ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ယာဥ္လမ္းေၾကာင္း ၃ ခုျဖင့္ ေျပာင္းလဲ သြားေတာ့မယ့္ ရန္ကုန္ အမွတ္ (၃) လမ္းမႀကီး Zero မိုင္

ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ယာဥ္လမ္းေၾကာင္း ၃ ခုျဖင့္ ေျပာင္းလဲ သြားေတာ့မယ့္ ရန္ကုန္ အမွတ္ (၃) လမ္းမႀကီး Zero မိုင္

ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ရန္ကုန္ မဂၤလာဒုံၿမိဳ႕နယ္ အမွတ္ ၃ လမ္းမႀကီးမွာ လမ္းေၾကာင္း ၃ ခု ေျပာင္းလဲသြားမွာ ျဖစ္တယ္လို႔သိရပါတယ္။ အဆိုပါေျပာင္းလဲသြားေတာ့မည့္ လမ္းေၾကာင္း ၃ ခုမွာ ၁။အေဝးေျပးကုန္တင္ယာဥ္ႀကီးမ်ားအေနနဲ႔

အင္းစိန္-ေလွာ္ကား ပဲခူးလမ္းေဟာင္း (အသြားအျပန္) ၂။မႏၲေလး-ျမစ္ႀကီးနားနဲ႔ အထက္ျမန္မာျပည္ ခရီးသည္တင္ အေဝးေျပးယာဥ္မ်ားက အမွတ္၃ လမ္းမွ ခေရပင္လမ္း-ျပည္လမ္း ေထာက္ၾကန႔္မွ အျမန္လမ္း အသုံးျပဳကာ သြားလာရမွာျဖစ္ၿပီး ၃။ပုံမွန္သြားလာေနတဲ့ အေဝးေျပးကုန္တင္ယာဥ္မ်ားနဲ႔ ေမာ္လၿမိဳင္-ေရး-ၿမိတ္၊

ထားဝယ္၊ ေကာ့ေသာင္း ခရီးသည္တင္ယာဥ္မ်ားက အမွတ္ ၃ လမ္းမွ ရန္ကုန္-ပဲခူး လမ္းေဟာင္းအတိုင္း အသြားအလာ ျပဳလုပ္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ယခုကဲ့သို႔ လမ္းေၾကာင္းေျပာင္းလဲေျပးဆြဲမယ့္ အေျခအေနကိုႀကိဳတင္အသိပညာေပး ေဆြးေႏြးျခင္းေတြ၊

သတင္းထုတ္ျပန္ျခင္းေတြကိုကနဦးေဆာင္႐ြက္သြားမွာျဖစ္ၿပီး ယင္းကာလ ေက်ာ္လြန္ပါကစည္းကမ္းေဖာက္ဖ်က္တဲ့ ယာဥ္နဲ႔ယာဥ္ေမာင္းေတြကို စိစစ္အေရးယူျခင္းေတြ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ အမွတ္ ၃ လမ္းမႀကီးနဲ႔ ခေရပင္လမ္းဆုံမီးပြိဳင့္ ယာဥ္ေၾကာပိတ္ဆို႔ ၾကပ္တည္းမႈ ေလ်ာ့ခ်ေရးအစည္းအေဝးက သိရပါတယ္။

crd-

 

Unicode

ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့အတွက် ယာဉ်လမ်းကြောင်း ၃ ခုဖြင့် ပြောင်းလဲ သွားတော့မယ့် ရန်ကုန် အမှတ် (၃) လမ်းမကြီး Zero မိုင်

ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမကြီးမှာ လမ်းကြောင်း ၃ ခု ပြောင်းလဲသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါပြောင်းလဲသွားတော့မည့် လမ်းကြောင်း ၃ ခုမှာ ၁။အဝေးပြေးကုန်တင်ယာဉ်ကြီးများအနေနဲ့

အင်းစိန်-လှော်ကား ပဲခူးလမ်းဟောင်း (အသွားအပြန်) ၂။မန္တလေး-မြစ်ကြီးနားနဲ့ အထက်မြန်မာပြည် ခရီးသည်တင် အဝေးပြေးယာဉ်များက အမှတ်၃ လမ်းမှ ခရေပင်လမ်း-ပြည်လမ်း ထောက်ကြန့်မှ အမြန်လမ်း အသုံးပြုကာ သွားလာရမှာဖြစ်ပြီး ၃။ပုံမှန်သွားလာနေတဲ့ အဝေးပြေးကုန်တင်ယာဉ်များနဲ့ မော်လမြိုင်-ရေး-မြိတ်၊

ထားဝယ်၊ ကော့သောင်း ခရီးသည်တင်ယာဉ်များက အမှတ် ၃ လမ်းမှ ရန်ကုန်-ပဲခူး လမ်းဟောင်းအတိုင်း အသွားအလာ ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ လမ်းကြောင်းပြောင်းလဲပြေးဆွဲမယ့် အခြေအနေကိုကြိုတင်အသိပညာပေး ဆွေးနွေးခြင်းတွေ၊

သတင်းထုတ်ပြန်ခြင်းတွေကိုကနဦးဆောင်ရွက်သွားမှာဖြစ်ပြီး ယင်းကာလ ကျော်လွန်ပါကစည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်နဲ့ယာဉ်မောင်းတွေကို စိစစ်အရေးယူခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမှတ် ၃ လမ်းမကြီးနဲ့ ခရေပင်လမ်းဆုံမီးပွိုင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှု လျော့ချရေးအစည်းအဝေးက သိရပါတယ်။

crd-