အျမင္အာ႐ံုကို မထိခုိက္ေစဖို႔ လုိက္နာလုပ္ေဆာင္သင့္တဲ့ အခ်က္မ်ား

အျမင္အာ႐ံုကို မထိခုိက္ေစဖို႔ လုိက္နာလုပ္ေဆာင္သင့္တဲ့ အခ်က္မ်ား

ဒီကေန႔ေခတ္မွာ ဖုန္းတို႔၊ ကြန္ပ်ဴတာတုိ႔ အသံုးမ်ားၾကတဲ့အတြက္ လူႀကီးေတြမွ မဟုတ္ပဲ လူငယ္ေတြမွာပါ အျမင္အာ႐ံုနဲ႔ဆုိင္တဲ့ ျပသနာေတြ ႀကံဳေတြ႔လာရတတ္ပါတယ္။ ဒီလုိမ်ိဳး ကိုယ့္ရဲ႕မ်က္စိ အျမင္အာ႐ံု ေရ႐ွည္မွာ ေကာင္းမြန္ေနဖုိ႔ဆုိရင္ေတာ့ ဒီအခ်က္ေတြကို လုိက္နာလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္ေနာ္။

(1) အျမင္အာ႐ံု ထိခုိက္ေစမယ့္ အရာေတြေ႐ွာင္ပါ

ဖုန္းအၾကည့္မ်ားတာ၊ ကြန္ပ်ဴတာ အၾကည့္မ်ားတာေတြက မ်က္လံုးကို ထိခုိက္ေစပါတယ္။ ဒီလုိ အက်င့္ဆုိးေတြက ေခါင္းကိုက္တာ၊ မ်က္႐ိုးကိုက္တာနဲ႔ ဇက္ေၾကာတက္တာ စတာေတြ ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ ကိုယ့္မွာ႐ွိတဲ့ အက်င့္ဆုိးကို ေဖ်ာက္ဖုိ႔လုိအပ္ေနၿပီဆုိတာ ေဖာ္ျပေနတာပါပဲ။ ဒီလုိ မၾကာခဏ ေခါင္းကိုက္ေနတတ္တာ ဘာေၾကာင့္လဲဆိုတဲ့ အေၾကာင္းအရင္းကို ႐ွာသင့္ပါတယ္။

(2) အျမင္အာ႐ံု ေကာင္းမြန္ေစတဲ့ အစားအေသာက္ေတြစားပါ

ခႏၶာကိုယ္ အဟာရျပည့္ဝ႐ံုမက အျမင္အာ႐ံု ေကာင္းမြန္ေနဖို႔အတြက္လည္း အစားအစာေတြ စားေပးသင့္ပါတယ္။ မုန္လာဥနီလုိ အျမင္အာ႐ံုကို ေကာင္းေစတဲ့ အစားအစာေတြ၊ vitamin C နဲ႔ vitamin E ျမင့္မားတဲ့ အစားအစာေတြက အျမင္အာ႐ံုကို ေကာင္းမြန္ေစလို႔ စားေပးသင့္ပါတယ္။

(3) ေနေရာင္ျခည္ဒဏ္ကေန ကာကြယ္ပါ

ေနေရာင္ျခည္ဟာလည္း မ်က္လံုးထိခုိက္မႈကို ျဖစ္ေစနုိင္တာေၾကာင့္ အျပင္သြားရင္ ထီး၊ ဦးထုပ္္၊ မ်က္မွန္ စတဲ့ အကာအကြယ္ေတြ ယူေဆာင္သြားသင့္ပါတယ္။ ေနေရာင္ျခည္မွာပါတဲ့ UV ray က မ်က္လံုးအတြင္းမွာ႐ွိတဲ့ မွန္ဘီလူးကို ထိခုိက္ေစၿပီး အျမင္အာ႐ံုကို ပ်က္စီးေစႏိုင္တဲ့ အတြက္ေၾကာင့္ပါ။

(4) Modern accessories ေလးေတြ ထား႐ွိပါ

အလုပ္လုပ္တဲ့အခါမွာ မ်က္လံုးမထိခိုက္ဖို႔ blue light filter glasses ေတြတပ္ၿပီး လုပ္တာ၊ ကိုယ့္ရဲ႕ စားပြဲမွာ အမွတ္တရ ဓာတ္ပံုေလးေတြ၊ ကိုယ္ႏွစ္သက္တဲ့ အရာေလးေတြ ထား႐ွိတာက မ်က္လံုးကို တစ္ခ်ိန္လံုး ကြန္ပ်ဴတာေပၚမွာပဲ စိုက္ၾကည့္မေနမိေအာင္ ကူညီေပးပါတယ္။ ဒါေတြက ကိုယ့္ရဲ႕အျမင္အာ႐ံုကို ေကာင္းမြန္ဖို႔ လုပ္သင့္တဲ့ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။

Khin

Unicode

အမြင်အာရုံကို မထိခိုက်စေဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်များ

ဒီကနေ့ခေတ်မှာ ဖုန်းတို့၊ ကွန်ပျူတာတို့ အသုံးများကြတဲ့အတွက် လူကြီးတွေမှ မဟုတ်ပဲ လူငယ်တွေမှာပါ အမြင်အာရုံနဲ့ဆိုင်တဲ့ ပြသနာတွေ ကြုံတွေ့လာရတတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့မျက်စိ အမြင်အာရုံ ရေရှည်မှာ ကောင်းမွန်နေဖို့ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်နော်။

(1) အမြင်အာရုံ ထိခိုက်စေမယ့် အရာတွေရှောင်ပါ

ဖုန်းအကြည့်များတာ၊ ကွန်ပျူတာ အကြည့်များတာတွေက မျက်လုံးကို ထိခိုက်စေပါတယ်။ ဒီလို အကျင့်ဆိုးတွေက ခေါင်းကိုက်တာ၊ မျက်ရိုးကိုက်တာနဲ့ ဇက်ကြောတက်တာ စတာတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ကိုယ့်မှာရှိတဲ့ အကျင့်ဆိုးကို ဖျောက်ဖို့လိုအပ်နေပြီဆိုတာ ဖော်ပြနေတာပါပဲ။ ဒီလို မကြာခဏ ခေါင်းကိုက်နေတတ်တာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ရှာသင့်ပါတယ်။

(2) အမြင်အာရုံ ကောင်းမွန်စေတဲ့ အစားအသောက်တွေစားပါ

ခန္ဓာကိုယ် အဟာရပြည့်ဝရုံမက အမြင်အာရုံ ကောင်းမွန်နေဖို့အတွက်လည်း အစားအစာတွေ စားပေးသင့်ပါတယ်။ မုန်လာဥနီလို အမြင်အာရုံကို ကောင်းစေတဲ့ အစားအစာတွေ၊ vitamin C နဲ့ vitamin E မြင့်မားတဲ့ အစားအစာတွေက အမြင်အာရုံကို ကောင်းမွန်စေလို့ စားပေးသင့်ပါတယ်။

(3) နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ

နေရောင်ခြည်ဟာလည်း မျက်လုံးထိခိုက်မှုကို ဖြစ်စေနိုင်တာကြောင့် အပြင်သွားရင် ထီး၊ ဦးထုပ်၊ မျက်မှန် စတဲ့ အကာအကွယ်တွေ ယူဆောင်သွားသင့်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ UV ray က မျက်လုံးအတွင်းမှာရှိတဲ့ မှန်ဘီလူးကို ထိခိုက်စေပြီး အမြင်အာရုံကို ပျက်စီးစေနိုင်တဲ့ အတွက်ကြောင့်ပါ။

(4) Modern accessories လေးတွေ ထားရှိပါ

အလုပ်လုပ်တဲ့အခါမှာ မျက်လုံးမထိခိုက်ဖို့ blue light filter glasses တွေတပ်ပြီး လုပ်တာ၊ ကိုယ့်ရဲ့ စားပွဲမှာ အမှတ်တရ ဓာတ်ပုံလေးတွေ၊ ကိုယ်နှစ်သက်တဲ့ အရာလေးတွေ ထားရှိတာက မျက်လုံးကို တစ်ချိန်လုံး ကွန်ပျူတာပေါ်မှာပဲ စိုက်ကြည့်မနေမိအောင် ကူညီပေးပါတယ်။ ဒါတွေက ကိုယ့်ရဲ့အမြင်အာရုံကို ကောင်းမွန်ဖို့ လုပ်သင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

Khin