သစ်တို့၏ဘုရင် သစ်မင်း၏အစွမ်းထက်ပုံ

သစ်တို့၏ဘုရင် သစ်မင်း၏ အစွမ်းထက်ပုံ

သစ်တို့ရဲ့ဘုရင်မို့ ရရှိသူတွေ သိမ်းဆည်းကြပါတယ်။ တောတောင်ကြီးတွေမှာသာ ပေါက်တတ်ပြီး မကောင်းတဲ့ သစ်ဆိုး၊ သစ်တောက် သစ်မျက်များနဲ့ သစ်ဘီလူး သစ်စုန်းတွေကို နိုင်တယ် ဆိုတာကို ယုံလို့ ဆောင်ထားတတ်ကြပါတယ်။ အချို့လည်း အိမ်မှာ စိုက်ပျိုးကြပါတယ်။

ဆေးအသုံးအဖြစ် ဗိုက်အောင့် ဗိုက်နာ လေထိုး လေအောင့် ဖြစ်ပါက နနွင်းမှုန့်၊ ဆား၊ သစ်မင်းခေါက်ကို သွေးလိမ်းပေးပါက သက်သာ ပျောက်ကင်းပါသည်။ အချို့ အနာ ပြည်တည် ရောင်ရမ်းနေပါက သစ်မင်းရွက်ကို ထုချေပြီး အုံခြင်း ပြုပါက အမြန်ပင် ပြည်ထွက်ပြီး အသားနုတက်ပါသည်။

 

သစ်မင်း ဘယ်လို အသုံးပြုတာလဲ ဆိုတာကို မဟာမြိုင်တော၊ ပလ္လင်တောင်က ဘရသေ ရှင်ပညာဒီပကို မေးလျှောက်မိတော့.. ဒကာတဲ့ ဒုတ္ထာရေထဲ ဆားအနည်းငယ် ထည့်ပြီး သစ်မင်းကို ၁ နာရီ စိမ်ပြီးမှ သုံးရင် ပိုအစွမ်းထက်တယ်လို့ မိန့်ပါတယ်။ ဒုတ္ထာရေနဲ့ စိမ်ပြီးတဲ့ သစ်မင်းကို ကျောက်ပျဉ်မှာ ရေကျဲကျဲနဲ့ များများလေး သွေးပြီး သစ်နဲ့ ပတ်သက်တဲ့ လူအသုံးအဆောင်၊ အိမ်၊ အဆောက်အဦး တွေကို မကြာခဏ ပက်ဖျန်းခြင်း ပြုကြတယ် ဆိုတာကို မိန့်ပါတယ်။ ယုံသူတို့ လိုသလို ဆောင်ရွက်နိုင်စေဖို့ မေတ္တာရည်ကာ တင်ပြလိုက်ပါတယ်။

ဂုဏ်တော် (၉)ပါး ရွတ်ပြီး သွေးပါက ပိုစွမ်းပါကြောင်း။ မနောမယဂျာနယ်မှာ သစ်တို့အရှင် သစ်မင်းသခင် စာမူရေးခဲ့ပြီး ဖြစ်ပါတယ်.. ရဲမျိုးသူ ဗောဓိမြိုင် သစ်‌ဆိုး ဝါးဆိုး‌တွေကို နိုင်‌နှင်းတယ်‌လို့ ဆိုပါတယ်‌။ အိမ်‌‌တွေမှာ သစ်‌ဆိုတာ မပါမဖြစ်‌ပါ။ သစ်‌ဝါး‌တွေဆိုတာကလည်း ‌တောမှာ‌ ပေါက်‌ကြတယ်‌။ အချို့သစ်‌ဝါး‌တွေက အန္တရာယ်‌ ဖြစ်‌‌စေတတ်‌တဲ့ ကမ္မစိဒ္ဓိရှင်‌‌တွေရဲ့ အရိပ်‌အ‌ငွေ့‌တွေ ပါလာတတ်‌ကြပါတယ်‌။ အဲလို သစ်‌ဝါးမျိုးနဲ့ ‌ဆောက်‌မိရင်‌ အဲဒီအိမ်‌မှာ‌ နေကြသူများအတွက်‌ မ‌ကောင်းတော့ပါဘူး။

ပြဿနာဖြစ်‌တာ များလာပါတယ်‌။ သတိပြုမိရင်‌ ညည‌ တောက်‌‌ခေါက်‌သံလိုမျိုး ကြားရတတ်‌ပါတယ်‌။ ဒါက တကယ်‌ပါ။ လက်‌သမား‌တွေ သိကြပါတယ်‌။ ကဲ ဒီအခါ ဘယ်‌သစ်‌ဝါးက မ‌ကောင်းဆိုးဝါးသ‌ဘော ပါ‌နေတာလဲ။ ဘယ်‌လိုသိမလဲ။ သစ်‌‌ခြောက်‌လို့လည်း ခေါ်တယ်‌‌။ အဲလို‌ တောက်‌ခေါက်‌တဲ့ သစ်‌ဝါးဆိုရင်‌‌လေ။ ဘယ်‌‌နေရာမှာ သုံးမိမှန်း မသိ‌တော့ ဘယ်‌လို ဖယ်‌မလဲ။ ‌နေရာသိရင်‌‌တောင်‌ ပရိ‌ဘောဂကို ဖျက်‌ဆီးပြီး အသစ်‌လုပ်‌ရမှာ‌နော်‌။ အဲလိုဆို ကုန်‌ကျစားရိတ်‌‌တွေ များ‌တော့မယ်‌။

အသစ်‌လုပ်‌ရင်‌‌တောင်‌ သစ်‌ဝါးအပိုင်းတင်‌ မပြီးဘူး ။ တိုက်‌‌တွေဆိုရင်‌ ပန်းရံကိစ္စ‌တွေ ဒက်‌ခ‌ရေးရှင်းအပိုင်းတွေထိ ပြန်‌ကုန်‌ရ‌တော့မယ်‌။ သစ်‌‌ခြောက်‌ကို နိုင်‌တာ အခုပုံပါ သစ်‌မင်းပါပဲ။ ‌တောက်‌‌ခေါက်‌သံ ကြားရတဲ့‌ နေရာမှာ သစ်‌မင်းကို သပ်‌သ‌ဘောမျိုး ရိုက်‌လိုက်‌ရင်‌ ပြီးပါတယ်‌။ အကယ်‌လို့ ‌သေချာချင်‌ရင်‌ ‌တောက်‌‌ခေါက်‌သံ ကြားကြား မကြားကြား အိမ်‌ရဲ့ ‌လေးဖက်‌‌လေးတန်‌မှာ သစ်‌မင်း အသားစ‌လေး‌တွေကို သပ်‌ရိုက်‌ခဲ့ရင်‌ ရပါတယ်‌။ ‌တောက်‌‌ခေါက်‌သံဆိုလို့ လူ‌ တောက်‌‌ခေါက်‌သလိုမျိုး မဟုတ်‌ဘူး‌နော်‌။

အိမ်‌‌မြောင်‌စုတ်‌ထိုးသလိုမျိုး သ‌ဘောဆင်‌ပါတယ်‌။ သစ်‌မင်းက အ‌ခေါက်‌ပိုင်းမှာ ပုံပါအတိုင်း ကွင်းချိတ်‌က‌လေး‌တွေ ဆက်‌‌နေပါတယ်‌။ ဒါ‌တွေက ဘုရား‌ဟော မဟုတ်‌ပါဘူး။ ဘုရား‌ဟောမဟုတ်‌လို့ ငါတို့‌တော့ ပယ်‌မယ်‌ ဆိုသူ‌တွေ အတွက်‌က‌တော့ ရှင်းပြဖို့ မရှိပါဘူး။ သို့‌သော်‌ ဘုရား‌ဟော မဟုတ်‌လို့ ပယ်‌ပြီး‌တော့ ‌လောကီနယ်‌အတွင်းမှာ‌ နေကြသူ‌တွေ အဖို့ရာ အလွန်‌တရာမှ အန္တရာယ် များလှပါတယ်‌။

 

ဘာဖြစ်‌လို့လဲဆို‌တော့ သစ်‌‌ခြောက်‌မှာ အစွဲရှိ‌နေတဲ့ ကမ္မစိဒ္ဓိရှင်‌က မ‌ကောင်းရာ မ‌ကောင်းကြောင်းလုပ်‌ဖို့ အိမ်‌ရှင်‌‌နေရာကို တကယ့်အိမ်‌ရှင် ‌မ‌နေ‌သေးခင်‌ကတည်းက ဦးသွားလို့ပါပဲ။ တစ်‌ခု‌တော့ ရှိတာ‌ပေါ့။ အခြားသမာဓိ အား‌ကောင်းသူ သမထသမားဖြစ်‌‌စေ၊ သမထ မလုပ်‌‌သော်‌လည်း ဝိပဿနာသ‌ဘော အသိအား‌ကောင်းသူ တရားရှင်‌ ဖြစ်‌‌စေ‌ပေါ့။ ထိုသူ တစ်‌ဦးတစ်‌‌ယောက်‌ရဲ့ အရှိန်‌အဝါ‌ကြောင့်လည်း သစ်‌‌ခြောက်‌မှာ စွဲ‌နေတဲ့ ကမ္မစိဒ္ဓိသ‌ဘောကို ဖျက်‌စီးနိုင်‌ပါတယ်‌။ ဒါမျိုးကလည်း ကြုံဦးမှ‌လေ။

သေချာတာက‌တော့ ‌တောက်‌‌ခေါက်‌သံ ကြားကြား မကြားကြား သစ်‌မင်းကို အိမ်‌သစ်‌ အိမ်‌‌ဟောင်းမ‌ရွေး ညှပ်‌ထည့်ပေးလိုက်‌ရင်‌ ရပါပြီ။ ဒါ့အပြင် သစ်‌မင်းဟာ ပ‌ယောဂဖြစ်‌သူကို ဖြစ်‌တဲ့‌နေရာမှာ ထိ‌တွေ့ထားရင်‌ ကာယကံရှင်‌ဟာ သိတတ်‌သူဆိုရင်‌ ခန္ဓာကိုယ်‌က‌နေ စူးကနဲ စူးကနဲနဲ့ ကမ္မစိဒ္ဓိစက်‌‌တွေ အ‌နှေးနဲ့အမြန်‌ ထွက်‌တာကို သိပါလိမ့်မယ်‌။ ဒါက‌တော့ ကျွန်‌‌တော်‌ စမ်းကြည့်ဖူးတာကို‌ ပြောပြတာပါ။ ဖြစ်‌တဲ့‌နေရာ မသိရင်‌ ဦး‌ခေါင်းနဲ့ ဝမ်းဗိုက်‌‌ပေါ် တင်‌ပါတယ်‌။

Zawgyi

သစ္တို႔၏ဘုရင္ သစ္မင္း၏ အစြမ္းထက္ပုံ

သစ္တို႔ရဲ႕ဘုရင္မို႔ ရရွိသူေတြ သိမ္းဆည္းၾကပါတယ္။ ေတာေတာင္ႀကီးေတြမွာသာ ေပါက္တတ္ၿပီး မေကာင္းတဲ့ သစ္ဆိုး၊ သစ္ေတာက္ သစ္မ်က္မ်ားနဲ႔ သစ္ဘီလူး သစ္စုန္းေတြကို ႏိုင္တယ္ ဆိုတာကို ယုံလို႔ ေဆာင္ထားတတ္ၾကပါတယ္။ အခ်ိဳ႕လည္း အိမ္မွာ စိုက္ပ်ိဳးၾကပါတယ္။

ေဆးအသုံးအျဖစ္ ဗိုက္ေအာင့္ ဗိုက္နာ ေလထိုး ေလေအာင့္ ျဖစ္ပါက နႏြင္းမႈန႔္၊ ဆား၊ သစ္မင္းေခါက္ကို ေသြးလိမ္းေပးပါက သက္သာ ေပ်ာက္ကင္းပါသည္။ အခ်ိဳ႕ အနာ ျပည္တည္ ေရာင္ရမ္းေနပါက သစ္မင္း႐ြက္ကို ထုေခ်ၿပီး အုံျခင္း ျပဳပါက အျမန္ပင္ ျပည္ထြက္ၿပီး အသားႏုတက္ပါသည္။

သစ္မင္း ဘယ္လို အသုံးျပဳတာလဲ ဆိုတာကို မဟာၿမိဳင္ေတာ၊ ပလႅင္ေတာင္က ဘရေသ ရွင္ပညာဒီပကို ေမးေလွ်ာက္မိေတာ့.. ဒကာတဲ့ ဒုတၳာေရထဲ ဆားအနည္းငယ္ ထည့္ၿပီး သစ္မင္းကို ၁ နာရီ စိမ္ၿပီးမွ သုံးရင္ ပိုအစြမ္းထက္တယ္လို႔ မိန႔္ပါတယ္။ ဒုတၳာေရနဲ႔ စိမ္ၿပီးတဲ့ သစ္မင္းကို ေက်ာက္ပ်ဥ္မွာ ေရက်ဲက်ဲနဲ႔ မ်ားမ်ားေလး ေသြးၿပီး သစ္နဲ႔ ပတ္သက္တဲ့ လူအသုံးအေဆာင္၊ အိမ္၊ အေဆာက္အဦး ေတြကို မၾကာခဏ ပက္ဖ်န္းျခင္း ျပဳၾကတယ္ ဆိုတာကို မိန႔္ပါတယ္။ ယုံသူတို႔ လိုသလို ေဆာင္႐ြက္ႏိုင္ေစဖို႔ ေမတၱာရည္ကာ တင္ျပလိုက္ပါတယ္။

ဂုဏ္ေတာ္ (၉)ပါး ႐ြတ္ၿပီး ေသြးပါက ပိုစြမ္းပါေၾကာင္း။ မေနာမယဂ်ာနယ္မွာ သစ္တို႔အရွင္ သစ္မင္းသခင္ စာမူေရးခဲ့ၿပီး ျဖစ္ပါတယ္.. ရဲမ်ိဳးသူ ေဗာဓိၿမိဳင္ သစ္‌ဆိုး ဝါးဆိုး‌ေတြကို ႏိုင္‌ႏွင္းတယ္‌လို႔ ဆိုပါတယ္‌။ အိမ္‌‌ေတြမွာ သစ္‌ဆိုတာ မပါမျဖစ္‌ပါ။ သစ္‌ဝါး‌ေတြဆိုတာကလည္း ‌ေတာမွာ‌ ေပါက္‌ၾကတယ္‌။ အခ်ိဳ႕သစ္‌ဝါး‌ေတြက အႏၲရာယ္‌ ျဖစ္‌‌ေစတတ္‌တဲ့ ကမၼစိဒၶိရွင္‌‌ေတြရဲ႕ အရိပ္‌အ‌ေငြ႕‌ေတြ ပါလာတတ္‌ၾကပါတယ္‌။ အဲလို သစ္‌ဝါးမ်ိဳးနဲ႔ ‌ေဆာက္‌မိရင္‌ အဲဒီအိမ္‌မွာ‌ ေနၾကသူမ်ားအတြက္‌ မ‌ေကာင္းေတာ့ပါဘူး။

ျပႆနာျဖစ္‌တာ မ်ားလာပါတယ္‌။ သတိျပဳမိရင္‌ ညည‌ ေတာက္‌‌ေခါက္‌သံလိုမ်ိဳး ၾကားရတတ္‌ပါတယ္‌။ ဒါက တကယ္‌ပါ။ လက္‌သမား‌ေတြ သိၾကပါတယ္‌။ ကဲ ဒီအခါ ဘယ္‌သစ္‌ဝါးက မ‌ေကာင္းဆိုးဝါးသ‌ေဘာ ပါ‌ေနတာလဲ။ ဘယ္‌လိုသိမလဲ။ သစ္‌‌ေျခာက္‌လို႔လည္း ေခၚတယ္‌‌။ အဲလို‌ ေတာက္‌ေခါက္‌တဲ့ သစ္‌ဝါးဆိုရင္‌‌ေလ။ ဘယ္‌‌ေနရာမွာ သုံးမိမွန္း မသိ‌ေတာ့ ဘယ္‌လို ဖယ္‌မလဲ။ ‌ေနရာသိရင္‌‌ေတာင္‌ ပရိ‌ေဘာဂကို ဖ်က္‌ဆီးၿပီး အသစ္‌လုပ္‌ရမွာ‌ေနာ္‌။ အဲလိုဆို ကုန္‌က်စားရိတ္‌‌ေတြ မ်ား‌ေတာ့မယ္‌။

အသစ္‌လုပ္‌ရင္‌‌ေတာင္‌ သစ္‌ဝါးအပိုင္းတင္‌ မၿပီးဘူး ။ တိုက္‌‌ေတြဆိုရင္‌ ပန္းရံကိစၥ‌ေတြ ဒက္‌ခ‌ေရးရွင္းအပိုင္းေတြထိ ျပန္‌ကုန္‌ရ‌ေတာ့မယ္‌။ သစ္‌‌ေျခာက္‌ကို ႏိုင္‌တာ အခုပုံပါ သစ္‌မင္းပါပဲ။ ‌ေတာက္‌‌ေခါက္‌သံ ၾကားရတဲ့‌ ေနရာမွာ သစ္‌မင္းကို သပ္‌သ‌ေဘာမ်ိဳး ႐ိုက္‌လိုက္‌ရင္‌ ၿပီးပါတယ္‌။ အကယ္‌လို႔ ‌ေသခ်ာခ်င္‌ရင္‌ ‌ေတာက္‌‌ေခါက္‌သံ ၾကားၾကား မၾကားၾကား အိမ္‌ရဲ႕ ‌ေလးဖက္‌‌ေလးတန္‌မွာ သစ္‌မင္း အသားစ‌ေလး‌ေတြကို သပ္‌႐ိုက္‌ခဲ့ရင္‌ ရပါတယ္‌။ ‌ေတာက္‌‌ေခါက္‌သံဆိုလို႔ လူ‌ ေတာက္‌‌ေခါက္‌သလိုမ်ိဳး မဟုတ္‌ဘူး‌ေနာ္‌။

အိမ္‌‌ေျမာင္‌စုတ္‌ထိုးသလိုမ်ိဳး သ‌ေဘာဆင္‌ပါတယ္‌။ သစ္‌မင္းက အ‌ေခါက္‌ပိုင္းမွာ ပုံပါအတိုင္း ကြင္းခ်ိတ္‌က‌ေလး‌ေတြ ဆက္‌‌ေနပါတယ္‌။ ဒါ‌ေတြက ဘုရား‌ေဟာ မဟုတ္‌ပါဘူး။ ဘုရား‌ေဟာမဟုတ္‌လို႔ ငါတို႔‌ေတာ့ ပယ္‌မယ္‌ ဆိုသူ‌ေတြ အတြက္‌က‌ေတာ့ ရွင္းျပဖို႔ မရွိပါဘူး။ သို႔‌ေသာ္‌ ဘုရား‌ေဟာ မဟုတ္‌လို႔ ပယ္‌ၿပီး‌ေတာ့ ‌ေလာကီနယ္‌အတြင္းမွာ‌ ေနၾကသူ‌ေတြ အဖို႔ရာ အလြန္‌တရာမွ အႏၲရာယ္ မ်ားလွပါတယ္‌။

ဘာျဖစ္‌လို႔လဲဆို‌ေတာ့ သစ္‌‌ေျခာက္‌မွာ အစြဲရွိ‌ေနတဲ့ ကမၼစိဒၶိရွင္‌က မ‌ေကာင္းရာ မ‌ေကာင္းေၾကာင္းလုပ္‌ဖို႔ အိမ္‌ရွင္‌‌ေနရာကို တကယ့္အိမ္‌ရွင္ ‌မ‌ေန‌ေသးခင္‌ကတည္းက ဦးသြားလို႔ပါပဲ။ တစ္‌ခု‌ေတာ့ ရွိတာ‌ေပါ့။ အျခားသမာဓိ အား‌ေကာင္းသူ သမထသမားျဖစ္‌‌ေစ၊ သမထ မလုပ္‌‌ေသာ္‌လည္း ဝိပႆနာသ‌ေဘာ အသိအား‌ေကာင္းသူ တရားရွင္‌ ျဖစ္‌‌ေစ‌ေပါ့။ ထိုသူ တစ္‌ဦးတစ္‌‌ေယာက္‌ရဲ႕ အရွိန္‌အဝါ‌ေၾကာင့္လည္း သစ္‌‌ေျခာက္‌မွာ စြဲ‌ေနတဲ့ ကမၼစိဒၶိသ‌ေဘာကို ဖ်က္‌စီးႏိုင္‌ပါတယ္‌။ ဒါမ်ိဳးကလည္း ႀကဳံဦးမွ‌ေလ။

ေသခ်ာတာက‌ေတာ့ ‌ေတာက္‌‌ေခါက္‌သံ ၾကားၾကား မၾကားၾကား သစ္‌မင္းကို အိမ္‌သစ္‌ အိမ္‌‌ေဟာင္းမ‌ေ႐ြး ညႇပ္‌ထည့္ေပးလိုက္‌ရင္‌ ရပါၿပီ။ ဒါ့အျပင္ သစ္‌မင္းဟာ ပ‌ေယာဂျဖစ္‌သူကို ျဖစ္‌တဲ့‌ေနရာမွာ ထိ‌ေတြ႕ထားရင္‌ ကာယကံရွင္‌ဟာ သိတတ္‌သူဆိုရင္‌ ခႏၶာကိုယ္‌က‌ေန စူးကနဲ စူးကနဲနဲ႔ ကမၼစိဒၶိစက္‌‌ေတြ အ‌ေႏွးနဲ႔အျမန္‌ ထြက္‌တာကို သိပါလိမ့္မယ္‌။ ဒါက‌ေတာ့ ကြၽန္‌‌ေတာ္‌ စမ္းၾကည့္ဖူးတာကို‌ ေျပာျပတာပါ။ ျဖစ္‌တဲ့‌ေနရာ မသိရင္‌ ဦး‌ေခါင္းနဲ႔ ဝမ္းဗိုက္‌‌ေပၚ တင္‌ပါတယ္‌။