


 


 


 


 



 


 


 


 


 


 


 


crd-

Zawgyi

ခွေးတွေဖုန်းယူစစ်တဲ့အခါ VPN app ကိုချက်ခြင်းရှာမရအောင်ဖွက်ထားချင်တယ်ဆိုရင် အောက်ကနည်းအတိုင်းလုပ်လို့ရပါတယ်။ ( VPN App ကို ဘယ်လို ဖွက်မလဲ )

1- Shortcuts ဆိုတဲ့ App ကိုရှာပါ။ IOS မှာတခါတည်းပါပြီးသားပါ။ ဖျက်လိုက်မိတယ်ဆိုရင် App Store ကနေတဆင့် ပြန်ဒေါင်းလို့ရပါတယ်။

2- App ထဲရောက်ရင် ညာအပေါ်ထောင့်မှာရှိတဲ့ “+” ကိုနှိပ်ပါ၊

3-Shortcut Name ကို ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။ ပြီးလျှင် “Add Action” ကိုနှိပ်ပါ။

4- “Open App” ကိုရိုက်ရှာပီး ရွေးပေးပါ။

(Next Action Suggestions အောက်မှာလဲ “Open App” ဆိုတဲ့ Action ကို suggestion ပေးထားတတ်ပါတယ်)

5- အပြာရောင်နဲ့ မှေးမှေးလေးပေါ်နေတဲ့ “App” ကိုနှိပ်လိုက်ပါ။ ဖုန်းထဲသွင်းထားတဲ့ App List အကုန်ကျလာပါမယ်။ ကိုယ်ဖွက်ချင်တဲ့ App ကိုရွေးပါ။

6 – ရွေးပြီးသွားရင် ညာဘက်မှာရှိတဲ့ အပြာရောင် Setting ခလုပ်ကိုနှိပ်ပါ။ နှိပ်လိုက်ရင် Shortcut Page ကိုပြန်ရောက်သွားပါမယ်။

7- “Add to Home Screen” ကို နှိပ်ပါ။

8 – မှာပေါ်မဲ့ app icon ပြထားပါလိမ့်မယ်။ ပေးထားတဲ့ ပုံပဲသုံးချင်တယ်ဆို ညာအပေါ်မှာရှိတဲ့ “Add” ကို နှိပ်လိုက်ရင်ရပါပြီ။

9 – တကယ်လို့ app icon ကြိုက်တဲ့ပုံလုပ်ချင်တယ်ဆိုရင်….. “Home Screen Name and Icon” အောက်က app icon ပုံကိုနှိပ်လိုက်ပါ။ “Take a photo, Choose a photo, Choose a file.” တခုရွေးပါ။

10 – ကိုယ်ကြိုက်တဲ့ပုံရွေးပီး Crop လုပ်ပါ။

11 – အဆင်ပြေပြီဆိုရင် ညာအပေါ်မှာရှိတဲ့ “Add” ကို နှိပ်လိုက်ရင်ရပါပြီ။ Wall မှာ ပေါ်စေချင်တဲ့နာမည်လဲရွေးပေးလို့ရပါတယ်။

အဲ့တာဆိုအောင်မြင်သွားပါပြီ။ 🚨 သတိထားရမဲ့အချက် သုံးနေတဲ့ VPN ကို “Delete App” လုပ်လို့မရပါဘူး။ Home Screen မှာမပေါ်အောင် “Remove from Home Screen” နဲ့ ဖျောက်ထားလို့ရပါတယ်။

crd-