လာမယ့် ၄၈ နာရီအတွင်း တိုင်းနဲ့ပြည်နယ် (၉) ခုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမည်
ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ အချိန် အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်လိုက်ပါတယ်။
ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၃/၂၀၂၂) အရ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် ရွာသွန်းမယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲရွာသွန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
အထက်ပါ ဒေသမှာ နေထိုင်ကြတဲ့ တောင်သူလယ်သမားကြီးများ ရိတ်သိမ်းခြွေလှေ့ရာမှာ မိုးဖျက်နိုင်သဖြင့် အထူးဂရုပြုကြရန် အသိပေး တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
Zawgyi
လာမယ့္ ၄၈ နာရီအတြင္း တိုင္းနဲ႔ျပည္နယ္ (၉) ခုမွာ အခ်ိန္အခါမဟုတ္ မိုးရြာသြန္းမည္
ဇန္နဝါရီ ၂၀ ရက္ကေန ၂၃ ရက္အတြင္း ရန္ကုန္အပါအဝင္ တိုင္းနဲ႔ျပည္နယ္ ၉ ခုမွာ အခ်ိန္ အခါမဟုတ္ မိုးရြာသြန္းနိုင္တယ္လို႔ မိုး/ဇလက ထုတ္ျပန္လိုက္ပါတယ္။
ယေန႔ ဇန္နဝါရီ ၁၈ ရက္ေန႔ နံနက္ပိုင္း အခ်ိန္အခါမဟုတ္ မိုးရြာသြန္းနိုင္မည့္သတိေပးခ်က္ အမွတ္စဥ္ (၀၃/၂၀၂၂) အရ တ႐ုတ္ျပည္မႀကီးေပၚရွိ ေလဖိအားႀကီးရပ္ဝန္းေဒသမွ ေရြ႕လ်ားလာေသာ ေလေအးမ်ားေတြ႕ဆုံမႈေၾကာင့္ ရြာသြန္းမယ္လို႔ သိရပါတယ္။
ဇန္နဝါရီ ၂၀ ရက္ေန႔မွ ၂၃ ရက္ေန႔အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာနိုင္ပါတယ္လို႔ သိရပါတယ္။
ထို႔အျပင္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲရြာသြန္းနိုင္တယ္လို႔လည္း ဆိုပါတယ္။
အထက္ပါ ေဒသမွာ ေနထိုင္ၾကတဲ့ ေတာင္သူလယ္သမားႀကီးမ်ား ရိတ္သိမ္းေႁခြေလွ႕ရာမွာ မိုးဖ်က္နိုင္သျဖင့္ အထူးဂ႐ုျပဳၾကရန္ အသိေပး တိုက္တြန္းလိုက္ရပါတယ္ ခင္ဗ်ာ။