အမ်ားသူငွာ အသုံးျပဳႏိုင္ေအာင္ ျဖန႔္ခ်ိေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ေငြစကၠဴအႏုတ္ အသစ္မွာ လုံၿခဳံေရးအဂၤါရပ္အသစ္ ပါဝင္လာမွာျဖစ္ၿပီး ဒီဇိုင္းနဲ႔ အေရာင္ေတြဟာ ယခင္ေခတ္အဆက္ဆက္တုန္းက ပုံရိပ္ေတြကို ထင္ဟပ္ေစမယ့္ ႐ုပ္ပုံေတြ ပါဝင္မွာျဖစ္ပါတယ္။
ဒါ့အျပင္ အျမင္အာ႐ုံမေကာင္းတဲ့ သူေတြအတြက္ကူညီေပးဖို႔ ေသးငယ္တဲ့ ဂဏန္းမွာ ေငြစကၠဴ ဘတ္ ၂၀ တန္ကို သိသာေအာင္ ေဖာင္းႂကြ စာလုံးထြင္းထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ယင္းေငြစကၠဴအသစ္ဟာ သက္တမ္းကို တာရွည္ခံေစမွာျဖစ္ၿပီး ျပန္လည္ပုံႏွိပ္ဖို႔ လိုအပ္မႈကို ေလွ်ာ့ခ် ဖို႔ ျဖစ္တယ္လို႔ ဘဏ္အုပ္ခ်ဳပ္ေရးမႉး က ေျပာၾကားခဲ့ပါတယ္။
ပိုလီမာ ေငြစကၠဴအသစ္ေတြကို ကူးသန္းေရာင္းဝယ္ေရးဘဏ္ေတြကေန အဓိက ျဖန႔္ျဖဴးေပးလ်က္ရွိၿပီးေတာ့ လာမယ့္ မတ္လ ၂၄ ရက္မွာ စတင္ၿပီးေတာ့ တရားဝင္ေရာင္းခ်ေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။
source-ဘန္ေကာက္လမ္းၫႊန္ကိုစိုင္း