မိဘ ဆရာတွေရဲ့မှန်ကန်တဲ့သွန်သင်လမ်းပြမှုအောက် ကြီးပြင်းလာတဲ့ကလေးဆိုတာ သက်သေပြနေပါတယ်
မမယ်ဥ
၂၂၊ ၁၊ ၂၀၂၂မနက်က ညောင်ဦးကိုကားပြင်ဖို့သွားရင်း ဆီဆိုင်မှာ ဆီထည့်ပြီး ဆီဆိုင်ရှေ့ကအမြဲလှူနေကြဒကာကြီးကိုလှူဖို့လုပ်နေတုန်း ထင်မှတ်မထားတဲ့မြင်ကွင်းလေးကမျက်စိရှေ့ရောက်လာလို့ ကြည်နူးစိတ်နဲ့ ရိုက်ထားမိတယ်။
ကြည့်ရတာလူငယ်လူလတ်လေးထင်တယ် ။
အဘကြီးနားမှာဆိုင်ကယ်လေးရပ်ပြီးကိုယ်တွေကားထဲမှာ သင်္ကန်းခေါင်းမြီးခြုံထားတာ အေးလို့ ။
သူကတော့ သူ့အင်္ကျီကိုချွတ်ပြီး အဲ့ဒိအဘကြီးကိလှူနေတာ ။ကိုယ်ပဲမမြင်ဖူးခဲ့လေသလား ။
ရှားတော့ရှားတာမို့ ဒီမှတ်တမ်းလေးကို ကြည်နူးစိတ်နဲ့တင်မိသည်ပေါ့ဗျာ
နှလုံးသားလေးလှလိုက်တာ ။
ခွင့်မတောင်းပဲ ရိုက်မိသည်မို့ တောင်းပန်ပါတယ်ဗျ။
AyeMyaMyittar
Zawgyi
မမယ်ဥ
AyeMyaMyittar