မြန်မာပြည်က နတ်တွေထက် ပိုကြမ်းတဲ့ ထိုင်းနိုင်ငံက နာမည်ကြီး မယ့်နပ်ခ် နတ်နန်း

ထိုင်းနိုင်ငံမှ နာမည်ကြီး မယ့်နပ်ခ် (Mae Nak) နတ်နန်း..

ထိုင်း လူမျိုးတွေဟာ နတ်ကိုးကွယ်မှုနဲ့ အစွဲကြီးမှုမှာ မြန်မာလူမျိုးတွေထက် သာပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ နာမည်အကြီးဆုံးကတော့ မယ့်နပ်ခ် (Mae Nak) ဆိုတဲ့ သရဲမပါပဲ။ Mae Nak ရဲ့ နတ်နန်းက သူမ လူ့ဘဝ က နေထိုင်ခဲ့ရာ ဗန်ကောက်မြို့ရဲ့ တောင်ဘက် ဖရာခနောင်း တူးမြောင်း ဘေးနားမှာ ရှိပါတယ်။

ဇာတ်လမ်းလေးကတော့.. ၁၈၀၀ ပြည့်လွန် နှစ်တွေတုန်းက Mae Nak လို့ ခေါ်တဲ့ မိန်းမလှလေး တစ်ယောက်က ထခ်မက်ပ် (Tak Mark) ဆိုတဲ့ သူနဲ့ လက်ဆက်ခဲ့ပါတယ်။

 

သူတို့က ဗန်ကောက်မြို့ တောင်ဘက် ဖရာခနောင်း တူးမြောင်းဘေး မြစ်ဆိပ် အိမ်လေးမှာ နေကြပါတယ်။ Mae Nak ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာပဲ သူမ အမျိုးသား Tak ဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ် ခံရပါတယ်။

အားလုံးလည်း သိပြီးသားမို့ တိုတိုပဲ ပြောရရင် Tak Mark ရှေ့တန်းသွားနေတုန်း Mae Nakက ကလေး မမွေးနိုင်ပဲ ဆုံးပါး သွားခဲ့ရှာတယ်။

ထိုနောက်တော့ ဝိဥာဉ်ဘဝနဲ့ Tak Mark ကို စောင့်နေတဲ့ အချိန် သူ့ယောကျ်ား Tak Mark က ရှေ့တန်းကနေ မသေပဲ ပြန်ရောက်လာခဲ့ပါတယ်။

Tak Mark က အစပိုင်းတော့ သူ့မိန်းမ Mae Nak နဲ့ ကလေး သေတာကို မသိခဲ့ပါဘူး။ ရွာသားတွေ သတိပေးတာကိုလည်း လက်မခံခဲ့ပါဘူး။ Tak Mark ကို သတိပေးတဲ့ ရွာသားတွေကိုလည်း Mae Nak က ရှင်းပစ်ခဲ့ပါတယ်။

 

တစ်ရက်မှာတော့ Tak Mark တောထဲကနေ ပြန်အလာမှာ Mae Nak က ခြေတံရှည် အိမ်အပေါ် ကနေ လက်အရှည်ကြီးထုတ်ပြီး ဟင်းချက်ဖို့ အသီးအနှံတွေ ယူနေတာ ကိုကြည့်ပြီး သွေးပျက် ခြောက်ခြားပြီး ထွက်ပြေးခဲ့ရပါတယ်။

Tak Mark ပြေးထွက်ခဲ့ရာ နေရာကတော့ ဝပ်မဟာဘတ် ဘုရားကျောင်းထဲကိုပါ။ Mae Nak က လိုက်လာလို့ ဘုန်းကြီးတွေက သိမ်ကျောင်းထဲမှာ ပုန်းအောင်းစေခဲ့ပါတယ်။

သိမ်ထဲကိုတော့ Mae Nak က မလိုက်နိုင်ပါဘူး။ ဒါပေမယ့် Mae Nak က အငြိုးထားပြီး ရွာကို ဖျက်စီးပစ်ခဲ့ပါတယ်။ Mae Nak ကို ကြောက်လို့ ရွာကြီး ပျက်ခဲ့ရတယ်။

ထွက်ပြေးသွားတဲ့ ရွာသားတွေက အထက်လမ်း ဆရာကိုပင့်ပြီး Mae Nak ကို နှိမ်နင်းရာမှာ အထက်လမ်းဆရာက Mae Nak ကို ကြွေခရားထဲ ပိတ်ကာ မြစ်ထဲ ပြစ်ချပြီး ” မြစ်အောက်ထဲမှာ အမြဲနေ ” ဆိုပြီး အမိန့်ပေးခဲ့ပါတယ်။

နှစ် အနည်းငယ်အကြာ မှာတော့ တံငါသည် တစ်ဦးက ကြွေခရားကို ဆယ်ယူရရှိပြီး ဖွင့်မိလိုက်လို့ Mae Nak က လွတ်မြောက် လာခဲ့ပါတယ်။

 

Mae Nak က ဖရာခရောင်း တူးမြောင်း တလျှောက် ပြန်လည်သောင်းကျန်း လာတာနဲ့ လောင်ပေါ်တုန်း ဆိုတဲ့ တန်ခိုးကြီးတဲ့ ဘုန်းတော်ကြီး တစ်ပါးက သူ့ စိတ်တန်ခိုး နဲ့ Mae Nak ရဲ့ အရိုးစုကို တွေ့အောင်ရှာ ပြန်တူးဖော်ပြီး သူမဝိဥာဉ်ကို အရိုးစုထဲ မှာ ပြန်ပိတ်ပြီး ချုပ်ထားခဲ့တယ်။

အဲဒီ အရိုးစုကို ထိုင်းတော်ဝင်မိသားစု အမိန့်နဲ့ အခု သူမ နတ်နန်း ဆောက်လုပ်မယ့် အဆောက်အဦး အောက်မှာ မြုပ်ထားခဲ့ပါတယ်။

Mak Nak ရုပ်တုက သူမသားလေးကို ပိုက်ထားတဲ့ ရုပ်တုပါ။ ရွှေချ ထားပါတယ်။ လာရောက် ပူဇော်သူတွေက အမွှေးနံ့သာတွေ၊ ပိုက်ဆံ၊ ထိုင်းရိုးရာ အဝတ်အထည်၊ ရွှေထည်တွေ နဲ့ ပူဇော်လေ့ ရှိပါတယ်။

လာရောက် ပူဇော်သူတွေကတော့ အထူးသဖြင့် ထိုင်း စစ်မှုထမ်းတွေရဲ့မိခင်တွေ ၊ ဇနီးသည်တွေက စစ်ထွက် ယောကျ်ား သားသမီးတွေကို အန္တရာယ် ကင်းအောင် စောင့်ရှောက်ပေးဖို့ လာရောက် ပူဇော်လေ့ ရှိကြ ပါတယ်။ နတ်နန်းထဲကို ကိုယ်ဝင်ဆောင် မဝင်ရပါဘူး။ ဝင်ရင်တော့ ဆိုးကျိုးတွေ ကြိမ်းသေခံစားရတယ် လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဗန်ကောက်မြို့ တောင်ဘက် ဖရာခရောင်း တူးမြောင်း နဘေးက Mae Nak နဲ့ Tak Mark တို့ရဲ့ အိမ်နေရာလေးကတော့ နတ်နန်း ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော်ကထက်တောင် စည်ကား နေပါတယ်။

ဒါပေမယ့် တစ်နှစ်တစ်ခါတော့ နတ်နန်း တဝိုက် မီးနေသည်နံ့ ရရင်တော့ လူအသေအပျောက်ရှိပြီး Mae Nak က ဖမ်းစားလျှက်ပင် ရှိပါသတဲ့။

Lu Myanmar

 

Zawgyi

ထိုင္းႏိုင္ငံမွ နာမည္ႀကီး မယ့္နပ္ခ္ (Mae Nak) နတ္နန္း..

ထိုင္း လူမ်ိဳးေတြဟာ နတ္ကိုးကြယ္မႈနဲ႔ အစြဲႀကီးမႈမွာ ျမန္မာလူမ်ိဳးေတြထက္ သာပါတယ္။ ဒါေပမယ့္ အားလုံးထဲမွာ နာမည္အႀကီးဆုံးကေတာ့ မယ့္နပ္ခ္ (Mae Nak) ဆိုတဲ့ သရဲမပါပဲ။ Mae Nak ရဲ႕ နတ္နန္းက သူမ လူ႔ဘဝ က ေနထိုင္ခဲ့ရာ ဗန္ေကာက္ၿမိဳ႕ရဲ႕ ေတာင္ဘက္ ဖရာခေနာင္း တူးေျမာင္း ေဘးနားမွာ ရွိပါတယ္။

ဇာတ္လမ္းေလးကေတာ့.. ၁၈၀၀ ျပည့္လြန္ ႏွစ္ေတြတုန္းက Mae Nak လို႔ ေခၚတဲ့ မိန္းမလွေလး တစ္ေယာက္က ထခ္မက္ပ္ (Tak Mark) ဆိုတဲ့ သူနဲ႔ လက္ဆက္ခဲ့ပါတယ္။

သူတို႔က ဗန္ေကာက္ၿမိဳ႕ ေတာင္ဘက္ ဖရာခေနာင္း တူးေျမာင္းေဘး ျမစ္ဆိပ္ အိမ္ေလးမွာ ေနၾကပါတယ္။ Mae Nak ကိုယ္ဝန္ေဆာင္တဲ့ အခ်ိန္မွာပဲ သူမ အမ်ိဳးသား Tak ဟာ စစ္မႈထမ္းဖို႔ ဆင့္ေခၚ ခံရပါတယ္။

အားလုံးလည္း သိၿပီးသားမို႔ တိုတိုပဲ ေျပာရရင္ Tak Mark ေရွ႕တန္းသြားေနတုန္း Mae Nakက ကေလး မေမြးႏိုင္ပဲ ဆုံးပါး သြားခဲ့ရွာတယ္။

ထိုေနာက္ေတာ့ ဝိဥာဥ္ဘဝနဲ႔ Tak Mark ကို ေစာင့္ေနတဲ့ အခ်ိန္ သူ႔ေယာက်္ား Tak Mark က ေရွ႕တန္းကေန မေသပဲ ျပန္ေရာက္လာခဲ့ပါတယ္။

Tak Mark က အစပိုင္းေတာ့ သူ႔မိန္းမ Mae Nak နဲ႔ ကေလး ေသတာကို မသိခဲ့ပါဘူး။ ႐ြာသားေတြ သတိေပးတာကိုလည္း လက္မခံခဲ့ပါဘူး။ Tak Mark ကို သတိေပးတဲ့ ႐ြာသားေတြကိုလည္း Mae Nak က ရွင္းပစ္ခဲ့ပါတယ္။

တစ္ရက္မွာေတာ့ Tak Mark ေတာထဲကေန ျပန္အလာမွာ Mae Nak က ေျခတံရွည္ အိမ္အေပၚ ကေန လက္အရွည္ႀကီးထုတ္ၿပီး ဟင္းခ်က္ဖို႔ အသီးအႏွံေတြ ယူေနတာ ကိုၾကည့္ၿပီး ေသြးပ်က္ ေျခာက္ျခားၿပီး ထြက္ေျပးခဲ့ရပါတယ္။

Tak Mark ေျပးထြက္ခဲ့ရာ ေနရာကေတာ့ ဝပ္မဟာဘတ္ ဘုရားေက်ာင္းထဲကိုပါ။ Mae Nak က လိုက္လာလို႔ ဘုန္းႀကီးေတြက သိမ္ေက်ာင္းထဲမွာ ပုန္းေအာင္းေစခဲ့ပါတယ္။

သိမ္ထဲကိုေတာ့ Mae Nak က မလိုက္ႏိုင္ပါဘူး။ ဒါေပမယ့္ Mae Nak က အၿငိဳးထားၿပီး ႐ြာကို ဖ်က္စီးပစ္ခဲ့ပါတယ္။ Mae Nak ကို ေၾကာက္လို႔ ႐ြာႀကီး ပ်က္ခဲ့ရတယ္။

ထြက္ေျပးသြားတဲ့ ႐ြာသားေတြက အထက္လမ္း ဆရာကိုပင့္ၿပီး Mae Nak ကို ႏွိမ္နင္းရာမွာ အထက္လမ္းဆရာက Mae Nak ကို ေႂကြခရားထဲ ပိတ္ကာ ျမစ္ထဲ ျပစ္ခ်ၿပီး ” ျမစ္ေအာက္ထဲမွာ အၿမဲေန ” ဆိုၿပီး အမိန္႔ေပးခဲ့ပါတယ္။

ႏွစ္ အနည္းငယ္အၾကာ မွာေတာ့ တံငါသည္ တစ္ဦးက ေႂကြခရားကို ဆယ္ယူရရွိၿပီး ဖြင့္မိလိုက္လို႔ Mae Nak က လြတ္ေျမာက္ လာခဲ့ပါတယ္။

Mae Nak က ဖရာခေရာင္း တူးေျမာင္း တေလွ်ာက္ ျပန္လည္ေသာင္းက်န္း လာတာနဲ႔ ေလာင္ေပၚတုန္း ဆိုတဲ့ တန္ခိုးႀကီးတဲ့ ဘုန္းေတာ္ႀကီး တစ္ပါးက သူ႔ စိတ္တန္ခိုး နဲ႔ Mae Nak ရဲ႕ အ႐ိုးစုကို ေတြ႕ေအာင္ရွာ ျပန္တူးေဖာ္ၿပီး သူမဝိဥာဥ္ကို အ႐ိုးစုထဲ မွာ ျပန္ပိတ္ၿပီး ခ်ဳပ္ထားခဲ့တယ္။

အဲဒီ အ႐ိုးစုကို ထိုင္းေတာ္ဝင္မိသားစု အမိန္႔နဲ႔ အခု သူမ နတ္နန္း ေဆာက္လုပ္မယ့္ အေဆာက္အဦး ေအာက္မွာ ျမဳပ္ထားခဲ့ပါတယ္။

Mak Nak ႐ုပ္တုက သူမသားေလးကို ပိုက္ထားတဲ့ ႐ုပ္တုပါ။ ေ႐ႊခ် ထားပါတယ္။ လာေရာက္ ပူေဇာ္သူေတြက အေမႊးနံ႔သာေတြ၊ ပိုက္ဆံ၊ ထိုင္း႐ိုးရာ အဝတ္အထည္၊ ေ႐ႊထည္ေတြ နဲ႔ ပူေဇာ္ေလ့ ရွိပါတယ္။

လာေရာက္ ပူေဇာ္သူေတြကေတာ့ အထူးသျဖင့္ ထိုင္း စစ္မႈထမ္းေတြရဲ႕မိခင္ေတြ ၊ ဇနီးသည္ေတြက စစ္ထြက္ ေယာက်္ား သားသမီးေတြကို အႏၲရာယ္ ကင္းေအာင္ ေစာင့္ေရွာက္ေပးဖို႔ လာေရာက္ ပူေဇာ္ေလ့ ရွိၾက ပါတယ္။ နတ္နန္းထဲကို ကိုယ္ဝင္ေဆာင္ မဝင္ရပါဘူး။ ဝင္ရင္ေတာ့ ဆိုးက်ိဳးေတြ ႀကိမ္းေသခံစားရတယ္ လို႔ ဆိုပါတယ္။

ဘာပဲျဖစ္ျဖစ္ ဗန္ေကာက္ၿမိဳ႕ ေတာင္ဘက္ ဖရာခေရာင္း တူးေျမာင္း နေဘးက Mae Nak နဲ႔ Tak Mark တို႔ရဲ႕ အိမ္ေနရာေလးကေတာ့ နတ္နန္း ျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ ၁၅၀ ေက်ာ္ကထက္ေတာင္ စည္ကား ေနပါတယ္။

ဒါေပမယ့္ တစ္ႏွစ္တစ္ခါေတာ့ နတ္နန္း တဝိုက္ မီးေနသည္နံ႔ ရရင္ေတာ့ လူအေသအေပ်ာက္ရွိၿပီး Mae Nak က ဖမ္းစားလွ်က္ပင္ ရွိပါသတဲ့။

Lu Myanmar