မကြာသေးမီက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Gomati ခရိုင်တွင်
အလွန်ရှားပါးသော အခြေအနေတစ်ခုကြောင့် ခေါင်းနှစ်လုံးပါသော နွားသငယ်တစ်ကောင် မွေးဖွားခဲ့သည်။
“ဒါဟာ ရှားရှားပါးပါး ရောဂါဖြစ်ပွားမှုတွေထဲက အရှားပါးဆုံးပါ။ ရှင်သန်မှုနှုန်းက အရမ်းနည်းနေပြီး ၃၈ ရာခိုင်နှုန်းလောက်က
နွားသငယ်ကို ကယ်တင်ဖို့ အရမ်းခက်ခဲပါတယ်” ဟု Tripura ရှိ တိရစ္ဆာန်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ Pritam Sarkar က ပြောကြားခဲ့သည်။