အမျိုးသမီးတိုင်း သိထားသင့်တဲ့ ခေါင်းအစခြေအဆုံး လှပလာစေမယ့် နည်းလမ်း

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ခေါင်းအစခြေအဆုံး လှပလာစေမယ့် နည်းလမ်း

လူတိုင်းလှချင်ကြပါတယ်။ တနေ့တာလုံးမှာ လူကိုလန်းလန်းဆန်းဆန်းနဲ့ ဆွဲဆောင်မှုရှိရှိဖြတ်သန်းနိုင်ဖို့ မျက်နှာ ဆံပင် သွား ခြေထောက်၊ လက် စတဲ့ တကိုယ်လုံးလှပနေဖို့လိုပါတယ်။

အလှအပအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကိုပြောပြချင်ပါတယ်။

(၁) ပီကေဝါးပါ

မေးနှစ်ထပ်ဖြစ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် သကြားမပါတဲ့ ပီကေဝါးပေးပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ဝါးပေးပါ။ မျက်နှာပြင်ရဲ့ ကြွက်သားကို တင်းစေပြီး သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေသလို မေးနှစ်ဖက်ဖြစ်တာကို သက်သာစေပါတယ်။

(၂) သက်သက်လွတ်စားပြီး ဝိတ်ချပါ

ကိုယ်အလေးချိန်ကျစေဖို့အတွက် အသားချည်းဇွတ်မစားဘဲ အသီးအရွက်နဲ့ သစ်သီးဝလံတွေစားပြီး ဝိတ်ချပါ။

(၃) ခြေထောက်နာကို ကုသမယ်

ခြေထောက်ရောင်တာ ခြေထောက်နာမျိုးဖြစ်ပြီဆိုရင်တော့ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ လေးညှင်းပွင့်ဆီ ၃ စက်ရောပြီး ခြေဖနောင်နဲ့ ခြေချောင်းတွေ နာတဲ့နေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက်ဆိုရင် သက်သာသွားမှာပါ။

(၄) ခြေသည်းလက်သည်းတွေက မှိုတွေကို ဒီလိုကုမယ်

ရေနွေးနဲ့ ရေနဲ့ရောလိုက်ပါ။ ပြီးရင် A n t i-F u n g a l မှိုဆန့်ကျင်ခရင်မ် (သို့) A n t i b i o t i c တစ်မျိုးမျိုးလိမ်းပြီး ရေနွေးစိမ်ထားပါ။

ခြေသည်းလက်သည်းမှာဖြစ်တတ်တဲ့ မှိုတွေကို သက်သာစေမှာပါ။

(၅) ပျားရည်လိမ်းပါ

ပျားရည်ကို မျက်နှာ၊လည်ပင်းနဲ့ လက်တွေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ရေဆေးချပါ။

(၆) ငှက်ပျောသီးခွံနဲ့ သွားဖြူအောင်လုပ်မယ်။

ငှက်ပျောသီးခွံတစ်ခုကိုယူပါ။ အထဲကပျော့ဖတ်နဲ့ သွားကို ၁ မိနစ်လောက်တိုက်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပါ။

အဲဒီနောက် သွားတို်က်တံ အခြောက်နဲ့ သွားတိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ သွားတွေ ဖြူဖွေးလာမှာဖြစ်ပါတယ်။

(၇) အိပ်ယာမဝင်ခင်ရေချိုးပါ။

အိပ်ယာမဝင်ခင်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးတာဟာ ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေပါတယ်။

(၈) သွားတိုက်ဆေးနဲ့ လက်သည်းတွေဖြူအောင်လုပ်မယ်

သွားတိုက်ဆေးအနည်းငယ် သံပုယိုရည် (သို့) သံပုရာရည် ၂ စက်လောက်ထည့်ပြီး လက်သည်းမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပါ။ လက်သည်းတွေ ဖြူဖွေးလာမှာဖြစ်ပါတယ်။

(၉) ဝက်ခြံပျောက်ပြီး အသားအရေစိုပြေဖို့

အရက်ကိုရှောင်ပါ။ ကိတ်မှုန့်၊ ရေခဲမှုန့်၊ ဘီစကစ်တွေ တခြား အသင့်လုပ်ပြုပြင်ထားတဲ့ အစားအစာတွေမစားပါနဲ့။ အစပ်နဲ့ အဆီပါတဲ့အစားအစာ လျှော့စားပါ။ ကျန်းမာအောင်စားပါ။ ရေများများသောက်ပါ။

 

အမ်ိဳးသမီးတိုင္း သိထားသင့္တဲ့ ေခါင္းအစေျခအဆုံး လွပလာေစမယ့္ နည္းလမ္း

လူတိုင္းလွခ်င္ၾကပါတယ္။ တေန႔တာလုံးမွာ လူကိုလန္းလန္းဆန္းဆန္းနဲ႔ ဆြဲေဆာင္မႈရွိရွိျဖတ္သန္းနိုင္ဖို႔ မ်က္ႏွာ ဆံပင္ သြား ေျခေထာက္၊ လက္ စတဲ့ တကိုယ္လုံးလွပေနဖို႔လိုပါတယ္။

အလွအပအတြက္ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးေတြကိုေျပာျပခ်င္ပါတယ္။

(၁) ပီေကဝါးပါ

ေမးႏွစ္ထပ္ျဖစ္တာကို သက္သာေပ်ာက္ကင္းေစဖို႔အတြက္ သၾကားမပါတဲ့ ပီေကဝါးေပးပါ။ တစ္ေန႔ကို ၃ ႀကိမ္ ၄ ႀကိမ္ေလာက္ဝါးေပးပါ။ မ်က္ႏွာျပင္ရဲ့ ႂကြက္သားကို တင္းေစၿပီး သြားနဲ႔ သြားဖုံးကိုလည္းက်န္းမာေစသလို ေမးႏွစ္ဖက္ျဖစ္တာကို သက္သာေစပါတယ္။

(၂) သက္သက္လြတ္စားၿပီး ဝိတ္ခ်ပါ

ကိုယ္အေလးခ်ိန္က်ေစဖို႔အတြက္ အသားခ်ည္းဇြတ္မစားဘဲ အသီးအရြက္နဲ႔ သစ္သီးဝလံေတြစားၿပီး ဝိတ္ခ်ပါ။

(၃) ေျခေထာက္နာကို ကုသမယ္

ေျခေထာက္ေရာင္တာ ေျခေထာက္နာမ်ိဳးျဖစ္ၿပီဆိုရင္ေတာ့ ႏွမ္းဆီ စားပြဲတင္ဇြန္း ၃ ဇြန္းနဲ႔ ေလးညႇင္းပြင့္ဆီ ၃ စက္ေရာၿပီး ေျခဖေနာင္နဲ႔ ေျခေခ်ာင္းေတြ နာတဲ့ေနရာေတြမွာ လိမ္းေပးပါ။ နာရီဝက္ေလာက္ဆိုရင္ သက္သာသြားမွာပါ။

(၄) ေျခသည္းလက္သည္းေတြက မွိုေတြကို ဒီလိုကုမယ္

ေရေႏြးနဲ႔ ေရနဲ႔ေရာလိုက္ပါ။ ၿပီးရင္ A n t i-F u n g a l မွိုဆန႔္က်င္ခရင္မ္ (သို႔) A n t i b i o t i c တစ္မ်ိဳးမ်ိဳးလိမ္းၿပီး ေရေႏြးစိမ္ထားပါ။

ေျခသည္းလက္သည္းမွာျဖစ္တတ္တဲ့ မွိုေတြကို သက္သာေစမွာပါ။

(၅) ပ်ားရည္လိမ္းပါ

ပ်ားရည္ကို မ်က္ႏွာ၊လည္ပင္းနဲ႔ လက္ေတြမွာလိမ္းေပးၿပီး ၁၀ မိနစ္ေလာက္ထားပါ။ ၿပီးရင္ေရေဆးခ်ပါ။

(၆) ငွက္ေပ်ာသီးခြံနဲ႔ သြားျဖဴေအာင္လုပ္မယ္။

ငွက္ေပ်ာသီးခြံတစ္ခုကိုယူပါ။ အထဲကေပ်ာ့ဖတ္နဲ႔ သြားကို ၁ မိနစ္ေလာက္တိုက္ေပးပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ထားပါ။

အဲဒီေနာက္ သြားတို္က္တံ အေျခာက္နဲ႔ သြားတိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ပါ။ သြားေတြ ျဖဴေဖြးလာမွာျဖစ္ပါတယ္။

(၇) အိပ္ယာမဝင္ခင္ေရခ်ိဳးပါ။

အိပ္ယာမဝင္ခင္မွာ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးတာဟာ ပင္ပန္းႏြမ္းနယ္မႈေတြကို ေပ်ာက္ကင္းေစပါတယ္။

(၈) သြားတိုက္ေဆးနဲ႔ လက္သည္းေတြျဖဴေအာင္လုပ္မယ္

သြားတိုက္ေဆးအနည္းငယ္ သံပုယိုရည္ (သို႔) သံပုရာရည္ ၂ စက္ေလာက္ထည့္ၿပီး လက္သည္းမွာ လိမ္းေပးပါ။ ေျခာက္ေအာင္ထားၿပီး သြားပြတ္တံနဲ႔ တိုက္ခ်ပါ။ လက္သည္းေတြ ျဖဴေဖြးလာမွာျဖစ္ပါတယ္။

(၉) ဝက္ၿခံေပ်ာက္ၿပီး အသားအေရစိုေျပဖို႔

အရက္ကိုေရွာင္ပါ။ ကိတ္မႈန႔္၊ ေရခဲမႈန႔္၊ ဘီစကစ္ေတြ တျခား အသင့္လုပ္ျပဳျပင္ထားတဲ့ အစားအစာေတြမစားပါနဲ႔။ အစပ္နဲ႔ အဆီပါတဲ့အစားအစာ ေလၽွာ့စားပါ။ က်န္းမာေအာင္စားပါ။ ေရမ်ားမ်ားေသာက္ပါ။