မြေကြီးပေါ်မှာ ထုံးဖြူးထားသင့်တဲ့အကြောင်းအရင်း…







Credit By Akari

 

Unicode

မြေကြီးပေါ်မှာ ထုံးဖြူးထားသင့်တဲ့အကြောင်းအရင်း

M O H S ကတရားဝင်ထုတ်ပြန်တာ အရဆို ကျွန်မတို့ အိမ်ခြံတွေမှာထုံးဖြူးထားလို့ရပါတယ်။ထုံးမရှိရင် ပြာ ဖြူးလို့ရပါတယ်။

တိုက်ခန်းတွေမှာဆို ၆အိမ်၁တိုက်တွေဆိုတော့ တစ်ခန်းဆီဖြူးရင် မွန်းသွားနိုင်သောကြောင့် တိုက်ခန်းကို စတက်မည့် မြေညီအဝတွင် ထုံးဖြူးထားသင့်ပါသည်။ဈေးကလာတာလား ဘယ်နေရာမှာ ပိုးရှိမှန်း လာတာမသိတဲ့အချိန်မှာ ထုံးဓါတ်ကိုနင်းပီးမှ တိုက်ပေါ်တက်ရင် လှေကားတခုလုံးလည်း ထုံးဓါတ်ရှိနေပါလိမ့်မယ်။

လမ်းတွင်လည်း ကားအဝင်အထွက်များရှိလျင် လမ်းအဝင်ကို စီးတာသလို ဖြူးထားလို့ရပါတယ်။ကားဘီးရာလိမ့်သွားရင် တလမ်းလုံး ထုံးဓါတ်ရသွားပါလိမ့်မယ်။

ကျွန်မတို့သည် maskအုပ်၊face shieldအုပ်၊လက်ဆေး အပေါ်ပိုင်းသာ အထူးဂရုပြုနေကြသည်။ဈေးသွားပြီးပြန်လာ…တိုက်ခန်းများတွင် အိမ်ထဲတွင် ဖိနပ်ချွတ်…

ဖိနပ်ကိုတကူးတက ဆေးတဲ့သူက နည်းပါလိမ့်မယ်။ ထို့ကြောင့် အောက်ပိုင်းကိစနည်းနည်း လုပ်ကြည့်ရင်ကော ကိုဗစ်လူနာတိုးလာခြင်းကို ကာကွယ်နိုင်မလားလို့ စဉ်းစားအကြုံရင်း ရေးလိုက်ပါတယ်။

Credit By Akari