ဇနီးသည္ရဲ႕႐ုပ္အေလာင္းနဲ႔ 16 ႏွစ္ၾကာ အတူတူအိပ္စက္ခဲ့တဲ့အမ်ိဳးသား(႐ုပ္သံ)

ဇနီးသည္ရဲ႕႐ုပ္အေလာင္းနဲ႔ 16 ႏွစ္ၾကာ အတူတူအိပ္စက္ခဲ့တဲ့အမ်ိဳးသား(႐ုပ္သံ)

Mr.Le Van အမည္႐ွိတဲ့ ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ အမ်ိဳးသားဟာ သူ႔ရဲ႕အခ်စ္ရဆံုးသူကို လက္မလြတ္ႏိုင္တဲ့အျဖစ္က ေတာ္ေတာ္ကို အံ့ၾသစရာပါပဲေနာ္ …..။

Mr.Le Van ရဲ႕အေၾကာင္းဟာ 2009 ခုႏွစ္မွ လူသိမ်ားလာခဲ့တာျဖစ္ၿပီး ယခုအခ်ိန္အထိ အခ်ိဳ႕သူေတြကေတာ့ Mr.Le Van ရဲ႕လုပ္ရပ္ကို နားမလည္ႏိုင္ေအာင္ျဖစ္ခဲ့ပါတယ္..။

အဲတာကေတာ့ Mr.Le Van ဟာ မိဘေတြရဲ႕အစီအစဥ္အဆံုးအျဖတ္ေၾကာင့္ 1975 ခုႏွစ္မွာ ငယ္ငယ္ရြယ္ရြယ္ျဖင့္ ဇနီးျဖစ္သူနဲ႔ လက္ထပ္ခဲ့ရပါတယ္ …။

ထိုအခ်ိန္တုန္းက တစ္ေယာက္အေၾကာင္း တစ္ေယာက္ လံုးဝမသိဘဲ လက္ထပ္ ခဲ့ရတာပါ …။

ေနာက္ပိုင္း Van ဟာ စစ္မႈထမ္းတာဝန္ၿပီးဆံုးၿပီးေနာက္ ေနအိမ္သို႔ျပန္ေရာက္ခဲ့ၿပီးမွ ဇနီးျဖစ္သူႏွင့္ တစ္ေယာက္ အေၾကာင္းတစ္ေယာက္ နားလည္းခဲ့ၾကလို႔ ၾကင္စဇနီးေမာင္ႏွံလို ခ်စ္ခင္ခဲ့ၾကပါတယ္ …။

၎တို႔စံုတြဲမွာ သားသမီး 7 ေယာက္ ႐ွိခဲ့ၿပီး အေပ်ာ္ရႊင္ဆံုးမိသားစုဘဝကို ပိုင္ဆိုင္ခဲ့ၾကပါတယ္ …။

2003 ခုႏွစ္မွာေတာ့ Van ဟာအိမ္ကေနထြက္ၿပီး အေဝးတစ္ေနရာသို႔သြားေရာက္အလုပ္လုပ္ကိုင္ေနစဥ္ ဇနီးျဖစ္သူ႐ုတ္တရက္ ေသဆံုးသြားခဲ့ရတဲ့ အေၾကာင္းကို ၾကားသိခဲ့ရပါတယ္ …..။

ထိုအခ်ိန္မွာေတာ့ Van ဟာေနအိမ္သို႔ အလ်င္အျမန္ျပန္သြားခဲ့ေပမဲ့လည္း ဇနီးသည္ကိုေျမမျမဳပ္ခင္ မိနစ္အနည္းငယ္သာ ဇနီးရဲ႕မ်က္ႏွာကို ျမင္ေတြ ႔ခဲ႕ရပါတယ္..။

အစပိုင္းမွာေတာ့ ဇနီးသည္ကိုမခြဲႏိုင္ ၊ မခြာႏိုင္ျဖစ္ခဲ့တဲ့ Van ဟာ သခ် ႋဳင္းမွာသာ ေနထိုင္ၿပီးဇနီးသည္ရဲ႕ အုတ္ဂူအနားမွာသာ အိပ္စက္ခဲ့ပါတယ္ …။

ေနာက္ပိုင္း အခ်ိန္အေတာ္ၾကာလာတာေၾကာင့္ မိုးဒဏ္ ၊ ေလဒဏ္ကိုစိုးရိမ္ၿပီး Van ဟာ ဇနီးသည္ရဲ႕႐ုပ္အေလာင္းကို အုတ္ဂူကေနျပန္လည္တူးေဖာ္ၿပီး …၊

ဇနီးသည္ရဲ႕႐ုပ္အေလာင္းကို လူခႏၶာကိုယ္အရြယ္အစာ႐ွိတဲ့အ႐ုပ္ထဲသို႔ ထည့္သြင္းၿပီး ဘိလပ္ေျမေတြ ၊ သဲေတြနဲ႔ လူ႐ုပ္ပံုစံ ျပန္ျပဳလုပ္ခဲ့ပါတယ္ …။

ထို႔ေနာက္ ဇနီးသည္ရဲ႕႐ုပ္အေလာင္းကိုေနအိမ္သို႔ျပန္ယူလာခဲ့ၿပီး အိပ္ယာေပၚတြင္ထားကာ 16 ႏွစ္ခန္႔အတူ အိပ္စက္ခဲ့ပါတယ္ …။

အဆိုပါအျဖစ္ကိုၾကားၾကားခ်င္မွာပဲ မိခင္႐ုပ္အေလာင္းကိုအိမ္ျပန္ယူလာတဲ့ Van ကို သားသမီးမ်ားက ေျဖာင္းဖ်ခဲ့ေပမဲ့ Van ကေတာ့ ဇနီးသည္ကိုမစြန္႔လြတ္ႏိုင္ခဲ့ပါဘူး …။

ရြာသားေတြက တာဝန္႐ွိသူရဲအရာ႐ွိေတြကိုတိုင္ၾကားၿပီး ဝိုင္းဝန္းေျဖာင္းဖ်ခဲ့ေပမဲ့ ေခါင္းမာလြန္းတဲ့ Van ကလက္မခံဘဲ ေသဆံုးသြားတဲ့အခ်ိန္ထိ ဇနီးသည္ႏွင့္အတူအိပ္စက္သြားမည္ျဖစ္ေၾကာင္းကို ျပန္လည္ေျပာဆိုခဲ့ပါတယ္ …။ ။

Jasmine (Mckzone Daily)

Source: odditycentral

ရုပ္သံေအာက္ဆံုးတြင္ေဖာ္ျပထားပါသည္ ။

Unicode

ဇနီးသည်ရဲ့ရုပ်အလောင်းနဲ့ 16 နှစ်ကြာ အတူတူအိပ်စက်ခဲ့တဲ့အမျိုးသား(ရုပ်သံ)

Mr.Le Van အမည်ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ အမျိုးသားဟာ သူ့ရဲ့အချစ်ရဆုံးသူကို လက်မလွတ်နိုင်တဲ့အဖြစ်က တော်တော်ကို အံ့သြစရာပါပဲနော် …။

Mr.Le Van ရဲ့အကြောင်းဟာ 2009 ခုနှစ်မှ လူသိများလာခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အချို့သူတွေကတော့ Mr.Le Van ရဲ့လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်ခဲ့ပါတယ်..။

အဲတာကတော့ Mr.Le Van ဟာ မိဘတွေရဲ့အစီအစဉ်အဆုံးအဖြတ်ကြောင့် 1975 ခုနှစ်မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဇနီးဖြစ်သူနဲ့ လက်ထပ်ခဲ့ရပါတယ် …။

ထိုအချိန်တုန်းက တစ်ယောက်အကြောင်း တစ်ယောက် လုံးဝမသိဘဲ လက်ထပ် ခဲ့ရတာပါ …။

နောက်ပိုင်း Van ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက် နေအိမ်သို့ပြန်ရောက်ခဲ့ပြီးမှ ဇနီးဖြစ်သူနှင့် တစ်ယောက် အကြောင်းတစ်ယောက် နားလည်းခဲ့ကြလို့ ကြင်စဇနီးမောင်နှံလို ချစ်ခင်ခဲ့ကြပါတယ် …။

၎င်းတို့စုံတွဲမှာ သားသမီး 7 ယောက် ရှိခဲ့ပြီး အပျော်ရွှင်ဆုံးမိသားစုဘဝကို ပိုင်ဆိုင်ခဲ့ကြပါတယ် …။

2003 ခုနှစ်မှာတော့ Van ဟာအိမ်ကနေထွက်ပြီး အဝေးတစ်နေရာသို့သွားရောက်အလုပ်လုပ်ကိုင်နေစဉ် ဇနီးဖြစ်သူရုတ်တရက် သေဆုံးသွားခဲ့ရတဲ့ အကြောင်းကို ကြားသိခဲ့ရပါတယ် …။

ထိုအချိန်မှာတော့ Van ဟာနေအိမ်သို့ အလျင်အမြန်ပြန်သွားခဲ့ပေမဲ့လည်း ဇနီးသည်ကိုမြေမမြုပ်ခင် မိနစ်အနည်းငယ်သာ ဇနီးရဲ့မျက်နှာကို မြင်တွေ့ခဲ့ရပါတယ်..။

အစပိုင်းမှာတော့ ဇနီးသည်ကိုမခွဲနိုင် ၊ မခွာနိုင်ဖြစ်ခဲ့တဲ့ Van ဟာ သင်္ချိုင်းမှာသာ နေထိုင်ပြီးဇနီးသည်ရဲ့ အုတ်ဂူအနားမှာသာ အိပ်စက်ခဲ့ပါတယ် …။

နောက်ပိုင်း အချိန်အတော်ကြာလာတာကြောင့် မိုးဒဏ် ၊ လေဒဏ်ကိုစိုးရိမ်ပြီး Van ဟာ ဇနီးသည်ရဲ့ရုပ်အလောင်းကို အုတ်ဂူကနေပြန်လည်တူးဖော်ပြီး …၊

ဇနီးသည်ရဲ့ရုပ်အလောင်းကို လူခန္ဓာကိုယ်အရွယ်အစာရှိတဲ့အရုပ်ထဲသို့ ထည့်သွင်းပြီး ဘိလပ်မြေတွေ ၊ သဲတွေနဲ့ လူရုပ်ပုံစံ ပြန်ပြုလုပ်ခဲ့ပါတယ် …။

ထို့နောက် ဇနီးသည်ရဲ့ရုပ်အလောင်းကိုနေအိမ်သို့ပြန်ယူလာခဲ့ပြီး အိပ်ယာပေါ်တွင်ထားကာ 16 နှစ်ခန့်အတူ အိပ်စက်ခဲ့ပါတယ် …။

အဆိုပါအဖြစ်ကိုကြားကြားချင်မှာပဲ မိခင်ရုပ်အလောင်းကိုအိမ်ပြန်ယူလာတဲ့ Van ကို သားသမီးများက ဖြောင်းဖျခဲ့ပေမဲ့ Van ကတော့ ဇနီးသည်ကိုမစွန့်လွတ်နိုင်ခဲ့ပါဘူး …။

ရွာသားတွေက တာဝန်ရှိသူရဲအရာရှိတွေကိုတိုင်ကြားပြီး ဝိုင်းဝန်းဖြောင်းဖျခဲ့ပေမဲ့ ခေါင်းမာလွန်းတဲ့ Van ကလက်မခံဘဲ သေဆုံးသွားတဲ့အချိန်ထိ ဇနီးသည်နှင့်အတူအိပ်စက်သွားမည်ဖြစ်ကြောင်းကို ပြန်လည်ပြောဆိုခဲ့ပါတယ် …။ ။

Jasmine (Mckzone Daily)

Source: odditycentral

ရုပ်သံအောက်ဆုံးတွင်ဖော်ပြထားပါသည် ။