” သားကိုရင္ လူထြက္မလာနဲ႔ေနာ္ ဘုန္းႀကီးျဖစ္ေအာင္ေန ၾကားလား ”
” ငါ့သားကိုရင္ကို အေမတို႔က ရဟန္းခံေပးရင္းနဲ႔ အလႉႀကီးေပးလႉႏိုင္ေအာင္အလုပ္ေတြ ပိုၿပီး ႀကိဳးစားေနတယ္ ”
” ဒါနဲ႔ အေဖေရာ ဘယ္မွာလဲ အေမ ”
” ေတာထဲသြားေနတယ္ ငါ့သားေရ~ သူလည္း သားအတြက္ပဲ လုံးပမ္းေနရွာတယ္ ”
” အခုႏွစ္ သီးႏွံေတြလည္း မႏွစ္ကထက္ ပိုၿပီးရတယ္ ”
” ကိုရင္ရဲ႕ အစ္မေတြကို ေ႐ႊေလးေတြ ဆင္ေပးထားတယ္ ”
လာမယ့္ႏွစ္အတြက္ လယ္ယာေတြကို တိုးခ်ဲ႕လုပ္ကိုင္မယ္
သားကိုရင္သာ စာေတြႀကိဳးစားၿပီး ေအာင္ျမင္ေအာင္လုပ္ပါ။ အေမတို႔အတြက္ ေတြးပူစရာမလိုပါဘူး ငါ့ သားရယ္။
လိမ္လိမ္မာေန ၊ ဆရာ့စကားနားေထာင္စသည္ျဖင့္ မွာစရာရွိတာ သားအမိႏွစ္ေယာက္Video Callျဖင့္ မွာတမ္းေခြၽၿပီး မိမိလက္ထဲကို ကိုရင္ငယ္က ဖုန္းလာေပးပါတယ္ ။
ကိုရင္ေပါက္စ အခန္းထဲက ထြက္သြားခ်ိန္မွာ ဖုန္းမက်ေသးပါ ။
ပထမတစ္ႀကိမ္ ကိုရင္မယ္ေတာ္နဲ႔ မိမိ ဖုန္းေျပာဖူးပါတယ္။ ဒီေန႔ ေန႔လည္မွာ ဒုတိယမၸိအႀကိမ္ေျပာျခင္းျဖစ္ပါတယ္။
ဟင္~~ဒကာမႀကီး ဘယ္လိုျဖစ္တာလဲ? ဘာျဖစ္လို႔ မ်က္ရည္ေတြက်ေနရတာလဲ?
ဝမ္းနည္းစရာမွ မဟုတ္ဘဲ၊ ဒီေက်ာင္းမွာ စာသင္ စာက်က္ၿပီး ခ်မ္းခ်မ္းသာသာေနရပါတယ္ ၊ ပူစရာမရွိပါဘူး လို႔ မိမိက ျပန္အားေပးလိုက္ပါတယ္။
“အရွင္ဘုရား! ကိုရင္က အိမ္မွာ အငယ္ဆုံး သားေလးပါ ။ မေတြ႕ရတာၾကာလို႔ သားေလးကို လြမ္းလြန္းလို႔ စိတ္မထိန္းႏိုင္တဲ့အတြက္ ဝမ္းနည္း ဝမ္းသာ မ်က္ရည္က်မိခဲ့မိတာကို တပည့္ေတာ္မ ေတာင္းပန္ပါတယ္ ။
အေစာကတည္းက ငိုခ်င္စိတ္ျဖစ္မိေပမယ့္ သားကိုရင္ေလးသိသြားရင္ စိတ္မေကာင္းျဖစ္မွာစိုးတဲ့အတြက္ မနည္းမ်ိဳသိပ္ထားခဲ့ရတယ္လို႔ ငိုသံေႏွာကာ ေျပာေနရွာတဲ့ ကိုရင္မယ္ေတာ္ရဲ႕အသံကို အပိုအလို မရွိေအာင္ က႐ုဏာရသ စာတမ္းေလးေရးဖြဲ႕လိုက္ပါတယ္။
ေတာသူမိခင္ေတြဟာ သားကိုရင္ကို ဘယ္ေလာက္အထိ ခ်စ္သလဲဆိုတာ သူတို႔ရဲ႕ အနာဂတ္ေတြအားလုံး သားကိုရင္အတြက္ဆိုၿပီး စိတ္ပိုင္းျဖတ္ထားတာကို ကိုယ္တိုင္ မ်က္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရတယ္ ။
မိခင္ေတြရဲ႕ဝမ္းနည္းတဲ့ စိတ္ထားကို အျပစ္ေျပာလို႔ မရဘူး ၊ ကိုးလလြယ္ ဆယ္လဖြား ပင္ပန္းဆင္းရဲစြာ ကိုယ္တိုင္ေမြးျမဴထားရတဲ့သားအတြက္ မိခင္ရင္ထဲမွာ ဘယ္ေလာက္အထိ ခ်စ္ျခင္းေမတၱာေတြ ျပည့္လွ်ံစီးဆင္းေနမလဲဆိုတာကို မိခင္ျဖစ္ဖူးသူတိုင္းမွ သိၾကမွာပါ ။
ကိုရင္ငယ္လည္း ထြန္းေတာက္ပါေစ ။
မိခင္တိုင္းလည္း စိတ္ခ်မ္းေျမ့ၾကပါေစ ။
သားတစ္ေယာက္ကို သာသနာေတာ္အတြက္ လြမ္းစိတ္ကိုဖယ္ မ်ိဳသိပ္ႏိုင္တဲ့စိတ္ကိုဖက္တြယ္ရင္း စြန္႔လႊတ္လႉဒါန္းႏိုင္တဲ့ႏွလုံးသားပိုင္ရွင္ေတြဟာ ရဟန္းကိုရင္ေတြရဲ႕ မိဘေတြပဲ မဟုတ္လား !
Credit . အရွင္သာသန (ဝက္လက္)
Unicode
” သားကိုရင် လူထွက်မလာနဲ့နော် ဘုန်းကြီးဖြစ်အောင်နေ ကြားလား ”
” ငါ့သားကိုရင်ကို အမေတို့က ရဟန်းခံပေးရင်းနဲ့ အလှူကြီးပေးလှူနိုင်အောင်အလုပ်တွေ ပိုပြီး ကြိုးစားနေတယ် ”
” ဒါနဲ့ အဖေရော ဘယ်မှာလဲ အမေ ”
” တောထဲသွားနေတယ် ငါ့သားရေ~ သူလည်း သားအတွက်ပဲ လုံးပမ်းနေရှာတယ် ”
” အခုနှစ် သီးနှံတွေလည်း မနှစ်ကထက် ပိုပြီးရတယ် ”
” ကိုရင်ရဲ့ အစ်မတွေကို ရွှေလေးတွေ ဆင်ပေးထားတယ် ”
လာမယ့်နှစ်အတွက် လယ်ယာတွေကို တိုးချဲ့လုပ်ကိုင်မယ်
သားကိုရင်သာ စာတွေကြိုးစားပြီး အောင်မြင်အောင်လုပ်ပါ။ အမေတို့အတွက် တွေးပူစရာမလိုပါဘူး ငါ့ သားရယ်။
လိမ်လိမ်မာနေ ၊ ဆရာ့စကားနားထောင်စသည်ဖြင့် မှာစရာရှိတာ သားအမိနှစ်ယောက်Video Callဖြင့် မှာတမ်းချွေပြီး မိမိလက်ထဲကို ကိုရင်ငယ်က ဖုန်းလာပေးပါတယ် ။
ကိုရင်ပေါက်စ အခန်းထဲက ထွက်သွားချိန်မှာ ဖုန်းမကျသေးပါ ။
ပထမတစ်ကြိမ် ကိုရင်မယ်တော်နဲ့ မိမိ ဖုန်းပြောဖူးပါတယ်။ ဒီနေ့ နေ့လည်မှာ ဒုတိယမ္ပိအကြိမ်ပြောခြင်းဖြစ်ပါတယ်။
ဟင်~~ဒကာမကြီး ဘယ်လိုဖြစ်တာလဲ? ဘာဖြစ်လို့ မျက်ရည်တွေကျနေရတာလဲ?
ဝမ်းနည်းစရာမှ မဟုတ်ဘဲ၊ ဒီကျောင်းမှာ စာသင် စာကျက်ပြီး ချမ်းချမ်းသာသာနေရပါတယ် ၊ ပူစရာမရှိပါဘူး လို့ မိမိက ပြန်အားပေးလိုက်ပါတယ်။
“အရှင်ဘုရား! ကိုရင်က အိမ်မှာ အငယ်ဆုံး သားလေးပါ ။ မတွေ့ရတာကြာလို့ သားလေးကို လွမ်းလွန်းလို့ စိတ်မထိန်းနိုင်တဲ့အတွက် ဝမ်းနည်း ဝမ်းသာ မျက်ရည်ကျမိခဲ့မိတာကို တပည့်တော်မ တောင်းပန်ပါတယ် ။
အစောကတည်းက ငိုချင်စိတ်ဖြစ်မိပေမယ့် သားကိုရင်လေးသိသွားရင် စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက် မနည်းမျိုသိပ်ထားခဲ့ရတယ်လို့ ငိုသံနှောကာ ပြောနေရှာတဲ့ ကိုရင်မယ်တော်ရဲ့အသံကို အပိုအလို မရှိအောင် ကရုဏာရသ စာတမ်းလေးရေးဖွဲ့လိုက်ပါတယ်။
တောသူမိခင်တွေဟာ သားကိုရင်ကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ သူတို့ရဲ့ အနာဂတ်တွေအားလုံး သားကိုရင်အတွက်ဆိုပြီး စိတ်ပိုင်းဖြတ်ထားတာကို ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတယ် ။
မိခင်တွေရဲ့ဝမ်းနည်းတဲ့ စိတ်ထားကို အပြစ်ပြောလို့ မရဘူး ၊ ကိုးလလွယ် ဆယ်လဖွား ပင်ပန်းဆင်းရဲစွာ ကိုယ်တိုင်မွေးမြူထားရတဲ့သားအတွက် မိခင်ရင်ထဲမှာ ဘယ်လောက်အထိ ချစ်ခြင်းမေတ္တာတွေ ပြည့်လျှံစီးဆင်းနေမလဲဆိုတာကို မိခင်ဖြစ်ဖူးသူတိုင်းမှ သိကြမှာပါ ။
ကိုရင်ငယ်လည်း ထွန်းတောက်ပါစေ ။
မိခင်တိုင်းလည်း စိတ်ချမ်းမြေ့ကြပါစေ ။
သားတစ်ယောက်ကို သာသနာတော်အတွက် လွမ်းစိတ်ကိုဖယ် မျိုသိပ်နိုင်တဲ့စိတ်ကိုဖက်တွယ်ရင်း စွန့်လွှတ်လှူဒါန်းနိုင်တဲ့နှလုံးသားပိုင်ရှင်တွေဟာ ရဟန်းကိုရင်တွေရဲ့ မိဘတွေပဲ မဟုတ်လား !
Credit . အရှင်သာသန (ဝက်လက်)