




Credit – ပဒေသာ

Unicode

ယုန်လေးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန် ထုတ်ပယ်…

ယနေ့နေ့လည်ပိုင်းကစတင်ပြီး Facebookပေါ်တွင် သရုပ်ဆောင် ဒါရိုက်တာ အဆိုတော် ယုန်လေးမှ လွှင့်တင်ခဲ့သော စည်းလုံးသင့်ပြီ မြန်မာပြည် အမည်ရှိ သီချင်းတစ်ပုဒ်ကြောင့် NLDပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို မှေးမှိန်အောင် လုပ်ဆောင်ခြင်း၊ ဆင်ဆာခွင့်ပြုချက်မရပဲ ပြသခြင်းစသည်တို့ကြောင့် ယုန်လေးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကကြီးများ အရေးပေါ်စုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး ထုတ်ပယ်လိုက်တယ်လို့ မနေ့ည ၁ဝ:၃၀ ကသတင်းအရ သိရပါတယ် …။

နောက်ဆက်တွဲအနေဖြင့် အဆိုပါတေးသီချင်းတွင်ပါဝင်သော အနုပညာရှင်များကိုလည်း နောင်တွင် ထိုကဲ့သို့သော ဇာတ်လမ်းများမရိုက်ကူးနိုင်စေရန် ခံဝန်လက်မှတ်ထိုးခိုင်းသွားမည်ဟုလည်း သိရပါတယ်။ မနက်ဖြန်မနက်မှာ သတင်းမီဒီယာများတွင် ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ် …။

တကယ်လို့ ယခုသတင်းအမှန်ဆိုပါက ရုပ်ရှင်အစည်းအရုံးမှထုတ်ပယ်လိုက်ခြင်းကြောင့် ယုန်လေးအနေဖြင့် ရုပ်ရှင်၊ဗီဒီယိုရိုက်ကူးခြင်း ပါဝင်သရုပ်ဆောင်ခြင်း၊ ပါဝင်ထားသော ရုပ်ရှင်ကားများ ရုံတင်ပြသခြင်း ၊ သီဆိုထားသောသီချင်းများအား ရုပ်ရှင် ဗီဒီယိုများတွင် အသုံးပြုခွင့်ရှိတော့မည်မဟုတ်ဟုလည်း သိရပါတယ် …။

Credit – ပဒေသာ