သင့္ခ်စ္သူ သင့္ကို ႐ူး႐ူးမူးမူး ပိုခ်စ္လာေစမယ့္ နည္းလမ္းမ်ား…

သင့္ခ်စ္သူ သင့္ကို ႐ူး႐ူးမူးမူး ပိုခ်စ္လာေစမယ့္ နည္းလမ္းမ်ား…

Relationship တစ္ခုၾကာလာရင္ ေယာက်ာ္းေလးေတြျဖစ္ျဖစ္၊ မိန္းကေလးေတြျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ ၿငီးေငြ႕လာတတ္ၾကတယ္။ အဲ့ဒါေၾကာင့္ Relationship ၾကာလာရင္ေတာင္ သင့္ခ်စ္သူ သင့္ကို ႐ူး႐ူးမူးမူး ပိုခ်စ္လာေအာင္ ဘယ္လိုမ်ိဳးေတြ ဆြဲေဆာင္မႈရွိရွိ ေနရမလဲဆိုတာကို မွ်ေဝေပး လိုက္ပါတယ္ေနာ္ …..။

(၁) ကေလးတစ္ေယာက္လို ခြၽဲေပးပါ”

ခ်စ္သူေကာင္မေလးက ခြၽဲရင္ ဘယ္ေကာင္ေလးမွ မေပ်ာ္ဘဲမေနပါဘူး။ ေန႔တိုင္းႀကီးေတာ့လည္း ခြၽဲေနစရာမလိုပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ေလေတာ့ ခြၽဲေပးပါ။ အဲ့လိုဆို သင္အေပၚမွာ အခ်စ္ေတြတိုးလာမွာပါ။ အဲ့ဒါေၾကာင့္ တစ္ေန႔နဲ႔တစ္ေန႔ မ႐ိုးႏိုင္ေအာင္ကို ခြၽဲေပးပါ …။

(၂) အႏူးအညံ့စကားေလးေတြေျပာၿပီး ခ်ဳပ္ပါ”

သူက သင့္ကိုတစ္ခုခုလုပ္ေပးရင္ အႏူးအညံ့စကားေလးေတြေျပာၿပီးခ်ဳပ္ပါ။ သင့္အေပၚလုပ္ေပးတာေတြမွန္သမွ်ကို အသိအမွတ္ျပဳေပးၿပီး စကားခ်ိဳခ်ိဳေလးေတြ ေျပာေပးပါ …။

အၿမဲရန္ျဖစ္ၿပီး ေန႔တိုင္းလည္း စကားေျပာၾကတာေတြက မခ်ိဳၾကဘူးဆိုရင္ relationship ႀကီးဟာ ၿငီးေငြ႕လာမွာ ေသခ်ာပါတယ္။ အဲ့ဒါေၾကာင့္ တစ္ခါတစ္ေလ စကားေျပာခ်ိဳခ်ိဳေလးနဲ႔ ႏူးႏူးညံ့ညံ့ေလး ေျပာေပးပါ …။

(၃) အဆက္အသြယ္မပ်က္ ဖုန္းဆက္ေပးပါ”

ဖုန္းဆက္ေပးပါဆိုတာက အၿမဲသူေရာက္ေနတဲ့ ေနရာတိုင္းကိုေတာ့ ဖုန္းဆက္စရာမလိုပါဘူး။ ဒါေပမယ့္ ရံဖန္ရံခါေတာ့ ဖုန္းဆက္ၿပီး ခြၽဲေပးပါ …။

အဆက္အသြယ္မပ်က္ေတာ့ ရွိေနပါ။သူ႔ကို တစ္ေန႔လုံးပစ္ထားတာတို႔ကိုေတာ့ မလုပ္မိပါေစနဲ႔။ ႏွစ္ၾကာလာတဲ့ relationship ေတြေတာ္ေတာ္မ်ားမ်ား ၾကာလာရင္ ၿငီးေငြ႕လာၾကတာ၊ စိတ္ပ်က္လာၾကတာ အဲ႔ဒါေၾကာင့္ပါပဲ …..။

(၄) ရန္ျဖစ္ေပးပါ”

စုံတြဲေတြ ရန္ျဖစ္ၿပီးရင္ အခ်စ္ေတြပိုတိုးလာေစလို႔ ရန္ျဖစ္ေပးပါေနာ္။ ရန္ျဖစ္ၿပီးရင္ေတာ့ မွားတဲ့လူက ျပန္ေခ်ာ့ပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္မျဖစ္ၾကေတာ့ဘူးဆိုရင္ေတာ့ အဲ့ဒါတစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ပ်က္သြားၾကလို႔ပါ။ အဲ့ဒါေၾကာင့္ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ေလးေတာ႔ လုပ္ေပးပါ …။

(၅) အနမ္းေလးေတြေခြၽေပးပါ”

သူမသိရင္မသိလိုက္သလို ပါးေလးကို နမ္းေပးလိုက္ပါ။ သူ႔အတြက္ အရမ္းလည္း အံ့ၾသသြားမွာျဖစ္သလို ေပ်ာ္လည္းေပ်ာ္သြားမွာပါ။ အဲ့လို ၾကည္ႏူးစရာအနမ္းေလးကို ေခြၽေပးလိုက္ပါ။ အၿမဲတမ္းဆို ႐ိုးသြားတတ္တယ္။ တစ္ခါတစ္ေလ သူမထင္ရင္ မထင္သလို ပါးေလးကို နမ္းေပးပါ …။ ။

Credit-Auntymay

Unicode

သင့်ချစ်သူ သင့်ကို ရူးရူးမူးမူး ပိုချစ်လာစေမယ့် နည်းလမ်းများ…

Relationship တစ်ခုကြာလာရင် ယောက်ျားလေးတွေဖြစ်ဖြစ်၊ မိန်းကလေးတွေဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာတတ်ကြတယ်။ အဲ့ဒါကြောင့် Relationship ကြာလာရင်တောင် သင့်ချစ်သူ သင့်ကို ရူးရူးမူးမူး ပိုချစ်လာအောင် ဘယ်လိုမျိုးတွေ ဆွဲဆောင်မှုရှိရှိ နေရမလဲဆိုတာကို မျှဝေပေး လိုက်ပါတယ်နော် …။

(၁) ကလေးတစ်ယောက်လို ချွဲပေးပါ”

ချစ်သူကောင်မလေးက ချွဲရင် ဘယ်ကောင်လေးမှ မပျော်ဘဲမနေပါဘူး။ နေ့တိုင်းကြီးတော့လည်း ချွဲနေစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေတော့ ချွဲပေးပါ။ အဲ့လိုဆို သင်အပေါ်မှာ အချစ်တွေတိုးလာမှာပါ။ အဲ့ဒါကြောင့် တစ်နေ့နဲ့တစ်နေ့ မရိုးနိုင်အောင်ကို ချွဲပေးပါ …။

(၂) အနူးအညံ့စကားလေးတွေပြောပြီး ချုပ်ပါ”

သူက သင့်ကိုတစ်ခုခုလုပ်ပေးရင် အနူးအညံ့စကားလေးတွေပြောပြီးချုပ်ပါ။ သင့်အပေါ်လုပ်ပေးတာတွေမှန်သမျှကို အသိအမှတ်ပြုပေးပြီး စကားချိုချိုလေးတွေ ပြောပေးပါ …။

အမြဲရန်ဖြစ်ပြီး နေ့တိုင်းလည်း စကားပြောကြတာတွေက မချိုကြဘူးဆိုရင် relationship ကြီးဟာ ငြီးငွေ့လာမှာ သေချာပါတယ်။ အဲ့ဒါကြောင့် တစ်ခါတစ်လေ စကားပြောချိုချိုလေးနဲ့ နူးနူးညံ့ညံ့လေး ပြောပေးပါ …။

(၃) အဆက်အသွယ်မပျက် ဖုန်းဆက်ပေးပါ”

ဖုန်းဆက်ပေးပါဆိုတာက အမြဲသူရောက်နေတဲ့ နေရာတိုင်းကိုတော့ ဖုန်းဆက်စရာမလိုပါဘူး။ ဒါပေမယ့် ရံဖန်ရံခါတော့ ဖုန်းဆက်ပြီး ချွဲပေးပါ …။

အဆက်အသွယ်မပျက်တော့ ရှိနေပါ။သူ့ကို တစ်နေ့လုံးပစ်ထားတာတို့ကိုတော့ မလုပ်မိပါစေနဲ့။ နှစ်ကြာလာတဲ့ relationship တွေတော်တော်များများ ကြာလာရင် ငြီးငွေ့လာကြတာ၊ စိတ်ပျက်လာကြတာ အဲ့ဒါကြောင့်ပါပဲ …။

(၄) ရန်ဖြစ်ပေးပါ”

စုံတွဲတွေ ရန်ဖြစ်ပြီးရင် အချစ်တွေပိုတိုးလာစေလို့ ရန်ဖြစ်ပေးပါနော်။ ရန်ဖြစ်ပြီးရင်တော့ မှားတဲ့လူက ပြန်ချော့ပါ။ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ကြတော့ဘူးဆိုရင်တော့ အဲ့ဒါတစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်သွားကြလို့ပါ။ အဲ့ဒါကြောင့် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လေးတော့ လုပ်ပေးပါ …။

(၅) အနမ်းလေးတွေချွေပေးပါ”

သူမသိရင်မသိလိုက်သလို ပါးလေးကို နမ်းပေးလိုက်ပါ။ သူ့အတွက် အရမ်းလည်း အံ့သြသွားမှာဖြစ်သလို ပျော်လည်းပျော်သွားမှာပါ။ အဲ့လို ကြည်နူးစရာအနမ်းလေးကို ချွေပေးလိုက်ပါ။ အမြဲတမ်းဆို ရိုးသွားတတ်တယ်။ တစ်ခါတစ်လေ သူမထင်ရင် မထင်သလို ပါးလေးကို နမ်းပေးပါ …။ ။

Credit-Auntymay