ရွားေစာင္း လက္ပတ္နဲ႔ ပတ္သက္ၿပီး အထူးသတိထားရမယ့္ အခ်က္ေလး တစ္ခ်က္ကို မွ်ေဝခ်င္ပါတယ္
အလွအပေရးရာမွာ ရွားေစာင္းဟာ နာမည္ႀကီး ပါတယ္။ သူ႔ေကာင္းက်ိဳးေတြ အသုံးဝင္ပုံေတြ အသုံးျပဳပုံေတြကေတာ့ အေတာ္မ်ားမ်ား သိၿပီးျဖစ္လို႔ မေျပာေတာ့ ပါဘူး
သတိထားရမွာ ကေတာ့ ရွားေစာင္းကို အသုံးမျပဳခင္မွာ အဝါေရာင္ အဆိပ္ကို မျဖစ္မေန ထုတ္ေပးဖို ႔ပါဘဲ ။
ရွားေစာင္း အပင္ကေန အ႐ြက္ကေလးကိုျဖတ္ ေရေဆးၿပီး မ်က္ႏွာကိုသုတ္ၿပီး လိမ္းမယ္ဆိုရင္ေတာ့ ရွားေစာင္းမွာပါတဲ့ အဆိပ္ေတြကို အေရျပား အတြင္း ထိုးသြင္းသလို ျဖစ္ၿပီး အႏၲရာယ္မ်ားပါတယ္။
ရွားေစာင္းသုံးၿပီး အေရျပား ယားတာ ဝက္ၿခံေတြ ထြက္လာဟာ အဲ့ဒီ အဆိပ္ေၾကာင့္ ပါ။ ဒါေၾကာင့္ အသုံးမျပဳခင္ အဆိ ပ္ထုတ္ေပးဖို႔ လိုပါ တယ္။
ရွားေစာင္းမွာ အစိတ္အပိုင္း ႏွစ္ခု ရွိပါ တယ္ ။အတြင္းသား ဂ်ယ္လီနဲ႔ အေစးအပိုင္းပါ ။အေစးပိုင္းက အဆိပ္ရွိတာပါ။ ရွားေစာင္း ကိုျဖတ္ မ်က္ႏွာျပင္ကို အပ္ေပါက္ရာေလးေတြ ေဖာက္ၿပီး ခြက္တခုထဲမွာ ထည့္ထားမယ္ဆိုရင္ အဝါေရာင္အေစးေတြ အမ်ားႀကီး ထြက္ လာပါတယ္။
အရင္တုန္းကေတာ့ အဲ့ဒီ အေစးေတြကို ပရေဆးဆိုင္ ေတြမွာ သြားေရာင္းလို႔ ရပါ တယ္။ ျမန္မာ့တိုင္းရင္းေဆး ေလာကမွာ သုံးတဲ့ ” မုတ္ခါး “ဆိုတဲ့ ဝမ္းႏုတ္ေဆးဟာ အဲ့ဒီ ရွားေစာင္းအေစးေတြကို ရွားေစးနဲ႔ ေရာစပ္ၿပီး ေဖာ္ထားတာပါ။
ရွားေစာင္းအဆိပ္ထုတ္နည္း
ရွားေစာင္း အဆိပ္ထုတ္ပုံ ကေတာ့ လြယ္ပါ တယ္ ။ ရွားေစာင္း အ႐ြက္ေတြကို ျဖတ္ၿပီးၿပီးျခင္း ခြက္တခုထဲမွာ ၄၅- ဒီကရီေလာက္ ေစာင္းၿပီး ေထာင္ ထားေပးပါ ။
အဝါေရာင္ အေစးပ်စ္ပ်စ္ေတြ ထြက္လာပါ လိမ့္မယ္ ။ အခ်ိန္ ကေတာ့ ၃- နာရီေလာက္ ဆိုရပါတယ္။
အဲ့ဒီအေစးေတြကို ေျပာင္စင္ေအာင္ ေဆးေၾကာၿပီး အသုံးျပဳမွသာ ရွားေစာင္းရဲ႕ အာနိသင္ေတြကို အျပည့္အဝ ရရွိမွာ ျဖစ္ပါသည္။
(လွပတဲ့ အသားရည္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ)
Unicode
ရှားစောင်းလက်ပတ်နဲ့ ပေါင်းတင်သူများ သတိထားကြပါနော် (လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ)
ရှားစောင်း လက်ပတ်နဲ့ ပတ်သက်ပြီး အထူးသတိထားရမယ့် အချက်လေး တစ်ချက်ကို မျှဝေချင်ပါတယ်
အလှအပရေးရာမှာ ရှားစောင်းဟာ နာမည်ကြီး ပါတယ်။ သူ့ကောင်းကျိုးတွေ အသုံးဝင်ပုံတွေ အသုံးပြုပုံတွေကတော့ အတော်များများ သိပြီးဖြစ်လို့ မပြောတော့ ပါဘူး
သတိထားရမှာ ကတော့ ရှားစောင်းကို အသုံးမပြုခင်မှာ အဝါရောင် အဆိပ်ကို မဖြစ်မနေ ထုတ်ပေးဖို့ပါဘဲ ။
ရှားစောင်း အပင်ကနေ အရွက်ကလေးကိုဖြတ် ရေဆေးပြီး မျက်နှာကိုသုတ်ပြီး လိမ်းမယ်ဆိုရင်တော့ ရှားစောင်းမှာပါတဲ့ အဆိပ်တွေကို အရေပြား အတွင်း ထိုးသွင်းသလို ဖြစ်ပြီး အန္တရာယ်များပါတယ်။
ရှားစောင်းသုံးပြီး အရေပြား ယားတာ ဝက်ခြံတွေ ထွက်လာဟာ အဲ့ဒီ အဆိပ်ကြောင့် ပါ။ ဒါကြောင့် အသုံးမပြုခင် အဆိ ပ်ထုတ်ပေးဖို့ လိုပါ တယ်။
ရှားစောင်းမှာ အစိတ်အပိုင်း နှစ်ခု ရှိပါ တယ် ။အတွင်းသား ဂျယ်လီနဲ့ အစေးအပိုင်းပါ ။အစေးပိုင်းက အဆိပ်ရှိတာပါ။ ရှားစောင်း ကိုဖြတ် မျက်နှာပြင်ကို အပ်ပေါက်ရာလေးတွေ ဖောက်ပြီး ခွက်တခုထဲမှာ ထည့်ထားမယ်ဆိုရင် အဝါရောင်အစေးတွေ အများကြီး ထွက် လာပါတယ်။
အရင်တုန်းကတော့ အဲ့ဒီ အစေးတွေကို ပရဆေးဆိုင် တွေမှာ သွားရောင်းလို့ ရပါ တယ်။ မြန်မာ့တိုင်းရင်းဆေး လောကမှာ သုံးတဲ့ ” မုတ်ခါး “ဆိုတဲ့ ဝမ်းနုတ်ဆေးဟာ အဲ့ဒီ ရှားစောင်းအစေးတွေကို ရှားစေးနဲ့ ရောစပ်ပြီး ဖော်ထားတာပါ။
ရှားစောင်းအဆိပ်ထုတ်နည်း
ရှားစောင်း အဆိပ်ထုတ်ပုံ ကတော့ လွယ်ပါ တယ် ။ ရှားစောင်း အရွက်တွေကို ဖြတ်ပြီးပြီးခြင်း ခွက်တခုထဲမှာ ၄၅- ဒီကရီလောက် စောင်းပြီး ထောင် ထားပေးပါ ။
အဝါရောင် အစေးပျစ်ပျစ်တွေ ထွက်လာပါ လိမ့်မယ် ။ အချိန် ကတော့ ၃- နာရီလောက် ဆိုရပါတယ်။
အဲ့ဒီအစေးတွေကို ပြောင်စင်အောင် ဆေးကြောပြီး အသုံးပြုမှသာ ရှားစောင်းရဲ့ အာနိသင်တွေကို အပြည့်အဝ ရရှိမှာ ဖြစ်ပါသည်။
(လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ)