ကြက်ဖပျိုတွေလို မသန်မာပေမယ့် ဉာဏ်သာသွားတဲ့ ကြက်ဖအိုကြီး
(ကြက်ဖကြီးဉာဏ်ကောင်းတယ်)
တစ်နေ့မှာ…လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင်ကို ဈေးထဲက ဝယ်လာပြန်တယ်။
အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ကြက်ခြံထဲမှာလွှတ်ပေးလိုက်တယ်။ ကြက်ဖလေး ခြံထဲကို
ဝင်ဝင်ချင်းမှာပဲ ကြက်မတွေအလယ်ကောင်မှာ အခန့်သားနေနေထဲ ကြက်ဖအိုကြီးတစ်ကောင်ကိုတွေ့လိုက်တယ်
ကြက်ဖအိုကြီးက —“ဟေ့ကောင်လေး.. ကြိုဆိုပါတယ်” လို့ဆီးပြီးနှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း အိုမင်းနေပြီဖြစ်တဲ့
ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန်သလိုနေလိုက်တယ်။ ခြံထဲမှာရှိတဲ့ ကြက်မတွေကို သူလိုက်ပြီးအကဲခတ် နေတုန်းမှာပဲ ကြက်ဖကြီးကဒီလိုပြောတယ်
“ကောင်လေး..ဒီခြံထဲမှာ ကြက်မ (၂၅) ကောင်တိတိရှိတယ်။ ငါက အိုလာတော့ သူတို့ ဥဥ နှုန်းကျလာတယ်။
ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်ဝယ်လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့အနေနဲ့ ကြက်မ (၂၄)ကောင်ကို မင်းယူပြီး
ငါ့အတွက် ကြက်မလေး (၁)ကောင်လောက်တော့ ချန်ထားပေးပါကွာ..ဒီတစ်ခုတော့တောင်းဆိုပါရစေ”
အဲဒီလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျိုလေးက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ရယ်မောပြန်တယ်။ ပြီးတော့ဒီလိုပြန်ပြောလိုက်တယ်။
“ဘဲရီး..ခင်ဗျားအသက်ကြီးပြီ။ နားလိုက်တော့…။ဒီစော်တွေအကုန် ကျုပ်ပိုင်တယ်။ခင်ဗျားတစ်ကောင်တောင်မရဘူးမှတ်”
အဲဒီလို ကြက်ဖပျိုလေးရဲ့စကားကိုပြောတဲ့အခါကြက်ဖကြီးက ဒီလိုပြန်ပြောတယ်။”အေးပေါ့လေ..။ မင်းက တက်လူ၊ အဲလေ တက်ကြက်၊
ငါက ကျကြက်ကိုကွ၊ ဒါပေမယ့်ဒီအတိုင်းဆုံးဖြတ်မယ့်အစား၊ မင်းနဲ့ငါ ကြက်ခြံတစ်ပတ် အပြေးပြိုင်ပြီးနိုင်တဲ့လူက ကြက်မတွေအကုန်ယူကြေးသတ်မှတ်လိုက်ရင်မကောင်းဘူးလား၊
အေးမင်းဇရှိရင်တော့ ငါ့ကို တစ်ပေ၊နှစ်ပေလောက်အကြောပေးပေါ့ကွာ။ ငါက ကြက်အိုကြီးကိုး”
အဲဒီလို ကြက်ဖကြီးရဲ့စိန်ခေါ်စကားကိုကြားတဲ့အခါကြက်ဖပျို လေးက “တစ်ပေနှစ်ပေတင်မကဘူးအဘိုးကြီး ခင်ဗျားကို သုံးပေတိတိ အကြောပေးတယ်” လို့ပြောပြီးစိန်ခေါ်တာကိုလက်ခံလိုက်တယ်။
အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖနှစ်ကောင်ဟာ အပြေးပြိုင်ဖို့နေရာယူကြတယ်။ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာနေရာယူတယ်။
ကြက်ဖလေးကတော့ နောက်မှာနေရာယူပြီးစပြေးကြတယ်။သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက်မတွေကလည်း “ကတော်” ကတော်”သံတွေဆူညံနေအောင်အားပေးကြတယ်
“ကြက်ဖကြီး” ကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာဖျတ်လတ်တဲ့ ကြက်ဖပျိုလေးကိုအားပေးတဲ့ကြက်မတွေပိုများနေပြန်တယ်။
ကြက်ဖကြီးက ရှေ့ကဦးဆောင်ပြေးတယ်။ကြက်ဖလေးကနောက်ကလိုက်တယ်။ကြက်ဖကြီးက ခေါင်းကိုရှေ့ကို အစွမ်းကုန်ဆန့်ပြီးပြေးတယ်။
ကြက်ဖလေးကလည်း အားကျမခံ ခေါင်းကိုဆန့်ထုတ်ပြီး ကြက်ဖကြီးနောက်က အမှီလိုက်လာတယ်။ကြက်ဖကြီးက ကတော်သံအကျယ်ကြီးနဲ့ပြေးတယ်ကြက်ဖပျိုကလည်း မာန်ဖီပြီးလိုက်တယ်။
အဲဒီလိုကြက်ဖကြီးက အော်ပြီးပြေး၊ ကြက်ဖပျိုက မာန်ဖီပြီးလိုက်နေတုန်းမှာတင် လယ်သမားကြီးရဲ့လောက်စာလုံးဟာ ကြက်ဖပျု ိရဲ့ ခေါင်းတည့်တည့်ကိုထိပြီး
ကြက်ဖလေးဟာ နေရာမှာတင် မာလကီးသွားရှာတယ်။ အဲဒီလို လေးခွစာမိပြီး သေသွားတဲ့ကြက်ဖလေးကို လာပြီးကောက်ယူရင် လယ်သမားကြီးက ဒီလိုပြောလိုက်တယ်
“တောက်… အထီးအချင်းချင်းလိုက်နေတဲ့စောင်အခြောက်ကြက်တွေဝယ်မိတာ ဒီတစ်ကောင်နဲ့ဆို ၆ကောင်ရှိပြီ၊ ဒီနေ့ညနေလည်းကြက်သားဟင်းပဲစားရတော့မှာပဲ”
အချင်းချင်းဂျင်းထည့်ချင်းကင်းရှင်းကြပါစေ…။
Crd …KK
ၾကက္ဖပ်ိဳေတြလို မသန္မာေပမယ့္ ဉာဏ္သာသြားတဲ့ ၾကက္ဖအိုႀကီး
(ၾကက္ဖႀကီးဉာဏ္ေကာင္းတယ္)
တစ္ေန႔မွာ…လယ္သမားႀကီးဟာ ၾကက္ဖေလးတစ္ေကာင္ကို ေဈးထဲက ဝယ္လာျပန္တယ္။
အဲဒီေနာက္ ၾကက္ဖေလးကို သူ႔ရဲ့ၾကက္ၿခံထဲမွာလႊတ္ေပးလိုက္တယ္။ ၾကက္ဖေလး ၿခံထဲကို
ဝင္ဝင္ခ်င္းမွာပဲ ၾကက္မေတြအလယ္ေကာင္မွာ အခန႔္သားေနေနထဲ ၾကက္ဖအိုႀကီးတစ္ေကာင္ကိုေတြ႕လိုက္တယ္
ၾကက္ဖအိုႀကီးက —“ေဟ့ေကာင္ေလး.. ႀကိဳဆိုပါတယ္” လို႔ဆီးၿပီးႏႈတ္ဆက္လိုက္တယ္။ ဒါေပမယ့္လည္း အိုမင္းေနၿပီျဖစ္တဲ့
ၾကက္ဖႀကီးကို ၾကက္ဖေလးက အဖက္မတန္သလိုေနလိုက္တယ္။ ၿခံထဲမွာရွိတဲ့ ၾကက္မေတြကို သူလိုက္ၿပီးအကဲခတ္ ေနတုန္းမွာပဲ ၾကက္ဖႀကီးကဒီလိုေျပာတယ္
“ေကာင္ေလး..ဒီၿခံထဲမွာ ၾကက္မ (၂၅) ေကာင္တိတိရွိတယ္။ ငါက အိုလာေတာ့ သူတို႔ ဥဥ ႏႈန္းက်လာတယ္။
ဒါေၾကာင့္ မင္းကို လယ္သမားႀကီးက အသစ္ဝယ္လိုက္တာပဲ။ ငါ့ကို ငဲ့ညႇာတဲ့အေနနဲ႔ ၾကက္မ (၂၄)ေကာင္ကို မင္းယူၿပီး
ငါ့အတြက္ ၾကက္မေလး (၁)ေကာင္ေလာက္ေတာ့ ခ်န္ထားေပးပါကြာ..ဒီတစ္ခုေတာ့ေတာင္းဆိုပါရေစ”
အဲဒီလို ၾကက္ဖႀကီးေျပာတဲ့အခါ ၾကက္ဖပ်ိဳေလးက မ်က္ခုံးတစ္ဖက္ကိုပင့္လိုက္တယ္။ တဟင္းဟင္းနဲ႔ရယ္ေမာျပန္တယ္။ ၿပီးေတာ့ဒီလိုျပန္ေျပာလိုက္တယ္။
“ဘဲရီး..ခင္ဗ်ားအသက္ႀကီးၿပီ။ နားလိုက္ေတာ့…။ဒီေစာ္ေတြအကုန္ က်ဳပ္ပိုင္တယ္။ခင္ဗ်ားတစ္ေကာင္ေတာင္မရဘူးမွတ္”
အဲဒီလို ၾကက္ဖပ်ိဳေလးရဲ့စကားကိုေျပာတဲ့အခါၾကက္ဖႀကီးက ဒီလိုျပန္ေျပာတယ္။”ေအးေပါ့ေလ..။ မင္းက တက္လူ၊ အဲေလ တက္ၾကက္၊
ငါက က်ၾကက္ကိုကြ၊ ဒါေပမယ့္ဒီအတိုင္းဆုံးျဖတ္မယ့္အစား၊ မင္းနဲ႔ငါ ၾကက္ၿခံတစ္ပတ္ အေျပးၿပိဳင္ၿပီးနိုင္တဲ့လူက ၾကက္မေတြအကုန္ယူေၾကးသတ္မွတ္လိုက္ရင္မေကာင္းဘူးလား၊
ေအးမင္းဇရွိရင္ေတာ့ ငါ့ကို တစ္ေပ၊ႏွစ္ေပေလာက္အေၾကာေပးေပါ့ကြာ။ ငါက ၾကက္အိုႀကီးကိုး”
အဲဒီလို ၾကက္ဖႀကီးရဲ့စိန္ေခၚစကားကိုၾကားတဲ့အခါၾကက္ဖပ်ိဳ ေလးက “တစ္ေပႏွစ္ေပတင္မကဘူးအဘိုးႀကီး ခင္ဗ်ားကို သုံးေပတိတိ အေၾကာေပးတယ္” လို႔ေျပာၿပီးစိန္ေခၚတာကိုလက္ခံလိုက္တယ္။
အဲဒီလိုနဲ႔ ၾကက္အိုႀကီးနဲ႔ ၾကက္ဖပ်ိဳ ၾကက္ဖႏွစ္ေကာင္ဟာ အေျပးၿပိဳင္ဖို႔ေနရာယူၾကတယ္။ၾကက္ဖႀကီးက သုံးေပေလာက္အကြာ ေရွ႕မွာေနရာယူတယ္။
ၾကက္ဖေလးကေတာ့ ေနာက္မွာေနရာယူၿပီးစေျပးၾကတယ္။သူတို႔ရဲ့ အေျပးၿပိဳင္ပြဲကို ၿခံမွာရွိတဲ့ ၾကက္မေတြကလည္း “ကေတာ္” ကေတာ္”သံေတြဆူညံေနေအာင္အားေပးၾကတယ္
“ၾကက္ဖႀကီး” ကို အားေပးၾကတဲ့ ၾကက္မေတြထက္ သန္မာဖ်တ္လတ္တဲ့ ၾကက္ဖပ်ိဳေလးကိုအားေပးတဲ့ၾကက္မေတြပိုမ်ားေနျပန္တယ္။
ၾကက္ဖႀကီးက ေရွ႕ကဦးေဆာင္ေျပးတယ္။ၾကက္ဖေလးကေနာက္ကလိုက္တယ္။ၾကက္ဖႀကီးက ေခါင္းကိုေရွ႕ကို အစြမ္းကုန္ဆန႔္ၿပီးေျပးတယ္။
ၾကက္ဖေလးကလည္း အားက်မခံ ေခါင္းကိုဆန႔္ထုတ္ၿပီး ၾကက္ဖႀကီးေနာက္က အမွီလိုက္လာတယ္။ၾကက္ဖႀကီးက ကေတာ္သံအက်ယ္ႀကီးနဲ႔ေျပးတယ္ၾကက္ဖပ်ိဳကလည္း မာန္ဖီၿပီးလိုက္တယ္။
အဲဒီလိုၾကက္ဖႀကီးက ေအာ္ၿပီးေျပး၊ ၾကက္ဖပ်ိဳက မာန္ဖီၿပီးလိုက္ေနတုန္းမွာတင္ လယ္သမားႀကီးရဲ့ေလာက္စာလုံးဟာ ၾကက္ဖပ်ဳ ိရဲ့ ေခါင္းတည့္တည့္ကိုထိၿပီး
ၾကက္ဖေလးဟာ ေနရာမွာတင္ မာလကီးသြားရွာတယ္။ အဲဒီလို ေလးခြစာမိၿပီး ေသသြားတဲ့ၾကက္ဖေလးကို လာၿပီးေကာက္ယူရင္ လယ္သမားႀကီးက ဒီလိုေျပာလိုက္တယ္
“ေတာက္… အထီးအခ်င္းခ်င္းလိုက္ေနတဲ့ေစာင္အေျခာက္ၾကက္ေတြဝယ္မိတာ ဒီတစ္ေကာင္နဲ႔ဆို ၆ေကာင္ရွိၿပီ၊ ဒီေန႔ညေနလည္းၾကက္သားဟင္းပဲစားရေတာ့မွာပဲ”
အခ်င္းခ်င္းဂ်င္းထည့္ခ်င္းကင္းရွင္းၾကပါေစ…။
Crd …KK