အရမ်းကောင်းတဲ့စာလေးမို့ပါ ချို့တဲ့သူကိုထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့် ပြန်ပြီးအကျိုးခံစားရခြင်း

အရမ်းကောင်းတဲ့စာလေးမို့ပါ ချို့တဲ့သူကိုထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့်ပြန်ပြီးအကျိုးခံစားရခြင်း

မဖတ်ရသေးဖတ်ကြည့်နော်အရမ်းကောင်းတဲ့စာလေးမို့ပါချို့တဲ့သူကိုထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့်ပြန်ပြီးအကျိုးခံစားရခြင်း

မဖတ်ရသေးဖတ်ကြည့်နော် အရမ်းကောင်းတဲ့စာလေးမို့ပါချို့တဲ့သူကိုထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့်ပြန်ပြီးအကျိုးခံစားရခြင်းကျောင်းနှင့်

အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်ကထမင်းလာမှာစားတယ်ဆိုင်ရှင်နားကပ်ပြီး

လေသံတိုးတိုးလေးနှင့်ဟိုလေသားကိုထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျသားပိုက်ဆံမလောက်လို့ပါရပါတယ်သားရယ်

ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ငါးပိရည်လည်းထည့်ပေးဖို့မမေ့နဲ့နော်

ယောက်ျားဖြစ်သူကထမင်းအဖြူတစ်ပွဲကို ကောင်လေးထိုင်နေတဲ့ခုံမှာ သွားချပေးလိုက်တယ်ကောင်လေးက သူ့ကိုထပ်မှာတယ်ဟိုလေသားအတွက်

နောက်ထပ်ဟင်းမပါတဲ့ ထမင်းဗလာ တစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျကောင်းလေးခမျာ ပြောသာပြောနေရတယ်သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါရပါတယ်

သားရယ်ဒါနဲ့ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း သားညနေကြရင်စားဖို့ပါ ဦး ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့မျက်လုံးနှင့်ကြည့်ပြီး

အင်!ကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ်အိမ်က မိဘတွေ ကငွေကြေးအခက်ခဲ ရှိပုံရတယ်အမှန်တကယ်တော့သူတို့လင်မယားကလည်း

တစ်နေ့လုပ်တစ်နေ့စားပါဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ…

မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်ကသူတို့လင်မယားမှာရှိပြီးသားပါလေ ဟင်းအိုးမှဟင်းတွေကိုခတ်ပြီးထမင်းများနဲ့သူဖုံးဖိပြီးထည့်နေမိသည်

ဒါကို မိန်းမဖြစ်သူကမြင်တော့ရှင်ဘာလုပ်နေတာလည်းကာင်းလေးအတွက် ထမင်းထည့်ပေးနေတာလေအာ်ရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား

ဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ဘာလဲရှင်ကကျွန်မမြင်မှာ ကြောက်လို့လားကြောက်စရာမဟုတ်တာ ရှင်ကျွန်မလည်း စာနာထောက်ထားတတ်တဲ့မိန်းမသားတယောက်ပါ

ဟာ ဒီမိန်းမဘာတွေလာပြောနေတာလည်း ဒီအတိုင်း ဗြောင်ပေးတော့သူ့ကိုအထင်သေးရာရောက်သွားမှာပေါ့ဟ ပြီးတော့လည်း သူရှက်သွားရင်နောက်ဆို

တို့ဆိုင်ကိုသူဘယ်လိုလုပ်ပြီးလာရဲတော့မလည်း မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီးပီတိဖြစ်မိသည် အမလးငါ့ယောက်ျားကသနားတတ်ရုံတစ်မျိုးတည်းမဟုတ်ပဲ

လူတစ်ယောက်ကိုအဖက္ဖက္ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့ဒီလိုနဲ့ပဲ ကောင်းလေးဟာသူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်..

သူတို့လင်မယားကလည်းတစ်နေ့တစ်မျိုးမရိုးလေအောင်ဟင်းအမျိုးမျိုးကိုထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို

၁ဝနှစ်ကြာမျှတောင်တစ်ခါမှ ရောက်မလာတော့ပါတစ်နေ့တာ့ မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်းလာပြောသောအခါ

လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီး အိမ်မှာထိုင်မိူင်နေကြစဉ် သူတို့နေတဲ့အိမ်နားသို့ကားတစ်စီး ကလာ၍ထိုးရပ်လာသည်လူတေယာက်က ကားပေါ်မှဆင်းပြီး

သူတို့ရှိရာ လျှောက်၍လာသည် ကျွန်တော်ကကုမ္မဏီတစ်ခုရဲ့မန်နေဂျာတစ်ဦးပါခင်ဗျ ကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့ဟင်းကို အရမ်းကြိုက်တဲ့သူတစ်ယောက်ပါ

အဲဒါကြောင့် ကျွန်တော်တို့ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ လင်မယားနှစ်ယောက်အံ့အားသင့်သွားသည် သူတို့ဆိုင်စုတ်စုတ်လေးမှာဘယ်လိုသူဌေးကများလာပြီးစားဖူးပါလိမ့်

ပြီးတော့လည်း သူတို့မှာရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာ ဘယ်လိုမှ မဖြစ်နိုင်လို့သူတို့ငြင်းဆိုခဲ့တယ် အဲဒီအတွက်မပူပါနဲ့ဗျာ…

ကျွန်တော့်သူဌေးက အစစအရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီးချက်ပြုတ်ရုံ သက်သက်ပါ အဲဒီသူဌေးကဘာဖြစ်လို့ သူတို့အပေါ်ဒီလောက်ကောင်းနေရတာလည်း ဆိုတာ သူတို့နားမလည်ခဲ့

နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးကတစ်ချိန်ကသူတို့ဆီကထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့ကျောင်းသားလေးမှန်းသိရတော့သည်…

ဦးနဲ့အဒေါ်သာ ကျွန်တော့်ကိုမကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ်အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ…

လိုတာရှိရင်ပြောပါဘာမှ အားမနာကြပါနဲ့စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်းထားတတ်ရမယ်…

ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ် သူတစ်ပါးကိုကူညီလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ်

ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ…။

Zawgyi













ဒါကို မိန်းမဖြစ်သူကမြင်တော့ရှင်ဘာလုပ်နေတာလည်းကာင်းလေးအတွက် ထမင်းထည့်ပေးနေတာလေအ်ာရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား







လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီး အိမ်မှာထိုင်မိုင်နေကြစဉ် သူတို့နေတဲ့အိမ်နားသို့ကားတစ်စီး ကလာ၍ထိုးရပ်လာသည်လူတေယာက်က ကားပေါ်မှဆင်းပြီး








