“ေက်ာက္ဖယားမွဧရာဝတီသို႔ “ဆိုတဲ့ဇာတ္လမ္းတြဲနဲ႕ ထိုင္မေလးေတြရဲ႕အသည္းႏွလံုးေတြကိုအျပည့္အဝ သိမ္းပိုက္လိုက္တဲ့ ေဒါင္း

သ႐ုပ္ေဆာင္မင္းသားေဒါင္းကေတာ့ တည္ၾကည္ေလးနက္တဲ့မ်က္လုံးေတြနဲ႔ မိန္းကေလးပရိသတ္ေတြရဲ့ အားေပးမႈကိုလက္ခံရရွိထားတာျဖစ္ပါတယ္။ ေဒါင္းက အႏုပညာေလာကထဲမွာ ဝင္ေရာက္ရပ္တည္လာတာ အခ်ိန္အေတာ္ၾကာျမင့္ခဲ့ၿပီး “လိပ္ျပာစံအိမ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ေအာင္ျမင္မႈေတြ အႀကီးအက်ယ္ရရွိခဲ့တာပဲျဖစ္ပါတယ္။ အခုဆိုရင္ ျပည္တြင္းမွာသာမက ျပည္ပနိုင္ငံအထိပါ အႏုပညာအလုပ္ေတြတိုးခ်ဲ႕လုပ္ကိုင္ေနၿပီျဖစ္တဲ့ ေဒါင္းဟာ ထိုင္းဒါရိုက္တာ၊ ထိုင္းသ႐ုပ္ေဆာင္ေတြနဲ႔အတူတူ “ေက်ာက္ဖယားမွဧရာဝတီသို႔ “ဇာတ္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။

 

 

“ေက်ာက္ဖယားမွဧရာဝတီသို႔ “ဇာတ္လမ္းတြဲဟာ ထိုင္းနိုင္ငံက Thai PBS ႐ုပ္သံလိုင္းမွာထုတ္လႊင့္ျပသေနၿပီး ထိုင္းပရိသတ္ေတြရဲ့အားေပးမႈကိုရရွိေနတာပဲျဖစ္ပါတယ္။ ဇာတ္လမ္းတြဲေအာင္ျမင္တာနဲ႔အမၽွ ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေဒါင္းဟာလည္း ထိုင္းပရိသတ္ေတြရဲ့ ဝန္းရံမႈကိုရရွိေနပါတယ္။ ေဒါင္းရဲ့ ပုံရိပ္ေတြဟာ ထိုင္းမေတြရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာေတြမွာ ျပည့္ႏွက္ေနၿပီး ထိုင္းသတင္းဌာနေတြမွာလည္း ေဒါင္းရဲ့သတင္းေတြဟာ ေဝဆာေနတာပဲျဖစ္ပါတယ္။

 

ေဒါင္းကေတာ့ “ေက်ာက္ဖယားမွဧရာဝတီသို႔ “ဇာတ္လမ္းတြဲနဲ႔ ထိုင္းမေတြရဲ့ သည္းသည္းလႈပ္ အားေပးျခင္းကိုခံေနရတာပဲျဖစ္ပါတယ္။ ပိုင္တံခြန္လိုပဲ ေဒါင္းဟာ ထိုင္းနိုင္ငံကပရိသတ္ေတြၾကားမွာ ေရပန္းစားလာဖို႔ လမ္းစတစ္ခုပြင့္လာခဲ့ၿပီလို႔ ထင္ျမင္ယူဆရပါတယ္ေနာ္။

Credit ; Myanmar Celebrities

 

Unicode

သရုပ်ဆောင်မင်းသားဒေါင်းကတော့ တည်ကြည်လေးနက်တဲ့မျက်လုံးတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုလက်ခံရရှိထားတာဖြစ်ပါတယ်။ ဒေါင်းက အနုပညာလောကထဲမှာ ဝင်ရောက်ရပ်တည်လာတာ အချိန်အတော်ကြာမြင့်ခဲ့ပြီး “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအထိပါ အနုပညာအလုပ်တွေတိုးချဲ့လုပ်ကိုင်နေပြီဖြစ်တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ၊ ထိုင်းသရုပ်ဆောင်တွေနဲ့အတူတူ “ကျောက်ဖယားမှဧရာဝတီသို့ “ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

 

“ကျောက်ဖယားမှဧရာဝတီသို့ “ဇာတ်လမ်းတွဲဟာ ထိုင်းနိုင်ငံက Thai PBS ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေပြီး ထိုင်းပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲအောင်မြင်တာနဲ့အမျှ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒေါင်းဟာလည်း ထိုင်းပရိသတ်တွေရဲ့ ဝန်းရံမှုကိုရရှိနေပါတယ်။ ဒေါင်းရဲ့ ပုံရိပ်တွေဟာ ထိုင်းမတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ ပြည့်နှက်နေပြီး ထိုင်းသတင်းဌာနတွေမှာလည်း ဒေါင်းရဲ့သတင်းတွေဟာ ဝေဆာနေတာပဲဖြစ်ပါတယ်။

 

ဒေါင်းကတော့ “ကျောက်ဖယားမှဧရာဝတီသို့ “ဇာတ်လမ်းတွဲနဲ့ ထိုင်းမတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်လိုပဲ ဒေါင်းဟာ ထိုင်းနိုင်ငံကပရိသတ်တွေကြားမှာ ရေပန်းစားလာဖို့ လမ်းစတစ်ခုပွင့်လာခဲ့ပြီလို့ ထင်မြင်ယူဆရပါတယ်နော်။

 

Credit ; Myanmar Celebrities