တန်ဖိုးကြီး ငါးစီဖေါင်းနှင့် အသုံးဝင်ပုံများ (အချို့ဆို သိန်းရာချီ အဖိုးတန်ပါတယ်)
“တန်ဖိုးကြီး ငါးစီဖေါင်းနှင့် အသုံးဝင်ပုံများ” ငါးစီဖေါင်းကို အင်္ဂလိပ်လို Swimbladder (or) Air Bladder (or) Fish Maw ဟု ခေါ်ဆိုကြသည်။ ငါးစီဖောင်းကို ပင်လယ်ပိုင်းဒေသနှင့် ဆက်စပ်နေသော ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် အစရှိတဲ့ နေရာဒေသတွေမှာသာ တွေ့ရများပါသည်။ ငါးစီဖေါင်းသည် အရိုးမာငါးအုပ်စု (Bony Fish) တွေမှာ အများစုပါရှိကြပြီး စီဖောင်းအရွယ်အစားနှင့် ငါးအမျိုးအစားအလိုက် တန်ဖိုးကြီးမြင့်ကြပါသည်။ ငါးစီဖောင်းမှန်သမျှ စျေးကောင်းပြီး ဆေးဘက်ဝင်ကြပါသည်။
ငါးစီဖောင်းများတွင် ငါးပုတ်သင် (croaker) အုပ်စုဝင်ဖြစ်သော ကသမျှင်ငါးမှရသော ကသမျှင်ငါးစီဖောင်းမှာ သိန်းရာချီအဖိုးတန်ပြီး ဆေးဝါးဖော်စပ်ရာနှင့် အလှကုန်ပြုလုပ်ရာတွင် အသုံးပြုကြသည်ဟု မှတ်သားရဖူးပါသည်။ ပင်လယ်အောက်ခြေတွင် တွင်းတူးနေထိုင်သောငါး၊ အရိုးမာငါးတစ်ချို့နှင့် အရိုးနုငါးများတွင် ငါးစီဖေါင်းများ မပါရှိကြပါ။ အရိုးနုငါး ငါးမန်း၊ ငါးလိပ်ကျောက်များတွင်လည်း လေစီဖောင်းမပါရှိကြဘဲ သူတို့အသည်းတွင်ရှိသော အဆီသိုလှောင်မှုမှာ ကိုယ်ထည်ပေါ့ပါးကာ ရေအနက်တွင် ထိန်းညှိနိုင်ကာရေပေါ် ပေါ်စေနိုင်ပါသည်။
သို့သော် ငါးအများစုမှာ ငါးစီဖောင်းပါရှိခြင်းကြောင့် ရေမျက်နှာပြင်မှ နက်ရှိုင်းသော ရေအောက်လွှာအထိ ကိုယ်ထည်ထိန်းညှိကာ သွားလာနိုင်ကြသည်။ Drums and Croakers ဟုအမည်တွင်သော ငါးပုတ်သင်/ငါးပျက်အုပ်စုဝင် ငါးများသည် လေစီဖောင်းမှ အသံထုတ်ကာ မျိုးတူငါးများအချင်းချင်း ဆက်သွယ်သွားလာကြပါသည်။
ငါးစီဖေါင်းသည် အရိုးမာငါးများကို ရေပေါ်တွင်ပေါ်စေရန်အတွက် ထိန်းချုပ်ပေးခြင်းကို အဓိကဆောင်ရွက်ပေးပါသည်။ ထို့ပြင် ငါးအများစုသည် လေစီဖောင်းသွားရမည့် ရေအတိမ်အနက်ကို ဆုံးဖြတ်ကာ အသံကိုထုတ်လွှတ်ခြင်း၊ အသံကိုပြန်ကြားစေခြင်းဖြင့် အကြားအာရုံနှင့် ဆက်နွယ်ပေးကာ သွားလိုရာကို ဆောင်ရွက်ပေးပါသည်။ စီဖောင်းပါငါးများတွင် စီဖောင်းအရွယ်အစားမှာ ရေချိုငါးတွင် ခန္ဓာကိုယ်ထည်၏ ၅% ပမာဏရှိပြီး ရေငန်ငါးတွင် ၇ % ရှိကြသည်။ အချို့ငါးများတွင် ၄င်းထက် ပိုကြီးကြပါသည်။
ငါးစီဖေါင်းပါသော စားသောက်ကုန်များသည် အသားဓာတ် (protein) ကြွယ်ဝစွာ ပါရှိကြပါသည်။ ငါးစီဖောင်းကို ရေဒဏ်တောင့်တင်းစွာခံနိုင်သော ကော်အဖြစ်လည်း အသုံးပြုလို့ရပါသည်။ တရုတ်လူမျိုးများမှာ ငါးစီဖေါင်းကို စွပ်ပြုတ်အဖြစ်စားသုံးကြသလို ဟင်းသီးဟင်းရွက်နှင့်ရောကာ စီဖောင်းနှပ်၊ စီဖောင်းကြော်၊ စီဖောင်းသုပ်ဟူ၍လည်း ပြုလုပ်စားကြပါသည်။ ပင်လယ်ပိုင်းဒေသတွေမှာ အလှူအတန်းပြုလုပ်ပါက ငါးစီဖေါင်းသုပ်ကို ကျွေးမွေးလေ့ရှိကြသည်။
ငါးရောင်၊ ငါးထွေ အစရှိတဲ့ ငါးမျိုးစိတ်တွေမှရရှိသော စီဖောင်းများဖြစ်သောကြောင့် ငါးစီဖောင်းသုပ်ကိုစားရာတွင် စီးစီးပိုင်ပိုင်ရှိပြီး ဝါးရာ၌ ထုတ်ထုတ်လေးနှင့် အရသာထူးလှသော ပင်လယ်စာ ဟင်းလျာတစ်မျိုး ဖြစ်ပေသည်။ ငါးခြောက်လုပ်ဖို့ ငါးကိုခွဲသောအခါ ငါးစီဖေါင်းများကို သီးခြားဖယ်ထားပြီး နေလှန်းကာ ခြောက်သွေ့ပါက နှစ်ပေါက်အောင် သိမ်းဆည်းစုဆောင်းထားပြီးနောက် စျေးကောင်းကောင်းနှင့် ပြန်လည် ရောင်းချကြပါသည်။
(နှင်းဖြူဖြူ)
တန္ဖိုးႀကီး ငါးစီေဖါင္းႏွင့္ အသုံးဝင္ပုံမ်ား (အခ်ိဳ႕ဆို သိန္းရာခ်ီ အဖိုးတန္ပါတယ္)
“တန္ဖိုးႀကီး ငါးစီေဖါင္းႏွင့္ အသုံးဝင္ပုံမ်ား” ငါးစီေဖါင္းကို အဂၤလိပ္လို Swimbladder (or) Air Bladder (or) Fish Maw ဟု ေခၚဆိုၾကသည္။ ငါးစီေဖာင္းကို ပင္လယ္ပိုင္းေဒသႏွင့္ ဆက္စပ္ေနေသာ ကမ္းရိုးတန္း၊ ျမစ္ဝကၽြန္းေပၚ အစရွိတဲ့ ေနရာေဒသေတြမွာသာ ေတြ႕ရမ်ားပါသည္။ ငါးစီေဖါင္းသည္ အရိုးမာငါးအုပ္စု (Bony Fish) ေတြမွာ အမ်ားစုပါရွိၾကၿပီး စီေဖာင္းအရြယ္အစားႏွင့္ ငါးအမ်ိဳးအစားအလိုက္ တန္ဖိုးႀကီးျမင့္ၾကပါသည္။ ငါးစီေဖာင္းမွန္သမၽွ ေစ်းေကာင္းၿပီး ေဆးဘက္ဝင္ၾကပါသည္။
ငါးစီေဖာင္းမ်ားတြင္ ငါးပုတ္သင္ (croaker) အုပ္စုဝင္ျဖစ္ေသာ ကသမၽွင္ငါးမွရေသာ ကသမၽွင္ငါးစီေဖာင္းမွာ သိန္းရာခ်ီအဖိုးတန္ၿပီး ေဆးဝါးေဖာ္စပ္ရာႏွင့္ အလွကုန္ျပဳလုပ္ရာတြင္ အသုံးျပဳၾကသည္ဟု မွတ္သားရဖူးပါသည္။ ပင္လယ္ေအာက္ေျခတြင္ တြင္းတူးေနထိုင္ေသာငါး၊ အရိုးမာငါးတစ္ခ်ိဳ႕ႏွင့္ အရိုးႏုငါးမ်ားတြင္ ငါးစီေဖါင္းမ်ား မပါရွိၾကပါ။ အရိုးႏုငါး ငါးမန္း၊ ငါးလိပ္ေက်ာက္မ်ားတြင္လည္း ေလစီေဖာင္းမပါရွိၾကဘဲ သူတို႔အသည္းတြင္ရွိေသာ အဆီသိုေလွာင္မႈမွာ ကိုယ္ထည္ေပါ့ပါးကာ ေရအနက္တြင္ ထိန္းညႇိနိုင္ကာေရေပၚ ေပၚေစနိုင္ပါသည္။
သို႔ေသာ္ ငါးအမ်ားစုမွာ ငါးစီေဖာင္းပါရွိျခင္းေၾကာင့္ ေရမ်က္ႏွာျပင္မွ နက္ရွိုင္းေသာ ေရေအာက္လႊာအထိ ကိုယ္ထည္ထိန္းညႇိကာ သြားလာနိုင္ၾကသည္။ Drums and Croakers ဟုအမည္တြင္ေသာ ငါးပုတ္သင္/ငါးပ်က္အုပ္စုဝင္ ငါးမ်ားသည္ ေလစီေဖာင္းမွ အသံထုတ္ကာ မ်ိဳးတူငါးမ်ားအခ်င္းခ်င္း ဆက္သြယ္သြားလာၾကပါသည္။
ငါးစီေဖါင္းသည္ အရိုးမာငါးမ်ားကို ေရေပၚတြင္ေပၚေစရန္အတြက္ ထိန္းခ်ဳပ္ေပးျခင္းကို အဓိကေဆာင္ရြက္ေပးပါသည္။ ထို႔ျပင္ ငါးအမ်ားစုသည္ ေလစီေဖာင္းသြားရမည့္ ေရအတိမ္အနက္ကို ဆုံးျဖတ္ကာ အသံကိုထုတ္လႊတ္ျခင္း၊ အသံကိုျပန္ၾကားေစျခင္းျဖင့္ အၾကားအာ႐ုံႏွင့္ ဆက္ႏြယ္ေပးကာ သြားလိုရာကို ေဆာင္ရြက္ေပးပါသည္။ စီေဖာင္းပါငါးမ်ားတြင္ စီေဖာင္းအရြယ္အစားမွာ ေရခ်ိဳငါးတြင္ ခႏၶာကိုယ္ထည္၏ ၅% ပမာဏရွိၿပီး ေရငန္ငါးတြင္ ၇ % ရွိၾကသည္။ အခ်ိဳ႕ငါးမ်ားတြင္ ၄င္းထက္ ပိုႀကီးၾကပါသည္။
ငါးစီေဖါင္းပါေသာ စားေသာက္ကုန္မ်ားသည္ အသားဓာတ္ (protein) ႂကြယ္ဝစြာ ပါရွိၾကပါသည္။ ငါးစီေဖာင္းကို ေရဒဏ္ေတာင့္တင္းစြာခံနိုင္ေသာ ေကာ္အျဖစ္လည္း အသုံးျပဳလို႔ရပါသည္။ တ႐ုတ္လူမ်ိဳးမ်ားမွာ ငါးစီေဖါင္းကို စြပ္ျပဳတ္အျဖစ္စားသုံးၾကသလို ဟင္းသီးဟင္းရြက္ႏွင့္ေရာကာ စီေဖာင္းႏွပ္၊ စီေဖာင္းေၾကာ္၊ စီေဖာင္းသုပ္ဟူ၍လည္း ျပဳလုပ္စားၾကပါသည္။ ပင္လယ္ပိုင္းေဒသေတြမွာ အလႉအတန္းျပဳလုပ္ပါက ငါးစီေဖါင္းသုပ္ကို ေကၽြးေမြးေလ့ရွိၾကသည္။
ငါးေရာင္၊ ငါးေထြ အစရွိတဲ့ ငါးမ်ိဳးစိတ္ေတြမွရရွိေသာ စီေဖာင္းမ်ားျဖစ္ေသာေၾကာင့္ ငါးစီေဖာင္းသုပ္ကိုစားရာတြင္ စီးစီးပိုင္ပိုင္ရွိၿပီး ဝါးရာ၌ ထုတ္ထုတ္ေလးႏွင့္ အရသာထူးလွေသာ ပင္လယ္စာ ဟင္းလ်ာတစ္မ်ိဳး ျဖစ္ေပသည္။ ငါးေျခာက္လုပ္ဖို႔ ငါးကိုခြဲေသာအခါ ငါးစီေဖါင္းမ်ားကို သီးျခားဖယ္ထားၿပီး ေနလွန္းကာ ေျခာက္ေသြ႕ပါက ႏွစ္ေပါက္ေအာင္ သိမ္းဆည္းစုေဆာင္းထားၿပီးေနာက္ ေစ်းေကာင္းေကာင္းႏွင့္ ျပန္လည္ ေရာင္းခ်ၾကပါသည္။
(ႏွင္းျဖဴျဖဴ)