လူတိုင်း လွယ်လွယ်လေးတွက်ကြည့်လို့ရတဲ့ သင့် မွေးသက္ကရာဇ် နောက်ကွယ်ကလျှို့ဝှက်ချက်များ
ကိုယ်မွေးတဲ့ ရက်၊လ၊နှစ်တွေက ကိုယ့်အရည်အသွေးနဲ့စိတ်နေစိတ်ထားကို ပြောပြနေပါတယ်။
မွေးသက္ကရာဇ်က ပြောတဲ့အသံတွေကို တစ်ခါလောက် နားစွင့်ကြည့်ရအောင်။
တွက်နည်းက လွယ်ပါတယ်။ မွေးနေ့၊ မွေးလ၊ မွေးနှစ်ကို ဂဏန်းတစ်ခုတည်းရအောင် ပေါင်းရမှာပါ။ ဥပမာအနေနဲ့ ပြပါမယ်။
မတ် ၂၀ ၁၉၅၀
၃+၂၀+၁၉၅၀ = ယ၁၉၇၃
၁+၉+၇+၃ = ၂၀
၂+ဝ= ၂
သည်တော့ ၂ ကို သွားကြည့်ရမှာပါ။
အခု ဖွင့်ဆိုရှင်းလင်းချက်တွေကို ကြည့်ရအောင်။
၁ ဂဏန်းသမား မူလရင်းမြစ်
၂ ဂဏန်းသမား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
၃ ဂဏန်းသမား ပျော်ရွှင်မြူးထူးတဲ့သူ
၄ ဂဏန်းသမား ရှေးရိုးစဉ်လာသမား
၅ ဂဏန်းသမား ရွေ့လျားနေတတ်သူ
၆ ဂဏန်းသမား ရိုမန်တစ်ဖြစ်တဲ့သူ
၇ ဂဏန်းသမား စူးစမ်းသူ
၈ ဂဏန်းသမား ပြသနာရှင်းတတ်သူ
၉ ဂဏန်းသမား အနုပညာရှင်
၁ မူလရင်းမြစ်
၁ တွေဟာ အခြေခံကျတဲ့သူတွေ ဖြစ်တယ်။ သူတို့ဆီက အိုင်ဒီယာအသစ်တွေ အမြဲထွက်လာလေ့ရှိတယ်။
ခေါင်းလည်းမာကြတယ်။ သိပ်လည်းရိုးသားတယ်။ လိုချင်တာရှိရင် ရအောင် ညှိနှိုင်းနိုင်ကြတယ်။ ကိစ္စတစ်ခုကို ဦးဆောင်ဖို့ ဝန်မလေးဘူး။
ခေါင်းဆောင်လည်း ဖြစ်တတ်ကြတယ်။ သတိထားရမှာက သူများရဲ့စိတ်ကူးကလည်း သူ့နေရာနဲ့သူကောင်းတယ်ဆိုတာပါပဲ။ နာမည်ကြီး ၁ ဂဏန်းသမားတွေ – တွမ်ဟန့်၊ ကာရိုးဘားနက်၊ နန်စီရေဂင်
၂ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
၂ တွေဟာ သံတမန်ဖြစ်ဖို့ မွေးလာသူတွေပါ။ တခြားသူတွေရဲ့ လိုအပ်ချက်၊ ခံစားချက်တွေကို သူတို့သိတယ်။ သူတပါးကို ဦးစားပေးစဉ်းစားတတ်တယ်။
သူတို့ဟာ တစ်ယောက်တည်းမနေချင်ကြဘူး။ ပေါင်းသင်းဆက်ဆံရေးနဲ့ သူငယ်ချင်းတွေဟာ သူတို့အတွက် သိပ်အရေးကြီးပြီး သည်ဆက်ဆံရေးကြောင့် ဘဝမှာ အောင်မြင်ကြတယ်။
ဒါပေမယ့် ဆက်ဆံရေးမပြေလည်တာထက်စာရင် တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်တာလည်း သူတို့ပါပဲ။
ပင်ကိုအားဖြင့် ရှက်တတ်သူတွေဖြစ်တာကြောင့် ကိုယ့်အကြောင်းကိုယ်ထုတ်ပြောတတ်ဖို့၊ သိုဝှက်မထားဖို့ လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၂ တွေ- ဘီလ်ကလင်တန်၊ မက်ဒေါနား၊ သောမတ်စ်အယ်ဒီဆင်၊ မိုးဇက်
၃ ပျော်ရွှင်မြူးထူးတဲ့သူ
၃ တွေဟာ စိတ်ကူးဉာဏ်ရင့်သန်သူတွေဖြစ်တယ်။ တီထွင်ဆန်းသစ်နိုင်စွမ်း သိပ်ကောင်းတယ်။ ဆိုရှယ်ကျတယ်။
ချစ်စရာကောင်းတယ်။ ပေါင်းလို့သင်းလို့ကောင်းတယ်။ တခြားသူတွေကို ပျော်ရွှင်စေချင်တဲ့ဆန္ဒရှိပြီး ပျော်အောင်လည်း စွမ်းဆောင်ပေးနိုင်တယ်။
သူတို့ဟာ ပေါ်ပြူလာလည်းဖြစ်၊ စိတ်ကူးယဉ်လည်း ဆန်ကြတယ်။ ကမ္ဘာကြီးကို ပိုမိုလက်တွေ့ဆန်တဲ့ အမြင်နဲ့ မြင်တတ်ဖို့ သူတို့လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၃ တွေ – ဂျိုဒီဖော်စတာ၊ အန်းလန်ဒါ
၄ ရှေးရိုးစဉ်လာသမား
၄တွေဟာ ရိုးရာဓလေ့ကို နှစ်သက်တယ်။ အစီအစဉ်အတိုင်း ပုံမှန်လှုပ်ရှားရတာကို ကြိုက်တယ်။
ခိုင်းတာကို ရှင်းရှင်းလင်းလင်း နားလည်တဲ့အခါမှ သူတို့က လှုပ်ရှား တတ်ကြတယ်။ လုပ်ရင်လည်း စိတ်ပါလက်ပါ၊ အားကြိုးမာန်တက်လုပ်ကြတယ်။
သူတို့ဟာ ပြင်ပလောကကိုစိတ်ဝင်စားပြီး သဘာဝနဲ့ ဆက်စပ်မှုရှိတယ်။ စောင့်ဆိုင်းဖို့ စိတ်ရှည်တယ်။ ခေါင်းလည်းမာတယ်။
သူတို့အနေနဲ့ အရာရာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီး ကိုယ့်ကိုယ်ကိုညှာတာဖို့ လေ့လာသင်ယူ သင့်တယ်။
ထင်ရှားတဲ့ ၄တွေ – အာနိုး ရှဝါဇန်နဂ္ဂါ၊ မာဂရက် သက်ချာ၊ အိုပရာဝင်းဖရီး
၅ ရွေ့လျားနေတတ်သူ
၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ သဘာဝအရ စပ်စုတဲ့စိတ်၊ လာမယ့်ဘေး ပြေးတွေ့တဲ့စိတ်နဲ့ စိတ်အားထက်သန်မှုကြောင့် မကြာခဏဒုက္ခကြုံရတယ်။
သူတို့ဟာ ကွဲပြားခြားနားမှုကိုလိုလားပြီး ရေသေအိုင်မှာ ဝပ်မနေချင်ဘူး။ တစ်ကမ္ဘာလုံးက သူတို့ကျောင်းပဲ။
ဘယ်အခြေအနေမှာရောက်ရောက် လေ့လာသင်ယူနိုင်စွမ်းလည်းရှိကြတယ်။ မေးခွန်းတွေကိုလည်း အဆက်မပြတ် မေးတတ်ကြတယ်။
သည်တော့ တစ်ခုခုဆို ထင်ရာမစိုင်းဖို့အတွက် ဆုံးဖြတ်ချက်မချခင် အရာရာကို စေ့စေ့စပ်စပ်လေ့လာသင့်တယ်။
ထင်ရှားတဲ့ ၅ တွေက အေဘရာဟမ်လင်ကွန်း၊ ဗင်းဆင့်ဗင်ဂိုး၊ ဟယ်လင်ကယ်လာ
၆ ရိုမန်တစ်ဖြစ်တဲ့သူ
၆ တွေဟာ စိတ်ကူးကောင်းပြီး သူတို့ဟာ အသုံးကျတဲ့လူလို့ခံစားရမှ နေပျော်တဲ့ သူတွေဖြစ်တယ်။
မိသားစုနဲ့ ချစ်ကြည် နွေးထွေးမှုဟာ သူတို့အတွက် သိပ်အရေးကြီးတယ်။ သူတို့ဟာ သူတပါးကိုကူညီဖို့၊ ဂရုစိုက်ဖို့ စိတ်လိုလက်ရရှိကြတယ်။
သိပ်ပြီးသစ္စာရှိသလို ဆရာကောင်းတွေလည်း ဖြစ်တတ်ကြတယ်။ သူတို့က အနုပညာ၊ ဂီတကို နှစ်သက်တယ်။ သူတို့မှာ ခင်မင်ရင်းနှီးမှုကို အထူးတလည် တန်ဖိုးထားတဲ့ သူငယ်ချင်းကောင်းတွေရှိတယ်။
၆ ဂဏန်းသမားတွေ လေ့လာသင့်တာက သူတို့ပြောင်းလဲရင် ဒါမှမဟုတ် မပြောင်းလဲဘဲ ထားရင် ဖြစ်ပေါ်လာမယ့် ကွဲပြားခြားနားမှုတွေကို လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၆ တွေ – အဲလ်ဘတ် အိုင်းစတိုင်း၊ ဂျွန်ဒန်ဗာ၊ ခရစ်စတိုဖာ ကိုလံဘတ်
၇ စူးစမ်းသူ
၇ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ နောက်ကွယ်က သတင်းအချက်အလက်တွေကို အမြဲဖော်ထုတ်နေပြီး အပေါ်ယံတန်ဖိုးအတိုင်း လက်ခံဖို့ ခက်ခဲကြတယ်။
ခံစားချက်ကြောင့် ဆုံးဖြတ်ချက် မယိမ်းယိုင်ဘူး။ ဘဝမှာ အရာရာကို မေးခွန်းထုတ်တတ်ပြီး သူတို့ကိုယ် သူတို့ မေးခွန်း ထုတ်ရမှာ ကိုတော့ မကြိုက်ဘူး။
ဘယ်အရာကိုမှ အလျင်စလိုမလုပ်ဘူး။ သူတို့ရဲ့ဆောင်ပုဒ်က ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံပါ။ သူတို့ဟာ အတွေးအခေါ်ပညာရှင်တစ်ယောက်လို ဘဝကိုဖြတ်သန်းပြီး အသိပညာ ကြွယ်ဝ တတ်ပေမယ့် တခါတလေ အထီးကျန် ဆန်ကြတယ်။
သူတို့ဟာ လျှို့ဝှက်ချက်တွေကို နှစ်သက်တယ်။ ကိုယ်ပိုင်ကမ္ဘာငယ်လေးမှာ နေထိုင်သူတွေဖြစ်တာကြောင့် လောကကြီးက ဘာကိုလက်ခံနိုင်တယ်၊ ဘာကိုလက်မခံနိုင်ဘူး ဆိုတာ လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ရတွေ ဝီလျံရှိတ်စပီးယား၊ မိုက်ကယ်ဂျက်ဆင်၊ ဒိုင်ယာနာမင်းသမီး
၈ ပြသနာရှင်းတတ်သူ
၈ တွေဟာ ပြသနာဖြေရှင်းသူတွေဖြစ်တယ်။ ပညာရှင်ဆန်တယ်၊ ဘွင်းဘွင်းနဲ့ထိရောက်အောင် ပြောတယ်၊ ဆုံးဖြတ်ချက်မှန်တယ်၊ပြတ်သားတယ်။
သူတို့မှာ မဟာစီမံကိန်းတွေ ရှိတတ်တယ်။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားရတာ ကိုလည်း ကြိုက်တယ်။ လူတွေကို ကြီးကြပ်ကွပ်ကဲ တတ်တယ်။
သူတို့က လူတွေကို ယထာဘူတ ကျကျပဲ မြင်တယ်။ သူတို့သာ အကြီးအကဲ ဖြစ်ကြောင်း လည်း ပြတ်ပြတ်သားသား ဖော်ပြတတ်တယ်။
၈ တွေအဖို့ သူတပါး လိုအပ်ချက်ကိုသိအောင် ကြိုးစားသင့်ပါတယ်။
ထင်ရှားတဲ့ ၈ တွေ – ဂျိန်းဖောင်ဒါ၊ ပါဘလိုပီကာဆို၊ အာရစ်သာ ဖရန်ကလင်း
၉ အနုပညာရှင်
၉ တွေဟာ မွေးရာပါ အနုပညာရှင်တွေဖြစ်တယ်။ ဂရုစိုက်တတ်တယ်၊ ရက်ရောတယ်၊ နောက်ဆုံး လက်ကျန်ပိုက်ဆံလေးကိုတောင် အကူအညီ တောင်းလာရင်ရက်ရက်ရောရောပေးတတ်တယ်။
သူတို့ရဲ့ချစ်စရာကောင်းမှုကြောင့် သူတို့ဟာ သူငယ်ချင်းဖွဲ့ရာမှာ အခက်အခဲမရှိဘူး။ သူတို့နဲ့ တစိမ်းဆိုတာလည်း မရှိဘူး။
သူတို့မှာ ကိုယ်ရည် ကိုယ်သွေးအမျိုးမျိုးရှိတဲ့အတွက် ဘေးနားက သူတွေတောင် သူတို့ကို နားလည်ရခက်ကြတယ်။
သူတို့ဟာ ကံလည်း ကောင်းကြပေမယ့်အတက်ကြမ်း၊ အကျကြမ်းပြီး စိတ်ထောင်း ကိုယ်ကြေဖြစ်တတ်တယ်။
အောင်မြင်မှုရဖို့ဆိုရင် သူတို့အနေနဲ့ အခြေခံကောင်းကောင်းတစ်ခု တည်ဆောက်ထားဖို့လိုတယ်။ထင်ရှားတဲ့ ၉ တွေ- ဟယ်ရီဆင်ဖို့ဒ်၊ ဂျင်မီကာတာ၊ အဲလ်ဗစ် ပရက်စလေ
crd