လူအများစိတ်ဝင်စားနေတဲ့ကျိုက်ထီးရိုးကင်ပွန်းစခန်းထိပေါက်ကျင်း(တွင်း)တစ်ရာ
၈၈၈၈ နောက်ပိုင်းပေါ့ လူသူအရောက်ပေါက်မရှိ တောခြုံတွေပိန်းပိတ်နေလို့ နွားတွေ မကြာခဏ ပြုတ်ကျတယ် ဒေသခံအဖိုးအဖွားတွေပြောပြလို့ ကြားဖူးတယ်။ ကျန်စစ်သားမင်းကြီး ရေ ရှာတာ လှံနဲ့စိုက်ပြီး တွင်းပေါင်း တရာတိတိမှာ ရေရတယ် အဲ့ရေထွက်တဲ့ တွင်းကလည်းဂျပန်ခေတ်က လူအများတွင်းထဲဝင်ပုန်းကြတယ်။ တွင်းအဝသာကျဉ်းတာ အထဲမှာ လှိုက်ဂူကြီးရှိတယ်လို့ပြောတယ်။ အဲ့လှိုက်ဂူကနေ ကျိုက်ထီးရိူး ကင်ပွန်းစခန်းထိ ပေါက်တယ်လို့ပြောတယ် ။
ရှေးဟောင်းသမိုင်းဝင်မဝင်တော့မသိဘူး အခုလက်ရှိတွင်းတွေက မာကျောတဲ့ဂဝံ ကျောက်တွင်းတွေပဲ ကျန်တော့တာပါ။ မြေပျော့ကျောက်ပျော့တွင်းက အားလုံးတိမ်ကောကုန်ပါပြီ။အရင်က အဲ့နေရာ အရမ်းအန္တရာယ်များပါတယ်။ တောခြုံနွယ်ယှက်ထားတော့ တွင်းနှုတ်ခမ်းတွေမမြင်ရ လူတွေလည်း ခြေကျွံကျဖူးတယ်။ တွင်းလေးတွေက နှစ်ပေခွဲပတ်လည်လောက်ပဲရှိတာ ။ အကုန်လုံးတရွယ်ထဲပဲ တွင်းတရာဘုန်းကြီး စ ရောက်သီတင်းသုံးတဲ့သာသနာပြုဖို့စေတီစတည်တဲ့ အချိန်က လုပ်အားပေးကုသိုလ်ပြုခဲ့ဖူးပါတယ် ။ဒါပေမယ့် ဝမ်းသာပါတယ် အရင်လိုမဟုတ်တော့ပဲ ကျောင်းကြီးကျောင်းငယ်နဲ့ မြင်ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။
သမိုင်းထဲက တွင်း ၁၀၀ ( သို့မဟုတ် )သမိုင်းပျောက်နေသော တွင်း ၁၀၀
ကျွန်ုပ်တို့ နေထိုင်ရာ မြန်မာနိုင်ငံ၌ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်မှန်များ သမိုင်းပျောက်နေသော/လူသိနည်းသော နေရာရာတော်တော်များများ ရှိကြပေလိမ့်မည်။ထိုအထဲတွင် ကျွန်ုပ်တင်ပြလတ္တံ့သော တွင်း ၁၀၀ သည်လည်း အပါအဝင်ပါ။ ၎င်း တွင်း ၁၀၀ ကို ကျန်စစ်သား လှံကစား၍ ကျန်ခဲ့သော နေရာဟု ပါးစပ် ရာဇဝင်ရှိသည်။သို့သော်လည်း ကျန်ုပ်၏ ထင်မြင်ယူဆချက်ကို တင်ပြရလျှင် လှံကစားတယ် ဆိုကတည်းက ဘယ်နေရာမှာ ဖြစ်ဖြစ် ကစားလို့ ရတယ် မဟုတ်ပါလော အခုဟာက ကျောက်ဖြာပေါ်၌ သီးသန့်ဖြစ်နေပါတယ်။ပြီးရင် လှံကစားလို့ လှံချွန်ကျခဲ့တယ်ဟု ဆိုသောနေရာသည် သမားရိုးကျ ရိုးရိုးတွင်းမျိုး မဟုတ်ဘဲ ကျောက်ဖျာပေါ်၌ ခဲရာခဲဆစ် တူးထားရသော တွင်းနှင့် တူ၏။
တွင်းတို့သည် နှစ်တောင်ပတ်လည်လောက် ရှိ၍ အောက်သို့ အနက်မှာ ၁၅ ပေလောက် ရှိပေမည်။ နောက်တစ်ခု စဉ်းစားစရာမှာ နန်းတွင်းသူ နန်းတွင်းသားများ အန္တရာယ် ကျရောက်ပါက ဝင်ရောက်ခိုအောင်းရန် ကျောက်ဆောင်လှိုဏ်ဂူ ဖောက်ထားသလားဟု ထင်မှတ်ရလေသည်။သို့သော်လည်း ကျောက်ဆောင်လှိုဏ်ဂူ ဆိုလျှင်လည်း ဒီလောက်ထိ အပေါက်ထားရန် မဖြစ်နိုင်ပါ။နောက်တစ်ခုမှာ သူများတို့ ခန့်မှန်းပြောဆိုကြသည်က ရွှေတူးတာလားဟု ခန့်မှန်းကြလေသည်။ မိမိအနေဖြင့်တော့ ထိုစကားကို လက်မခံပေ အဘယ့်ဆိုသော် ရွှေတူးရင် တစ်နေရာတည်းမှ ဆက်၍ တူးသွားရင် ရသည် မဟုတ်ပါလော အခုဟာက ပြောထားတဲ့အတိုင်း ဟိုနားတစ်စု ဒီနားတစ်ခု သေသေချာချာ တိုင်း၍ တူးထားသော တွင်းနှင့်တူသည်။
ယခုအခါ တွင်း ၁၀၀ မှာ ၆၄ တွင်းသာ ရှိတော့သည်ဟု တွင်း ၁၀၀ ကျောင်း၌ သီတင်းသုံးနေသော ဆရာတော်၏ ပြောစကား အရ သိရပါသည်။သို့ဖြစ်ပါ၍ စာပေဝါသနာ ပါသော ရှေးဟောင်းရာဇဝင်တို့ကိုစိတ်ဝင်စားသောသူများ ဖော်ထုတ်လိုသောသူများ သိရှိကြစေရန် တင်ပြလိုက်ရပေသည်။လိပ်စာလေးကတော့ မွန်ပြည်နယ် ကျိုက်ထို နှင့် ဘီးလင်းကြား ထင်းမှုန်ကုန်းကျေးရွာ ဖြစ်ပါတယ်။
Credit- Original Writer
လူအမ်ားစိတ္ဝင္စားေနတဲ့က်ိဳက္ထီး႐ိုးကင္ပြန္းစခန္းထိေပါက္က်င္း(တြင္း)တစ္ရာ
၈၈၈၈ ေနာက္ပိုင္းေပါ့ လူသူအေရာက္ေပါက္မရွိ ေတာၿခဳံေတြပိန္းပိတ္ေနလို႔ ႏြားေတြ မၾကာခဏ ျပဳတ္က်တယ္ ေဒသခံအဖိုးအဖြားေတြေျပာျပလို႔ ၾကားဖူးတယ္။ က်န္စစ္သားမင္းႀကီး ေရ ရွာတာ လွံနဲ႔စိုက္ၿပီး တြင္းေပါင္း တရာတိတိမွာ ေရရတယ္ အဲ့ေရထြက္တဲ့ တြင္းကလည္းဂ်ပန္ေခတ္က လူအမ်ားတြင္းထဲဝင္ပုန္းၾကတယ္။ တြင္းအဝသာက်ဥ္းတာ အထဲမွာ လႈိက္ဂူႀကီးရွိတယ္လို႔ေျပာတယ္။ အဲ့လႈိက္ဂူကေန က်ိဳက္ထီး႐ိူး ကင္ပြန္းစခန္းထိ ေပါက္တယ္လို႔ေျပာတယ္ ။
ေရွးေဟာင္းသမိုင္းဝင္မဝင္ေတာ့မသိဘူး အခုလက္ရွိတြင္းေတြက မာေက်ာတဲ့ဂဝံ ေက်ာက္တြင္းေတြပဲ က်န္ေတာ့တာပါ။ ေျမေပ်ာ့ေက်ာက္ေပ်ာ့တြင္းက အားလုံးတိမ္ေကာကုန္ပါၿပီ။အရင္က အဲ့ေနရာ အရမ္းအႏၲရာယ္မ်ားပါတယ္။ ေတာၿခဳံႏြယ္ယွက္ထားေတာ့ တြင္းႏႈတ္ခမ္းေတြမျမင္ရ လူေတြလည္း ေျခကြၽံက်ဖူးတယ္။ တြင္းေလးေတြက ႏွစ္ေပခြဲပတ္လည္ေလာက္ပဲရွိတာ ။ အကုန္လုံးတ႐ြယ္ထဲပဲ တြင္းတရာဘုန္းႀကီး စ ေရာက္သီတင္းသုံးတဲ့သာသနာျပဳဖို႔ေစတီစတည္တဲ့ အခ်ိန္က လုပ္အားေပးကုသိုလ္ျပဳခဲ့ဖူးပါတယ္ ။ဒါေပမယ့္ ဝမ္းသာပါတယ္ အရင္လိုမဟုတ္ေတာ့ပဲ ေက်ာင္းႀကီးေက်ာင္းငယ္နဲ႔ ျမင္ရေတာ့ ဝမ္းသာပီတိျဖစ္မိပါတယ္။
သမိုင္းထဲက တြင္း ၁၀၀ ( သို႔မဟုတ္ )သမိုင္းေပ်ာက္ေနေသာ တြင္း ၁၀၀
ကြၽႏ္ုပ္တို႔ ေနထိုင္ရာ ျမန္မာႏိုင္ငံ၌ ထူးျခားဆန္းၾကယ္ေသာ ျဖစ္ရပ္မွန္မ်ား သမိုင္းေပ်ာက္ေနေသာ/လူသိနည္းေသာ ေနရာရာေတာ္ေတာ္မ်ားမ်ား ရွိၾကေပလိမ့္မည္။ထိုအထဲတြင္ ကြၽႏ္ုပ္တင္ျပလတၱံ့ေသာ တြင္း ၁၀၀ သည္လည္း အပါအဝင္ပါ။ ၎ တြင္း ၁၀၀ ကို က်န္စစ္သား လွံကစား၍ က်န္ခဲ့ေသာ ေနရာဟု ပါးစပ္ ရာဇဝင္ရွိသည္။သို႔ေသာ္လည္း က်ႏ္ုပ္၏ ထင္ျမင္ယူဆခ်က္ကို တင္ျပရလွ်င္ လွံကစားတယ္ ဆိုကတည္းက ဘယ္ေနရာမွာ ျဖစ္ျဖစ္ ကစားလို႔ ရတယ္ မဟုတ္ပါေလာ အခုဟာက ေက်ာက္ျဖာေပၚ၌ သီးသန႔္ျဖစ္ေနပါတယ္။ၿပီးရင္ လွံကစားလို႔ လွံခြၽန္က်ခဲ့တယ္ဟု ဆိုေသာေနရာသည္ သမား႐ိုးက် ႐ိုး႐ိုးတြင္းမ်ိဳး မဟုတ္ဘဲ ေက်ာက္ဖ်ာေပၚ၌ ခဲရာခဲဆစ္ တူးထားရေသာ တြင္းႏွင့္ တူ၏။
တြင္းတို႔သည္ ႏွစ္ေတာင္ပတ္လည္ေလာက္ ရွိ၍ ေအာက္သို႔ အနက္မွာ ၁၅ ေပေလာက္ ရွိေပမည္။ ေနာက္တစ္ခု စဥ္းစားစရာမွာ နန္းတြင္းသူ နန္းတြင္းသားမ်ား အႏၲရာယ္ က်ေရာက္ပါက ဝင္ေရာက္ခိုေအာင္းရန္ ေက်ာက္ေဆာင္လႈိဏ္ဂူ ေဖာက္ထားသလားဟု ထင္မွတ္ရေလသည္။သို႔ေသာ္လည္း ေက်ာက္ေဆာင္လႈိဏ္ဂူ ဆိုလွ်င္လည္း ဒီေလာက္ထိ အေပါက္ထားရန္ မျဖစ္ႏိုင္ပါ။ေနာက္တစ္ခုမွာ သူမ်ားတို႔ ခန႔္မွန္းေျပာဆိုၾကသည္က ေ႐ႊတူးတာလားဟု ခန႔္မွန္းၾကေလသည္။ မိမိအေနျဖင့္ေတာ့ ထိုစကားကို လက္မခံေပ အဘယ့္ဆိုေသာ္ ေ႐ႊတူးရင္ တစ္ေနရာတည္းမွ ဆက္၍ တူးသြားရင္ ရသည္ မဟုတ္ပါေလာ အခုဟာက ေျပာထားတဲ့အတိုင္း ဟိုနားတစ္စု ဒီနားတစ္ခု ေသေသခ်ာခ်ာ တိုင္း၍ တူးထားေသာ တြင္းႏွင့္တူသည္။
ယခုအခါ တြင္း ၁၀၀ မွာ ၆၄ တြင္းသာ ရွိေတာ့သည္ဟု တြင္း ၁၀၀ ေက်ာင္း၌ သီတင္းသုံးေနေသာ ဆရာေတာ္၏ ေျပာစကား အရ သိရပါသည္။သို႔ျဖစ္ပါ၍ စာေပဝါသနာ ပါေသာ ေရွးေဟာင္းရာဇဝင္တို႔ကိုစိတ္ဝင္စားေသာသူမ်ား ေဖာ္ထုတ္လိုေသာသူမ်ား သိရွိၾကေစရန္ တင္ျပလိုက္ရေပသည္။လိပ္စာေလးကေတာ့ မြန္ျပည္နယ္ က်ိဳက္ထို ႏွင့္ ဘီးလင္းၾကား ထင္းမႈန္ကုန္းေက်း႐ြာ ျဖစ္ပါတယ္။
Credit- Original Writer