ဒဏ္ရာရသြားတဲ့ သခင္ကို ဖက္ၿပီး ေစာင့္ေရွာက္ေပးခဲ့တဲ့ ေခြးေလး…

ဒဏ်ရာရသွားတဲ့ သခင်ကို ဖက်ပြီး စောင့်ရှောက်ပေးခဲ့တဲ့ ခွေးလေးဖြစ်ရပ်

ခွေးအများစုဟာ တခြားတိရစ္ဆာန်တွေနဲ့ယှဉ်ရင် သခင်အပေါ် ပိုပြီး တွယ် တာ တတ်ကြပါတယ်။အာဂျင်တီးနားနိုင်ငံက ခွေးလေး တစ်ကောင်ရဲ့ အကြောင်း အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။သခင်အပေါ် သစ္စာရှိတဲ့ ခွေးလေးက သစ်ပင်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရနေတဲ့ သခင်ကို ဖက်ပြီး ကယ်မယ့် သူတွေ လာတဲ့ အထိစောင့်ရှောက်ပေးခဲ့တာပါ။

အသက်(၂၈)နှစ်အရွယ် Jesus Hueche ဟာ အာဂျင်တီးနားနိုင်ငံ Bahia Blanca မြို့မှာ နေ ထိုင်သူပါ။တစ်နေ့မှာတော့ သူ့အိမ်ရှေ့က သစ်ပင်ပေါ်သို့ တက်ရင်း ချော်ကျပြီး ပြုတ်ကျသွားခဲ့ပါတယ်။Mr Hueche တစ်ယောက် ပြုတ်ကျသွားတဲ့ ဒဏ်ကြောင့် ခဏသတိလစ်သွားခဲ့ပါတယ်။သူသတိရလာတဲ့ အချိန်မှာတော့ ခွေးလေး Tony က သူအနားကို ရောက်လာပြီး သူ့ကို ဖက် ထားတာ တွေ့လိုက်ရပါတယ်။

အိမ်နီးချင်းတွေ ရောက်လာတော့လည်း ခွေးေ လးကတော့ သခင်ရဲ့ ဘေးမှာ နေပြီး ဖက်ထားစဲပါ။ပတ်ဝန်းကျင်က လူတွေက လူနာတင်ယာဉ်ခေါ်ပေးခဲ့ပြီး ဆေးဘက်အကူတွေ ရောက်လာတော့လည်း မလွှတ်ပဲ ဆက်ဖက်ထားစဲပါ။သခင်အတွက် စိုးရိမ်လွန်နေတဲ့ ခွေးလေးရဲ့ ပုံကိုတော့ ဆေးဘက်အ ကူတွေ က ဓါတ်ပုံရိုက်ယူပြီး အွန်လိုင်းပေါ် တင်လိုက်ရာကနေ နာမည်ကြီး သွားခဲ့ တာပါ။နောက်ဆုံး လူနာတင်ယာဉ်ပေါ် တင်တော့လည်း ခွေးလေးက လိုက်ဖို့ အတင်းကြိုးစားခဲ့ပါသေးတယ်။

Mr Hueche ကတော့ စိုးရိမ်ရလောက်အောင် ဒဏ်ရာကြီးကြီးမားမားမရခဲ့ပေမယ့် လည်ပင်းနဲ့ခေါင်းမှာတော့ ဒဏ်ရာအနည်း ငယ်ရခဲ့ပါတယ်။ဒီခွေးလေးဟာ လမ်းဘေးခွေးလေး ဖြစ်ပြီး Mr Hueche က ကောက်ယူမွေးစားထားခဲ့တာပါ။ဘယ်နေရာပဲ သွားသွား သခင်နောက်ကို အမြဲလိုက်လေ့ရှိပြီး၊နောက်ဆုံး အိပ်တာတောင် သခင်ရဲ့ အိပ်ယာနားမှာ အိပ် တတ်တဲ့ ခွေးလေးပါ။သူ့အတွက်ကလည်း ခွေးတစ်ကောင်ဆိုတာထက် သားတစ်ယောက်လို၊မိသားစုဝင်တစ်ယောက်လို သဘောထားပြီး ချစ်တာလို့ ဆိုပါတယ်။မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်ကြောင်းကို ဒီဖြစ်ရပ်လေးက သက်သေပြနေပါတယ်။

Ref;Daily Mail Nilar(Shwemom)

 

Zawgyi

ဒဏ္ရာရသြားတဲ့ သခင္ကို ဖက္ၿပီး ေစာင့္ေရွာက္ေပးခဲ့တဲ့ ေခြးေလးျဖစ္ရပ္

ေခြးအမ်ားစုဟာ တျခားတိရစာၦန္ေတြနဲ႔ယွဥ္ရင္ သခင္အေပၚ ပိုၿပီး တြယ္ တာ တတ္ၾကပါတယ္။အာဂ်င္တီးနားႏိုင္ငံက ေခြးေလး တစ္ေကာင္ရဲ႕ အေၾကာင္း အြန္လိုင္းေပၚမွာ ေရပန္းစားေနပါတယ္။သခင္အေပၚ သစၥာရွိတဲ့ ေခြးေလးက သစ္ပင္ေပၚက ျပဳတ္က်ၿပီး ဒဏ္ရာရေနတဲ့ သခင္ကို ဖက္ၿပီး ကယ္မယ့္ သူေတြ လာတဲ့ အထိေစာင့္ေရွာက္ေပးခဲ့တာပါ။

အသက္(၂၈)ႏွစ္အ႐ြယ္ Jesus Hueche ဟာ အာဂ်င္တီးနားႏိုင္ငံ Bahia Blanca ၿမိဳ႕မွာ ေန ထိုင္သူပါ။တစ္ေန႔မွာေတာ့ သူ႔အိမ္ေရွ႕က သစ္ပင္ေပၚသို႔ တက္ရင္း ေခ်ာ္က်ၿပီး ျပဳတ္က်သြားခဲ့ပါတယ္။Mr Hueche တစ္ေယာက္ ျပဳတ္က်သြားတဲ့ ဒဏ္ေၾကာင့္ ခဏသတိလစ္သြားခဲ့ပါတယ္။သူသတိရလာတဲ့ အခ်ိန္မွာေတာ့ ေခြးေလး Tony က သူအနားကို ေရာက္လာၿပီး သူ႔ကို ဖက္ ထားတာ ေတြ႕လိုက္ရပါတယ္။

အိမ္နီးခ်င္းေတြ ေရာက္လာေတာ့လည္း ေခြးေ လးကေတာ့ သခင္ရဲ႕ ေဘးမွာ ေနၿပီး ဖက္ထားစဲပါ။ပတ္ဝန္းက်င္က လူေတြက လူနာတင္ယာဥ္ေခၚေပးခဲ့ၿပီး ေဆးဘက္အကူေတြ ေရာက္လာေတာ့လည္း မလႊတ္ပဲ ဆက္ဖက္ထားစဲပါ။သခင္အတြက္ စိုးရိမ္လြန္ေနတဲ့ ေခြးေလးရဲ႕ ပုံကိုေတာ့ ေဆးဘက္အ ကူေတြ က ဓါတ္ပုံ႐ိုက္ယူၿပီး အြန္လိုင္းေပၚ တင္လိုက္ရာကေန နာမည္ႀကီး သြားခဲ့ တာပါ။ေနာက္ဆုံး လူနာတင္ယာဥ္ေပၚ တင္ေတာ့လည္း ေခြးေလးက လိုက္ဖို႔ အတင္းႀကိဳးစားခဲ့ပါေသးတယ္။

Mr Hueche ကေတာ့ စိုးရိမ္ရေလာက္ေအာင္ ဒဏ္ရာႀကီးႀကီးမားမားမရခဲ့ေပမယ့္ လည္ပင္းနဲ႔ေခါင္းမွာေတာ့ ဒဏ္ရာအနည္း ငယ္ရခဲ့ပါတယ္။ဒီေခြးေလးဟာ လမ္းေဘးေခြးေလး ျဖစ္ၿပီး Mr Hueche က ေကာက္ယူေမြးစားထားခဲ့တာပါ။ဘယ္ေနရာပဲ သြားသြား သခင္ေနာက္ကို အၿမဲလိုက္ေလ့ရွိၿပီး၊ေနာက္ဆုံး အိပ္တာေတာင္ သခင္ရဲ႕ အိပ္ယာနားမွာ အိပ္ တတ္တဲ့ ေခြးေလးပါ။သူ႔အတြက္ကလည္း ေခြးတစ္ေကာင္ဆိုတာထက္ သားတစ္ေယာက္လို၊မိသားစုဝင္တစ္ေယာက္လို သေဘာထားၿပီး ခ်စ္တာလို႔ ဆိုပါတယ္။ေမတၱာဆိုတာ ေရာင္ျပန္ဟပ္တတ္ေၾကာင္းကို ဒီျဖစ္ရပ္ေလးက သက္ေသျပေနပါတယ္။

Ref;Daily Mail Nilar(Shwemom)