လောကီစီးပွားအတွက် ငွေဒလဟောဝင်စေဖို့ တစ်ကြောင်းတည်းသာ ရွတ်ရတဲ့ လာဘ်နှိုးဂါထာတော်ကို ရွတ်ဖို့ မမေ့ကြနဲ့နော်
သူတော်ကောင်းအပေါင်းတို့ ဘုရားရှစ်ခိုး၊ ဆွမ်း ပန်း ဆီမီး ရေချမ်းကပ် မေတ္တာပို့ အမျှဝေပြီးမင်္ဂလာရှိတဲ့ နေ့သစ်တနေ့ကို စတင်လိုက်ပါ။ ပြီးရင်တော့ တနေ့တာလုံး ငွေကြေး လာဘ် လာဘများ ရွှင်လန်းစေဖို့ လာဘ်နှိုးဂါထာ၊ လာဘ်ပွင့်ဂါထာများ ရွတ်ဆို ပွားများကြပါ။
မိမိမှာရှိနေတဲ့ လာဘ်တွေ မနိုးဘဲ မပွင့်ဘဲရှိနေရင် လာဘ်နှိုးဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ပေးတာနဲ့ လာဘ်နိုးလာဘ်ပွင့်ပြီး ငွေတွေဒလဟော ဝင်ရောက်စေမှာဖြစ်ပါတယ်။လာဘ် နှိုးဂါထာတော်ကြီးကို အောက်မှာ ဖော်ပြပေး ထားပါတယ်။
လူတိုင်းနီးပါး လာဘ်ပွင့်၊ လာဘ်ရွှင်ဂါထာတို့ ငွေဝင်ဂါထာ တို့ပဲ ရွတ်ဆိုနေကြပြီး လာဘ် ကိုနှိုးပေးဖို့ မေ့နေတတ်ကြပါတယ်။ အဲ့တော့ လာဘ်လာဘ ငွေကြေးတွေက ဝင်သင့်သလောက်မ ဝင်တော့ဘူးပေါ့။
အဲ့တာကြောင့် ဒီလာဘ်နှိုးဂါထာလေးကို တင်ပြပေးလိုက်ပါတယ်။ ရွတ်ဆိုပုံကတော့ ပိုက်ဆံအိတ်၊ ငွေထည့်တဲ့ ခြင်း၊ အံဆွဲတို့ကို ထိကိုင်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီး အောက်ပါအတိုင်း ရွတ်ဆိုပါ။
၁။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို ၃ခေါက် ရွတ်ဆိုပါ။
၂။ သရဏဂုံ ၃ပါးကို တစ်ခေါက်ရွတ် ဆိုပါ။
၃။ ပြီးရင်တော့ အခုပြောတဲ့ လာဘ်နှိုး ဂါထာကို ၂၇ ခေါက်ရွတ်ဆို ရပါမယ်။
(လာဘ်နှိုးဂါထာတော်)
သိဒ္ဓိတေဇာ သိဒ္ဓိဝရာ သိဒ္ဓိဇေယျာ သိဒ္ဓိကမ္မါ သတ္ထုပူဇာ လာဘဝရာ သဗ္ဗေပိယာ ဘဝတုမေ။
ဒါဆို ကိုယ့်အတွက် ကိုယ်ပိုင်ဆိုင်ရမယ့် ကိုယ်ပိုင်ဆိုင်ခွင့်ရှိတဲ့ လာဘ်ကိုနှိုးပြီးပါပြီ။ ပြီးရင်တော့ မိမိနှစ်သက်ရာ (သို့မဟုတ်) မိမိ ရွတ်နေကျ လာဘ်ပွင့်ဂါထာတို့ လာဘ်ခေါ်ဂါထာတို့ ငွေရဂါထာတို့ နှစ်သက်ရာ ထပ်ပြီး ရွတ်ပါ။
နေ့စဉ် မပျက်မကွက်ဆောင်ရွက်ပါ။ (၇) ရက်အတွင်း ထူးခြားသိသာလာပါလိမ့်မယ်။ သတိပြုရမှာက လာဘ်နှိုးပြီးမှ လာဘ်ခေါ်ပါ။ ဒါကြောင့် ပရိသတ်ကြီးတို့လည်း အားလုံး သိအောင်လည်း ပြန် Share ပေးပါနော်။
(Zawgyi)
(လာဘ်နှိုးဂါထာတော်)